နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
သဘာဝစိုက်ပျိုးမွေးမြူနည်းပညာ ဂျပန်မှ ပံ့ပိုးမည်

အ်ာဂဲနစ်နည်းပညာ အပါအဝင် သဘာဝစိုက်ပျိုးမွေးမြူတဲ့နည်းပညာတွေ ပံ့ပိုးကူညီဖို့ အတွက် ဘက်စုံစိုက်ပျိုးမွေးမြူရေးအသင်းနဲ့  ဂျပန်နိုင်ငံ က (INFRC)အဖွဲ့တို့  နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။

အဆောက်အဦတွေရဲ့ စံချိန်စစ်ဆေးတဲ့ ကော်မတီဖွဲ့မည်

တိုက်တာ အဆောက်အဦတွေကို စံချိန်မှီ မမှီ အရည်အသွေး စစ်ဆေးဖို့ အတွက် အရည်အသွေး စစ်ဆေးကြီးကြပ်ရေးကော်မတီ ဖွဲ့သွားမယ်လို့ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ပြောဆို လိုက်ပါတယ်။ လင်းဆက်အောင် သတင်း ပေးပို့ထားပါတယ်။ DVB TV – 21.08.2015

အဆောက်အဦတွေ တဖက် ၃ ပေစီ ချန်ပြီး ဆောက်လုပ်ရမည်

ရန်ကုန်မြို့တွင်း ၆ မြို့နယ် ပြင်ပမှာ တည်ဆောက်မယ့် အဆောက်အဦတွေ အနေနဲ့ တဖက် ၃ ပေစီ ချန်ပြီး ဆောက်လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဦးအာကာ သတင်းပေးပို့ထားပါတယ်။ DVB TV – 20.08.2015

မန္တလေးအိုင်တီအလုပ်အကိုင်ဆိုင်ရာဟောပြောပွဲ

မန္တလေးတိုင်းကွန်ပျုတာပညာရှင်အသင်းက ကြီးမှုးပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ကျောင်းသားကျောင်းသူတွေအတွက် မန္တလေးမြို့မှာ အိုင်တီအလုပ်အကိုင်ဆိုင်ရာဟောပြောပွဲတခုပြုလုပ်ခဲ့ပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး ငြိမ်းမိုးနောင်

သဘာဝဆိုးဆေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အသေးစားစက်မှု လက်မှုတွင် သင်တန်းပေး

ကချင်ပြည်နယ်မှာရှိတဲ့ အခြေခံပညာအထက်တန်းအဆင့်ရှိသူများကို သဘာဝဆိုးဆေးနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်း ပညာကို မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ လက်တွေ့သင်တန်းပေးနေတဲ့သတင်းကို ဒေါ်သင်းသင်းနွယ်ပေးပို့ထားပါတယ်။

အွန်လိုင်းလူမှု ကွန်ယက်မှ ဈေးရောင်းစနစ်ကို ဘဏ်များနဲ့ ငွေပေးချေမှု ချိတ်ဆက်မည်

အွန်လိုင်းလူမူကွန်ယက်ကနေ ဈေးအရောင်းဝယ်လုပ်နေတဲ့ စနစ်တွေကို ဘဏ်တွေနဲ့ ငွေပေးချေတဲ့စနစ်စတင်လုပ်ဆောင်တော့မယ်လို့  အွန်လိုင်းဈေးအရောင်းအ၀ယ်လုပ်ကိုင်နေသူတွေကပြောပါတယ် ။ အိမမမွန် သတင်းပေးပို့ ထားပါတယ်

Microsoft ကနေ Window 10 ကို စတင်ဖြန့်ချီ

ကမ္ဘာ့အကြီးဆုံး Software ကုမ္ဗဏီကြီးတခုဖြစ်တဲ့ Microsoft ကုမ္ဗဏီက နောက်ဆုံးထုတ်လိုက်တဲ့ Window 10 ကို ဗုဒ္ဓဟူးနေ့က အခမဲ့စတင်ဖြန့်ချီလိုက်ပါပြီ။ Microsoft ရဲ့ လက်ရှိစီအီးအို နာဒယ်လာNadella က ဒီအသစ်ထုတ်တဲ့ Windows 10 ဟာ ကိုယ်ပိုင်သုံးကွန်ပြူတာလောကကို တခေတ်ဆန်းစေမယ်လို့ ချိုးကျူးပြောဆိုထား ပါတယ်။ လက်ရှိ Microsoft Windows တွေသုံးစွဲနေတဲ့ ကွန်ပြူတာတွေအားလုံး Windows 10 ကို အခမဲ့ upgrade လုပ်နိုင်ပြီး ဇူလိုင် ၂၉ ရက်နေ့ နောက်ပိုင်းဝယ်ယူတဲ့ ကွန်ပြူတာအသစ်တွေထဲမှာလည်း ဒီ Windows 10 ကို အခမဲ့ထည့်ထားပေးမှာပါ။ ဒီလုပ်ဆောင်ချက်ကိုကြည့်ရင် Microsoft ဟာ Operating System ကို အဓိကထုတ်လုပ်ရောင်းချတဲ့၊ အဲ့ဒီကနေ အဓိက၀င်ငွေရတဲ့ Software …Read more »

MPT အင်တာနက်သုံးစွဲသူများ Line ကို အခမဲ့ ဒေတာ အသုံးပြုနိုင်မည်

ဂျပန်နဲ့ ထိုင်းမှာ လူသုံးများနေတဲ့ Line Application ကို မြန်မာ့ဆက်သွယ်ရေး MPT ရဲ့အင်တာနက်သုံးစွဲသူတွေ အခမဲ့ဒေတာ ရယူအသုံးပြုနိုင်တော့မှာပါ။ဒီသတင်းကို မေသင်္ကြန်ပေးပို့ထားပါတယ်။ DVB TV – 29.07.2015

အွန်လိုင်း ဈေးရောင်းမှုတွေမှာ မသမာ တာတွေရှိလာနေ

အွန်လိုင်းကနေကုန်ပစ္စည်းရောင်းချရာမှာ မသမာတာတွေရှိလာတာကြောင့် ၀ယ်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်နေပါ တယ်။ ဦးညီငယ်ကပေး ပို့ထားပါတယ်။ရိုက်ကူး-အောင်ကျော်