Talk2DVB

မြန်မာပြည်အရပ်ရပ်ရှိ သာမန်ပြည်သူပြည်သားများ၊ အလုပ်သမားလယ်သမားများ အောက်ခြေ၀န်ထမ်းများ၊ ဈေးသည်များ၏ နေ့စဉ်ကြုံတွေ့ခံစားနေရသော ရေမလာ မီးမလာ ပြဿနာ မှအစ မတရားနှိပ်စက်မှုအဆုံး၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ချစားမှုများ၊ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် လိမ်လည်လှည့်ဖျားမှုများ၊ နစ်နာမှုများ၊ အမြင်မတော်သည့် မဖွယ်မရာ လုပ်ရပ်များအကြောင်း ရေးသားပေးပို့လာသော စာများကို ဖတ်ကြားပေးသော အစီအစဉ်ဖြစ်သည်။ Talk2DVB ကို စာရေးသား ဆက်သွယ်လိုလျှင် [email protected] ကို ဆက်သွယ်ရေးသား ပေးပို့နိုင်သည်။

Latest
Most Viewed
Most Commented
11.08.2015 Tuesday Talk2DVB အစီအစဉ်

11.08.2015 Tuesday Talk2DVB အစီအစဉ်မှာ— -ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ကွမ်းအစ်ကုန်းအုပ်စုနဲ့အလုံအုပ်စုတို့မှာ မကွေးတိုင်းမှလက်မခံဘဲပြောင်းရွှေ့လာတဲ့ အရက်အဆီချက်ဖိုကြောင့်လယ်ယာမြေတွေပျက်စီးရပြီး သစ်တောများပြုန်းတီးခြင်း အနံ့ဆိုးများကြောင့်ကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်ပေါ်နေတဲ့အတွက် အမြန်ဆုံးဖယ်ရှားပေးစေလိုခြင်း—– -မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့သစ်အောင်ဆန်းရပ်ကွက် (၁၊ ၂၊ ၃)မှာ မြို့သစ်ဈေးနီးရေအုတ်ကန်ထဲမှ ရေကိုပဲအားကိုးပြီးသုံးလာခဲ့ရာက ရေသန့်ရစေဖို့အတွက် ရေဂါလံ (၁၂၀၀၀)ဆန့်အုတ်ကန်ကြီးပြုလုပ်ပြီး ရေပေးဝေမယ်ဆိုပြီး ရေသွယ်ယူသုံးစွဲမယ်ဆိုရင် တစ်အိမ်ကို ကျပ်တစ်သိန်းစီပေးရလို့ပြောတဲ့အတွက် ပင်စင်စားဝန်ထမ်းတွေ၊ နေ့စားကျပန်းအလုပ်သမား၊ လခစားဝန်ထမ်းတွေများတဲ့အတွက် ငွေကျပ်တစ်သိန်းခွဲဟာအခက်အခဲဖြစ်နေပြီး နိုင်ငံတော်အကြီးအကဲများမှ ကူညီဖြေရှင်းပေစေလိုခြင်း—– -တနင်္သာရီတိုင်း ကံပေါက်မြို့မှာ MPT တာဝါတိုင်ထောင်ထားပြီး လိုင်းဘာကြောင့်မပေးတာပါလဲ လိုင်းရအောင်လုပ်ပေးစေလိုခြင်း—– -ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောများပိတ်တာနဲ့ ယာဉ်မောင်းအများစုဟာ သူတို့ရဲ့စိတ်ဖိစီးမှုကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ ကားဟွန်းတွေတီးနေကြတဲ့အတွက် လမ်းသွားလမ်းလာများနဲ့ ကားလမ်းနဘေးမှာ နေထိုင်ကြတဲ့ပြည်သူတွေ နားမခံသာအောင် ခံစားနေရတဲ့အတွက် ဒီလိုရိုင်းဆိုင်းတဲ့အပြုအမူမျိုးကို သက်ဆိုင်ရာမှတင်ပြပေးစေလိုခြင်း—- အစရှိသည့်စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်

Talk2DVB (၁၀ မတ် ၂၀၁၅)

