နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
မူပိုင်ခွင့် လူပိုသိအောင် ကမ္ဘာ့အသိညဏ်ပစ္စည်းနေ့ ကျင်းပမည်

မူပိုင်ခွင့်နဲ့ပတ်သက်ပြီး အများပြည်သူတွေ ပိုမိုသိရှိလာအောင် ကမ္ဘာ့ အသိညဏ်ပစ္စည်းနေ့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးဆောင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို ခိုင်ပန်းနုပေးပို့ထားပါတယ်။ DVB TV – 07.04.2015

အစားထိုး အသစ်သွင်း ဘတ်စ်ကား ၄၀၀ ကျော် CNG တိုးမြှင့် တပ်ဆင်ခွင့် ပေးမည်

အစားထိုးနဲ့  အသစ်တင်သွင်းလာတဲ့ စီးတီးဘတ်စ်၊ မီနီဘတ်စ် စီးရေ ၄၄၀ နီးပါးကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီးCNG တိုးမြှင့် တပ်ဆင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။ DVB TV – 14.09.2015

ယာဉ်ထိန်းရဲ အင်အားနည်းပါးမှုကြောင့် အဝေးထိန်းမီးပွိုင့်စနစ် ပိုမိုအဆင်ပြေနိုင်

ယာဉ်ထိန်းရဲ အင်အားနည်းပါးမှုနဲ့ အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်တာတွေကြောင့် မကြာခင်တပ်ဆင်တော့မယ့် အဝေးထိန်းမီးပွိုင့်စနစ်က ပိုမိုအဆင်ပြေနိုင်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ DVB TV – 09.03.2016

့DVB TV – ကုန်ပစ္စည်းတွေကိုနိုင်ငံတကာနဲ့အပြိုင်အဆိုင်ရောင်းချဖို့အတွက်ထုတ်ပိုးမှုနည်းပညာ

DVB TV – မြန်မာနိုင်ငံမှထွက်ရှိတဲ့ကုန်ပစ္စည်းတွေကိုနိုင်ငံတကာနဲ့အပြိုင်အဆိုင်ရောင်းချဖို့အတွက်ထုတ်ပိုးမှုနည်းပညာလိုအပ်နေသေးတယ်လို့မြန်မာနိုင်ငံအစားအစာသိပ္ပံနှင့်နည်းပညာအသင်းကပြောပါတယ်။နွယ်နီသတင်းပေးပို့ထားပါတယ်။

နည်းပညာကြောင့် BRT လမ်းစနစ် ပြုလုပ်ရန် ကြန့်ကြာ

နည်းပညာအခက်အခဲကြောင့် ရန်ကုန်မြို့မှာ BRT လမ်းစနစ်ပြုလုပ်နိုင်ဖို့ ကြန့်ကြာနေတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ ဦးထွန်းထွန်းသိန်း သတင်းပေးပို့ထားပါတယ်။ DVB TV – 17.06.2015

မိုးပျံကျောပိုးစက် ပြင်ဦးလွင် မီးပုံးပျံပွဲမှာ ပျံသန်းဖျော်ဖြေမည်

နိုဝင်ဘာလ ကုန်ပိုင်းမှာ ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲမှာ မိုးပျံကျောပိုးစက် ၂ စီးနဲ့ ပျံသန်းဖျော်ဖြေဖို့ ရှိပါတယ်။ အဲဒီ မိုးပျံစက်ကို ပြင်ဦးလွင်မြို့မှာနေတဲ့ ကိုဖိုးလုံးက ဆိုင်ကယ်အင်ဂျင်နဲ့ လေထီးကို ဆက်စပ်ပြုလုပ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက ပျံသန်းဖို့ စိတ်ဝင်စားခဲ့တဲ့ ကိုဖိုးလုံးဟာ လက်ရှိမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်နေပြီး ၂၀၁၁ ခုနှစ်မှာ အခု မိုးပျံစက်ကို စဆောက်ခဲ့တာပါ။ ၂ နှစ်လောက် ကြိုးစားပြီးတဲ့နောက်မှာတော့ လေထဲမှာပျံနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။ သူ့ရဲ့ မိုးပျံစက်ကို ယာမာဟာ ဆိုင်ကယ် အင်ဂျင်သုံးထားပြီး လေထဲကို ပျံသန်းနိုင်ဖို့ အတွက်ကတော့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်လို့ ပြောပါတယ်။ ကိုဖိုးလုံးဟာ သူ့ရဲ့ ကျောပိုးမိုးပျံစက်နဲ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲမှာ ပျံသန်း ဆင်းသက်ပြခဲ့ဖူးပါတယ်။ …Read more »

လျှပ်စစ်ကဏ္ဍနဲ့ လုပ်ငန်းကျွမ်းကျင် သင်တန်းအောင်လက်မှတ်

လျှပ်စစ်ကဏ္ဍနဲ့ ပတ်သတ်ပြီး အာဆီယံ (၄)နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းကျွမ်းကျင် သင်တန်းအောင်လက်မှတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီသတင်း ကိုတော့ အောင်ကိုကိုလတ်ပေးပို့ထားတာပါ။

DVB TV – အများပိုင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲဖို့အတွက် ပူးပေါင်းဖို့အခက်ခဲရှိလို့ကြန့်ကြာ

DVB TV – အများပိုင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲဖို့အတွက် ယာဉ်ပိုင်ရှင်တွေဘက်က အဆင်သင့် ဖြစ်နေပေမယ့် ယာဉ်လိုင်းတွေကို ပူးပေါင်းဖို့ အခက်အခဲတွေ ရှိနေလို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ကျော်ဇေယျ သတင်းပေးပို့တာပါ။