နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
အရည်အသွေးမမှီ ဆောက်လုပ်တဲ့ အင်ဂျင်နီယာ တွေကို အရေးယူမည်

အရည်အသွေးမမှီတဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတဲ့ အင်ဂျင်နီယာ တွေကို အဂတိလိုက်စားသူတွေကို တည်ဆဲဥပဒေနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အရေးယူတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို မေသင်္ကြန်ပေးပို့ ထားပါတယ်။ DVB TV – 20.01.2016

MPT 2G စနစ် အလိုမရှိ 3G စနစ် ရရှိရေး မင်းကင်းမြို့မှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။ MPT 2G အလိုမရှိ၊ ရှေ့သို့လှမ်းချီ ဘေနှုတ်သည်၊ နောက်သို့ပြန်ကြည့် တိုင်မရှိ ဆိုတဲ့ ပိုစတာ ကြွေးကြော်သံတွနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဒေသခံ လူအင်အား ၁၀၀ ၀န်းကျင်က လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ လက်ရှိကာလ မင်းကင်းမြို့ MPT မိုဘိုင်း ဆက်သွယ်မှုတွေအနေနဲ့ မြို့တွင်း အချင်းချင်း ဆက်သွယ်မှု ခက်ခဲတာ နယ်ခြားသို့အထွက် Call သာ ရရှိပြီး အဝင် Call ခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းဒေသ MPT မိုဘိုင်းဖုန်းလိုင်းကို ပြီးခဲ့တဲ့ …Read more »

BRT အမြန်ယာဉ်လိုင်း ကို ဇန်န၀ါရီ ဒုတိယပတ်မှာ စတင်ပြေးဆွဲသွားမယ်

ငွေကျပ်ဘီလီယံ တစ်ရာအထိ သုံးစွဲသွားမယ့် ရန်ကုန်မြို့တွင်း BRT အမြန်ယာဉ်လိုင်း ကို ဇန်န၀ါရီ ဒုတိယပတ်မှာ စတင်ပြေးဆွဲသွားမယ်လို့ BRT ယာဉ်လိုင်း အများပိုင် ကုမ္ပဏီလိမိတက် ဥက္ကဌ ဒေါက်တာမောင်အောင်က ပြောဆိုလိုက်ပါတယ်။ ဇေယျာချမ်းအေး သတင်းပေးပို့ထားပါတယ်။ DVB TV – 24.12.2015

တယ်လီနော့ တာဝါတိုင် စိုက်ထူမှု ရပ်ကွက်နေပြည်သူများ ကန့်ကွက်

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်မှာ တယ်လီနော့ တာဝါတိုင် စိုက်ထူတာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး – သားကြီး (ပဲခူး) DVB TV – 22.12.2015

သစ်သားထည်ထက် ဈေးနှုန်းကြီးပေမယ့် စတီးပစ္စည်းတွေ ပိုမိုသုံးလာ

သစ်သားထည်ထက် ဈေးနှုန်းကြီးပေမယ့် ဆန်းသစ်မှုတွေကြောင့် အိမ်အလှဆင်နဲ့ အိမ်သုံးပစ္စည်းတွေမှာ စတီးပစ္စည်းတွေ ပိုမိုသုံးလာတာ တွေ့ရှိရပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး – အောင်ကိုလတ် DVB TV – 10.12.2015

ရန်ကုန် စတော့အိပ်ချိန်း မှာ ရှယ်ယာရောင်းနိုင်မည့် ကုမ္ပဏီကြီး ၆ ခုကို ရွေး

ဒီဇင်ဘာလ ၉ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး ရန်ကုန် စတော့အိပ်ချိန်း ဈေးကွက် မှာ အစုရှယ်ယာတွေကို ၀င်ရောက်ရောင်းချနိုင်ဖို့အတွက် အများပိုင် ကုမ္ပဏီကြီး ၆ခု ကို ရွေးချယ်ထားပါတယ်။ ဦးသိုက်ဇင်က သတင်းပေးပို့ထားပါတယ်။ DVB TV – 09.12.2015

ဒစ်ဂျစ်တယ် ဘဝထဲက ဒစ်ဂျစ်တယ် အန္တရာယ်များ ဆွေးနွေး

နည်းပညာတွေ တလွဲအသုံးချပြီး အချက်အလက်တွေကို ငွေအဖြစ် ပြောင်းလဲလို့ရလာတဲ့အပေါ် ဒစ်ဂျစ်တယ် ဘဝထဲက ဒစ်ဂျစ်တယ် အန္တရာယ်များ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခု ပြုလုပ်သွားခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်လေးလေးမွန် ပေးပို့ထားပါတယ်။ DVB TV – 09.12.2015

နှီးနဲ့လုပ်တဲ့ ယွန်းထည် လက်မှုလုပ်ငန်းလုပ်ကိုင်သူ နည်းပါး လာ

မန္တလေးတိုင်းဒေသကြီးထဲက အင်းဝမြို့မှာ ရှေးအစဉ်အဆက်လုပ်ငန်းဖြစ်တဲ့ မြန်မာ့ရိုးရာ နှီးနဲ့လုပ်တဲ့ ယွန်းထည် လက်မှုလုပ်ငန်းလုပ်ကိုင်သူ နည်းပါး လာနေတဲ့ သတင်းကို ဒေါ်ခင်မင်းဇော် ပေးပို့ထားပါတယ်။ ရိုက်ကူး ငြိမ်းမိုးနောင် DVB TV – 25.11.2015

မိုဘိုင်းဖုန်း နဲ့ ငွေလွှဲ ငွေပေးချေစနစ်ကို ဗဟိုဘဏ်က ခွင့်ပြုတော့မည်

မိုဘိုင်းဖုန်း နဲ့ ငွေလွှဲ/ငွေပေးချေနိုင်တဲ့ Mobile Payment စနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။ DVB TV – 23.11.2015