10-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်…….. မန္တလေးဆေးတက္ကသိုလ်မှ ပထမနှစ်ဆေးတက္ကသိုလ်တက်ချိန်မှာ အထက်ကအဆောင်မပေးလို့ ပတ်ဝန်းကျင်ဒဏ်၊ ငွေကြေးကုန်ကျဒဏ်တွေ အသေအလဲခံခဲ့ရကြောင်း၊ ဒီနှစ်ဘွဲ့လွန်တက်မယ်ဆိုတော့ ဘွဲ့ကြိုကလေးတွေပဲ အဆောင်ပေးမယ် ဘွဲ့လွန်ဆေးကျောင်းသားတွေ အဆောင်မပေးလို့ ဘွဲ့လွန်ကျောင်းသားတွေက အရေးမပါလို့ မပေးတာများလားဆိုတာ တွေးစရာဖြစ်နေပြီဆိုတဲ့အကြောင်းကိစ္စ– ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဆေးခြောက်ဆေးပြားရောင်းသူများပြားလာပြီး လူငယ်တော်တော်များများဆေးစွဲနေကြပြီဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားများ ကင်းဝေစေချင်ကြောင်း— တိုက်ကြီးမြို့နယ် မြို့မဈေးရဲ့ ဈေးပတ်ဝန်းကျင်မှာ အရက်ဆီ၊ လောင်စာဆီများရောင်းချမှုကို တားမြစ်လိုပြီး ဈေးတွင်းနှင့်ဈေးပြင် ကျူးကျော်ဆိုင်များစည်းကမ်းမဲ့ ဆောက်လုပ်ခြင်းက အရေးပေါ်မီးသတ်ကားများသွားလာရာမှာ ခက်ခဲစေခြင်း၊ မီးလောင်ပါက မီးငြှိမ်းသတ်ရန် ရေဖြည့်ရတဲ့ မီးသတ်ရေကန်မှာ ပျက်စီးယိုယွင်နေသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း— ၀န်ထမ်းများကို လစာတိုးပေးခြင်းထက် ပင်စင်သွားရင် နောင်ရေးအတွက် နေထိုင်စရာ ကိုယ်ပိုင်အိမ်ယာလေးပဲစီစဉ်ပေးစေလိုခြင်း— ရန်ကုန် မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ ၀မ်းတွင်းမြို့မှာရှိတဲ့ သိမ်တောင်ကုန်းတောင်တန်းမှာ နံရံကမ္ဘားများပြိုကျခြင်း၊ …Read more »

talk2dvb အစီအစဉ်

အနယ်နယ်အရပ်ရပ်ပေးပို့လာတဲ့စာများကို ဖတ်ကြားတင်ဆက်ပေးတဲ့ talk2dvb အစီအစဉ်

Talk2DVB အစီအစဉ်

-ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် နှင့် ဇီးပင်ကွင်းလမ်းသည် ပြုပြင်မှုမရှိသောကြောင့် မိုးရွာလျှင် အလွန်ဆိုးဝါးလာမည်ဖြစ်ဆိုးတာကြောင့် အမြန်ဆုံးပြုပြင်ပေးစေလိုသော ကိစ္စ– -ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့တွင် ၅၀ဖိုး ၁၀၀ဖိုးရောင်းသော နှစ်လုံး သုံးလုံးကိုတော့ ဖမ်းဆီးတာမကြာခဏ ကြားရပါတယ် လောင်းကြေးပမာဏ သိန်းလေးငါးဆယ် ရှိနေတဲ့ ဘောလုံးပွဲ လောင်းကစားကိုတော့ တရားဝင်ပမာပြုလုပ်နေခြင်းကိစ္စ— -သစ်တောဝန်ကြီးနှင့် တာဝန်ရှိလူကြီးများသိစေရန်ဆိုတဲ့ မွန်ပြည်နယ် သထုံမြို့ သစ်တောဦးစီးဌာနမှ သစ်တောဂရန်များကို နှစ်စဉ်ကောက်ခံရာတွင် ပြည်နယ်အတွင်းရှိ မြို့နယ်အချင်းချင်းကောက်ခံရာတွင် မတူညီသောကိစ္စ— -မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာတွင် လောင်းကစားဝိုင်းများ အကြီးအကျယ် ပြုလုပ်နေသောအကြောင်းး -ဂန့်ဂေါမြို့တွင် အုတ်လုပ်ငန်းများအများအပြားလုပ်ကိုင်းနေကြပါတယ် အုတ်ကို မီးဖုတ်ရာမှာ ထင်းအများကြီးသုံးရသောကြောင့် သစ်တော့များပြုံးတီးနေသောအကြောင်းး -မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ရှောက်တော မယ်ဇလီလမ်းမကြီးကို လမ်ူးခင်းလျှက်ရှိပါတယ် ယခင်က လမ်းအကျယ်မှာ ပေတစ်ရာ လမ်းအကျယ်ဖြစ်သော်လည်း ယခုအခါ …Read more »

DVB TV – Talk2dvb အစီအစဉ်

DVB TV – အနယ်နယ် အရပ်ရပ်ပေးပို့လာတဲ့စာများကို ကောက်နုတ်ဆက်ထားတဲ့ Talk2dvb အစီအစဉ်

Talk2DVB (သြဂုတ်လ ၂၀ ရက်)

