နည်းပညာ

နည်းပညာဆိုင်ရာ သတင်း

Latest
Most Viewed
Most Commented
မိုးပျံကျောပိုးစက် ပြင်ဦးလွင် မီးပုံးပျံပွဲမှာ ပျံသန်းဖျော်ဖြေမည်

နိုဝင်ဘာလ ကုန်ပိုင်းမှာ ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲမှာ မိုးပျံကျောပိုးစက် ၂ စီးနဲ့ ပျံသန်းဖျော်ဖြေဖို့ ရှိပါတယ်။ အဲဒီ မိုးပျံစက်ကို ပြင်ဦးလွင်မြို့မှာနေတဲ့ ကိုဖိုးလုံးက ဆိုင်ကယ်အင်ဂျင်နဲ့ လေထီးကို ဆက်စပ်ပြုလုပ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက ပျံသန်းဖို့ စိတ်ဝင်စားခဲ့တဲ့ ကိုဖိုးလုံးဟာ လက်ရှိမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်နေပြီး ၂၀၁၁ ခုနှစ်မှာ အခု မိုးပျံစက်ကို စဆောက်ခဲ့တာပါ။ ၂ နှစ်လောက် ကြိုးစားပြီးတဲ့နောက်မှာတော့ လေထဲမှာပျံနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။ သူ့ရဲ့ မိုးပျံစက်ကို ယာမာဟာ ဆိုင်ကယ် အင်ဂျင်သုံးထားပြီး လေထဲကို ပျံသန်းနိုင်ဖို့ အတွက်ကတော့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်လို့ ပြောပါတယ်။ ကိုဖိုးလုံးဟာ သူ့ရဲ့ ကျောပိုးမိုးပျံစက်နဲ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲမှာ ပျံသန်း ဆင်းသက်ပြခဲ့ဖူးပါတယ်။ …Read more »

တယ်လီနော ဖုန်းတိုင်တချို့ လွိုင်ကော် ဒေသခံတွေ ကန့်ကွက်

ကယားပြည်နယ် လွိုင်ကော်မြို့က တယ်လီနော ဖုန်းတိုင်တချို့ ဒေသခံတွေရဲ့ ကန့်ကွက်တာ ခံနေရတဲ့ သတင်းကို ခွန်ဘသာက တင်ဆက်ထားပါတယ်။ ရိုက်ကူး – ခွန်းတူးတူးလေး DVB TV – 16.11.2015

လူထုတွေ အသိပညာမြင့်မားစေဖို့ နယူးနီတိ စမတ်ဖုန်း အပလီကေးရှင်း ဖြန့်ဝေနေ

ကယားပြည်နယ် လူထုတွေ အသိပညာမြင့်မားစေဖို့ ရည်ရွယ်ပြီး One World အဖွဲ့က smart phone တွေမှာ အသုံးပြုနိုင်တဲ့ နယူးနီတိ application တစ်ခုကိုဖြန့်ဝေလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး ခွန်းတူးတူးလေး DVB TV – 12.11.2015

အာနန္ဒာစေတီတော်ကြီးအတွင်းမှ နံရံဆေးရေးပန်းချီများကိုပြန်လည် ဖော်ထုတ်ပြီး စေတီတော်ကို မွန်းမံမည်

ပုဂံမြို့က အာနန္ဒာစေတီတော်ကြီးအတွင်းမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို ပြန်လည်ဖေါ်ထုတ်ပြီး စေတီတော်ကြီး မွမ်းမံပြင်ဆင်ရေးတွေကို ပြုလုပ်နေကြပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ငြိမ်းမိုးနောင်

မဲစာရင်းကို Excel နှင့် ထုတ်ပြန်သွားမည်

နိုဝင်ဘာ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်မယ့် ဧရာဝတီတိုင်းက မဲစာရင်းကို အခြေခံမဲစာရင်းကောက်ယူစဉ်ကအသုံး ပြုခဲ့တဲ့ Excleနဲ့ဘဲ ထုတ်ပြန်မယ်လို့ ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်များကပြောပါ တယ်။ ဒီသတင်းကို ဦးအောင်သူကပေးပို့ထားပါတယ်ခ

မြန်မာ့ပထမဆုံးမီနီကား မန္တလေးမှ လူငယ်များစုပေါင်း စမ်းသပ် ထုတ်လုပ်

မန္တလေးမြို့က လူငယ်လေးတွေစုပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး မီနီကားကို စတင်စမ်းသပ်ထုတ်လုပ်နေကြပါပြီ။ စောနန်းသတင်းပေးပို့ထားပါတယ်။

ီ ရွေးကောက်ပွဲ စောင့်ကြည့်စို့ ဆိုတဲ့ ကြည့်စို့ဆိုတဲ့ဆော့ဝလ်မိတ်ဆက်

လွတ်လပ်မျှတစိတ်ချရဖို့ ရွေးကောက်ပွဲ စောင့်ကြည့်စို့ ဆိုတဲ့ ကြည့် (အပလီကေးရှင်း)ဆော့ဝဲလ်ကို ပြည်မြို့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ဒီသတင်းကို ကိုမင်းညိုကပေးပို့ထားတာပါ။

လာမယ့်ရွေးကောက်ပွဲမှာ မတရားမှုရှိလာပါက တိုင်ကြားနိုင်မယ့် မိုဘိုင်းအပလီကေးရှင်းနဲ့ ၀က်ဆိုဒ်

လာမယ့်ရွေးကောက်ပွဲ မှာ မတရားမှုတွေ ရှိလာရင် တိုင်ကြားနိုင်မဲ့ မိုဘိုင်းဖုန်းအပလီကေးရှင်းနဲ့ အင်တာနက် ၀က်ဆိုဒ် ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီဖြစ်ပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ ထားတာပါ။

စွန့်ပစ် ပလပ်စတစ်နဲ့ စားအုန်းဆီကနေ ဒီဇယ် ထုတ်လုပ်နိုင်ပြီ

စွန့်ပစ် ပလပ်စတစ်နဲ့ စားအုန်းဆီကနေ ဒီဇယ်လောင်စာဆီ ကို ဘုတလင် မြို့မှာ တည်ရှိတဲ့ ချင်းတွင်းဓာတုအင်ဂျင်နီယာ လုပ်ငန်းက ထုတ်လုပ်နိုင်တဲ့ သတင်းကို ဒေါ်ခင်မင်းဇော် ပေးပို့ထားပါတယ်။ ရိုက်ကူး အောင်ကိုလတ်