နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
MPT 2G စနစ် အလိုမရှိ 3G စနစ် ရရှိရေး မင်းကင်းမြို့မှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။ MPT 2G အလိုမရှိ၊ ရှေ့သို့လှမ်းချီ ဘေနှုတ်သည်၊ နောက်သို့ပြန်ကြည့် တိုင်မရှိ ဆိုတဲ့ ပိုစတာ ကြွေးကြော်သံတွနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဒေသခံ လူအင်အား ၁၀၀ ၀န်းကျင်က လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ လက်ရှိကာလ မင်းကင်းမြို့ MPT မိုဘိုင်း ဆက်သွယ်မှုတွေအနေနဲ့ မြို့တွင်း အချင်းချင်း ဆက်သွယ်မှု ခက်ခဲတာ နယ်ခြားသို့အထွက် Call သာ ရရှိပြီး အဝင် Call ခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းဒေသ MPT မိုဘိုင်းဖုန်းလိုင်းကို ပြီးခဲ့တဲ့ …Read more »

မြန်မာ့မြစ်ကြောင်း စီမံခန့်ခွဲရေးလုပ်ငန်းတွေ တရုတ်နိုင်ငံကူညီ လုပ်ဆောင်ဖို့ သဘောတူညီ

မြန်မာ့မြစ်ကြောင်း စီမံခန့်ခွဲရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံကကူညီ လုပ်ဆောင်ဖို့ နှစ်နိုင်ငံ သဘောတူညီထားတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။ အောင်ဆန်းဦးက သတင်းပေးပို့ထားပါတယ်။ DVB TV – 06.09.2016

အိုင်ဖုန်း 6S နဲ့ 6S plus တွေ Apple မိတ်ဆက်

နာမည်ကျော်နည်းပညာပစ္စည်းထုတ် ကုမ္ပဏီ Apple က နောက်ဆုံးထုတ်လိုက်တဲ့ 6S နဲ့ 6S plus အိုင်ဖုန်း iPhone တွေကို ဗုဒ္ဓဟူးနေ့မှာအသစ် မိတ်ဆက်လာပါတယ်၊ အခု တခေါက်ထုတ်လိုက်တဲ့ ဖုန်းမှာ 3D touch နည်းပညာကို ထည့်သွင်းထားပါတယ်၊ ဖုန်း အသုံးပြုတဲ့အခါ ဖုန်း မျက်နှာပြင် ဖန်သား ကို အဖိအဖော့ အတိုင်းအဆအပေါ်မူတည်ပြီးတော့ တုံ့ပြန်တဲ့ display နည်းပညာကို အသုံးပြုထားပါတယ်။ DVB TV – 10.09.2015

မိုဘိုင်း အပလီကေးရှင်း တီထွင်သူတွေ ယှဉ်ပြိုင်ဖို့အခွင့်အလမ်းတွေ နည်းပါး

ပြည်တွင်းက မိုဘိုင်း အပလီကေးရှင်း တီထွင်သူတွေအနေနဲ့ နိုင်ငံတကာကုမ္မဏီတွေက မြန်မာဈေးကွက်ကို အသိအမှတ်မပြုတဲ့အတွက် ယှဉ်ပြိုင်ဖို့အခွင့်အလမ်းတွေနည်းပါးနေပါတယ်။ ဦးထွန်းထွန်းသိန်း သတင်းပေးပို့ထားပါတယ်။ DVB TV – 03.03.2016

၂ နှစ်အတွင်း ကျေးရွာပေါင်း ၅၀၈၀ ရွာကို လျှပ်စစ်မီး ရအောင်လုပ်မယ် ပြော

၂ နှစ်အတွင်း ကျေးရွာပေါင်း ၅၀၈၀ ရွာကို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ ။ ဒီသတင်းကိုတော့ အောင်ကိုကိုလတ် ပေးပို့ထားပါတယ်။ DVB TV – 20.05.2016

DVB TV – မြန်မာနိုင်ငံကတောင်သူတွေအနေနဲ့အော်ဂဲနစ်နည်းပညာကိုသိရှိမှုအားနည်း

DVB TV – မြန်မာနိုင်ငံကတောင်သူတွေအနေနဲ့အော်ဂဲနစ်နည်းပညာကိုသိရှိမှုအားနည်းတာကြောင့်အစိုးရအနေနဲ့တောင်သူတွေကိုအော်ဂဲနစ်သွင်းအားစုတွေပံ့ပိုးဖို့လိုအပ်တယ်လို့စိုက်ပျိုးရေးပညာရှင်တွေကပြောကြားလိုက်ပါတယ်။ရန်နိုင်ဇော်ဝင်းသတင်းပေးပို့ထားပါတယ်။

မြန်မာ့ကော်ဖီကို နိုင်ငံတကာ တင်ပို့ ရောင်းချရန် ပြင်ဆင်

မြန်မာနိုင်ငံရဲ့ကော်ဖီဈေးကွက်ကိုအရည်အသွေးမြင့်တင်ပြီးနိုင်ငံတကာကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားဖို.မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းကပြင်ဆင်နေပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ ရိုက်ကူး၊တည်းဖြတ်-ခိုင်ပန်းနု

လူထုတွေ အသိပညာမြင့်မားစေဖို့ နယူးနီတိ စမတ်ဖုန်း အပလီကေးရှင်း ဖြန့်ဝေနေ

ကယားပြည်နယ် လူထုတွေ အသိပညာမြင့်မားစေဖို့ ရည်ရွယ်ပြီး One World အဖွဲ့က smart phone တွေမှာ အသုံးပြုနိုင်တဲ့ နယူးနီတိ application တစ်ခုကိုဖြန့်ဝေလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး ခွန်းတူးတူးလေး DVB TV – 12.11.2015

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ကမ္ဘာတပတ်ပြည့်လို့ UAE နိုင်ငံပြန်ရောက်

မြန်မာနိုင်ငံကို တထောက်နားပြီး ကမ္ဘာပတ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ကမ္ဘာတပတ်ပြည့်လို့ UAE အာရပ်စော်ဘွားများ နိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ သတင်းကို ခွန်ဘသာက တင်ဆက်ထားပါတယ်။