နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
လူငယ်တွေ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ အထောက်အကူပြု Mobile App ပျံ့နှံ့

ဆယ်ကျော်သက်အရွယ် ကျောင်သားလူငယ်တွေ ဖန်တီးဖြန့်ဝေထားပြီး ရွေးကောက်ပွဲ ဆိုင်ရာ အထောက်အကူပြု အချက်အလက်တွေကို အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်တဲ့ mVoter 2015 မိုဘိုင်း အပလီကေးရှင်း ( mobile app ) အွန်လိုင်း သုံးစွဲသူတွေကြား ပျံ့နှံ့လာနေပါတယ်။ ဒီမိုဘိုင်းအပလီကးရှင်းမှာ ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးတဲ့သူတွေ အထူးသဖြင့် လူငယ်မဲဆန္ဒရှင်တွေ အတွက် အထောက်အကူပြုနိုင်အောင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ၊ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းတွေနဲ့ ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးရမလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ မိုဘိုင်းအပလီးကေးရှင်းကို Team Pop Stack ဆိုတဲ့ လူငယ်အဖွဲ့က မိတ်ဆက်ထားတာပါ။ အောက်တိုဘာ ၄ ရက်နေ့ကစလို့ ဂူဂယ်လ် ပလေးစတိုးလို အွန်လိုင်းကနေ အခမဲ့ …Read more »

ရွေးကောက်ပွဲ အထောက်အကူပြု မိုဘိုင်းဖုန်း အပလီကေးရှင်း ဖြန့်ဝေ

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အထောက်အကူပြုမယ့် မိုဘိုင်းဖုန်း အပလီကေးရှင်း တခုကို မြန်မာလူငယ်အဖွဲ့က ဖန်တီးဖြန့်ဝေ လိုက်ပါတယ်။ ဦးထွန်းထွန်းသိန်း တင်ဆက်ထားပါတယ်။ DVB TV – 09.10.2015

အစားထိုး အသစ်သွင်း ဘတ်စ်ကား ၄၀၀ ကျော် CNG တိုးမြှင့် တပ်ဆင်ခွင့် ပေးမည်

အစားထိုးနဲ့  အသစ်တင်သွင်းလာတဲ့ စီးတီးဘတ်စ်၊ မီနီဘတ်စ် စီးရေ ၄၄၀ နီးပါးကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီးCNG တိုးမြှင့် တပ်ဆင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။ DVB TV – 14.09.2015

အစိုးရနဲ့ ဖေ့စ်ဘွတ် ပေါင်းပြီး ရွေးကောက်ပွဲရာသီတွင်း အကောင့်တွေကို ရှင်းထုတ်သွားမည်ဟုဆို

အစိုးရနဲ့ ဖေ့စ်ဘွတ် တို့ပူးပေါင်းပြီး ရွေးကောက်ပွဲရာသီအတွင်း ဖေ့စ်ဘွတ်ခ်ကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သူတွေ၊ အမုန်းစကားပြောဆိုတဲ့ အကောင့်တွေကို ရှင်းထုတ်သွားမယ်လို့ သမ္မတရုံးက ပြောပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။

အိုင်ဖုန်း 6S နဲ့ 6S plus တွေ Apple မိတ်ဆက်

နာမည်ကျော်နည်းပညာပစ္စည်းထုတ် ကုမ္ပဏီ Apple က နောက်ဆုံးထုတ်လိုက်တဲ့ 6S နဲ့ 6S plus အိုင်ဖုန်း iPhone တွေကို ဗုဒ္ဓဟူးနေ့မှာအသစ် မိတ်ဆက်လာပါတယ်၊ အခု တခေါက်ထုတ်လိုက်တဲ့ ဖုန်းမှာ 3D touch နည်းပညာကို ထည့်သွင်းထားပါတယ်၊ ဖုန်း အသုံးပြုတဲ့အခါ ဖုန်း မျက်နှာပြင် ဖန်သား ကို အဖိအဖော့ အတိုင်းအဆအပေါ်မူတည်ပြီးတော့ တုံ့ပြန်တဲ့ display နည်းပညာကို အသုံးပြုထားပါတယ်။ DVB TV – 10.09.2015

မိုဘိုင်းဖုန်း သုံးစွဲမှုကို အထက်တန်းကျောင်းတွေမှာ ကန့်သတ်

မုံရွာမြို့က အထက်တန်းကျောင်းတွေမှာ ကျောင်းသားတွေကို မိုဘိုင်းဖုန်း သုံးစွဲမှု ကန့်သတ်လိုက်တဲ့ သတင်းကို ဒေါ်ခင်မင်းဇော်က ပေးပို့ထားပါတယ်။ ရိုက်ကူး – မိုးမင်းဦး DVB TV – 02.09.2015

ရွေးကောက်ပွဲ နီးလာချိန် အင်တာနက် ကနေ သတင်းမှားတွေ ဖြန့်ချီလာနိုင်

ရွေးကောက်ပွဲနီးလာချိန်မှာ အင်တာနက် အွန်လိုင်းကနေ သတင်းမှားတွေ ဖြန့်ချိလာနိုင်တဲ့အတွက် သုံးစွဲသူတွေကိုယ်တိုင် နည်းပညာ အသိရှိဖို့လိုအပ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ထားတာပါ။ DVB TV – 01.09.2015

ကျးလက်ဒေသမီးလင်းရေး ကမ္ဘာဘဏ်မှ ငွေချေးပြီး ဆောင်ရွက်မည်

ကျေးလက်ဒေသမီးလင်းရေးအတွက် ကမ္ဘာဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၉၀ ချေးငွေရယူပြီး ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဦးထွန်းထွန်းသိန်း သတင်းပေးပို့ထားပါတယ်။

ရေမြှုပ်သွားတဲ့ ငါးပုဇွန်ကန်တွေ ကို မြန်မာ့ငါးလုပ်ငန်းမှ အကူအညီပေးမည်

မြန်မာတစ်နိုင်ငံလုံးက ရေကြီးနစ်မြုပ်သွားတဲ့ ငါးပုဇွန်ကန်တွေကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်က သားပေါက် ကူညီပေးသွားမှာဖြစ်ပါတယ်။ ဦးအာကာ သတင်းပေးပို့ ထားပါတယ်။