-ပြည်မြို့ အောင်ဆန်းပြည်သာယာတိုးချဲ့ (၂)ရပ်ကွက်မှာ ရေကျသွားတဲ့အခါ ရပ်ကွက်နေသူအချို့များက မိမိတို့အိမ်များအတွင်း ရေများကျန်ရှိနေတဲ့အတွက် အိမ်ပြန်ရန်အခက်တွေ့နေပြီး ရေထုတ်ပြွန်မှတဆင့် ရေထုတ်ပေးဖို့အတွက် တာဝန်ရှိလူကြီးကိုတောင်းဆိုတဲ့အခါ ထိုပြွန်ပေါက်တဆင့် ရေ၀င်နိုင်တယ်ဆိုပြီး တောင်းဆိုမှုကိုပယ်ချကာ ရေထွက်နေသောပြွန်ပေါက်ကိုလည်း ပြန်လည်ပိတ်ဆို့ခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ ရေစုပ်စက်များဌားရမ်းပြီး ရေစုပ်ထုတ်ခဲ့ကြရပြီး ရေများကျန်နေသေးတဲ့အတွက် အချိန်ကုန်လူပင်ပန်းသက်သာစေရန် တာဝန်ရှိသူများက ၀ိုင်းဝန်းစဉ်းစားလုပ်ဆောင်ပေးစေလိုခြင်း… -စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ ရေကျသွားပေမဲ့ ပြန်လည်ပြုပြင်ခြင်းမရှိသေးတဲ့ လမ်းပိုင်းများတွင် ကျောင်းသား/ကျောင်းသူများ၊ ဈေးသည်၊ ဈေးဝယ်များ၊ ကျန်းမာရေးမကောင်းတဲ့လူနာများ၊ ကား၊ လှည်း၊ ဆိုင်ကယ် စတဲ့ယာဉ်တွေသွားလို့မရဘဲ ခြေလျှင်ကုန်းကြောင်းဖြင့်ခက်ခက်ခဲခဲသွားလာနေရတဲ့အတွက် ပျက်စီးနေတဲ့ကန့်ဘလူ ထန်းကုန်းသွားကားလမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုခြင်း… -ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့အနောက်ဘက်ခြမ်းရှိ မိုးကုတ်ကျေးရွာနဲ့အခြားကျေးရွာတချို့မှာ ရေဆက်လက်တက်နေပြီး စားဝတ်နေရေးအခက်အခဲများစွာနဲ့ ရေဘေးဒုက္ခကြုံတွေ့နေရတဲ့အတွက် အကူအညီများလိုအပ်နေကြောင်း…-မကွေးတိုင်း ရေစကြိုမြို့မှာ ရေကျသွားပေမဲ့ နေအိမ်တိုက်တာတွေရဲ့ကြမ်းပြင် တမံတလင်းတွေမှာ ရွှံ့နွံအစိုင်အခဲများထုနှင့် ထည်နှင့်ကျန်ရစ်နေပြီး အဆောက်အဦးအတွင်းမှ …Read more »

Talk2DVB (၁၂ မတ် ၂၀၁၅)

12-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်မှာတော့…… -မန္တလေးတိုင်း မြင်းခြံမြို့ရှိ အမှတ်(၆)မူလွန်ကျောင်းတွင် ဆရာ၊ဆရာမများ မလုံလောက်သောကြောင့် တခြားကျောင်းမှ ဆရာမများ အကူလာရောက် သင်ကြားပေးရာတွင် ၁-၁-၂၀၁၅တွင် ပြောင်းရွှေ့ အချိန်မဟုတ်ပဲ လုပ်သက်-၂ နှစ်ပဲရှိသေးသည့် ဆရမ တစ်ဦးတည်း သီးသန့်အော်ဒါ ထွက်လာခြင်းကိစ္စ- -မရန်းကုန်းမြို့နယ် အထက-၂ နှင့် အမက-၁၇ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ယာဉ်ထိန်းရဲ များ အချိန်မှန်မလာသောကြောင့် ယာဉ်တိုက်မှုများနေ ပါသဖြင့် ကျောင်းသားမိဘများစိုးရိမ်နေခြင်းကိစ္စ- -ရန်ကုန်မှာရော နယ်မြို့တွေမှာပါ အိမ်ခြံမြေများနှင့် တခြားသောအရောင်းအဝယ်ကိစ္စတွေမှာ ပွဲစားများနဲ့ တရားမဝင်ရောင်းဝယ်နေခြင်းကြောင့် မှတ်ပုံတင်ထားသောည အကျိုးးဆောင်လုပ်ငန်းများ နစ်နာသလို မသိနားမလည်သောပြည်သူများက ဂရမ်အတု ပါမစ်အတုများစွာနဲ့ ဘဝပျက်သွား တာတွေ ကို ဘယ်လိုအရေးယူမယ်ဆိုတာကို အစိုးရအနေ နဲ့ပြည်သူတွေသိအောင် ဆောင်ရွက်သင့်သောကိစ္စ- -ပုဒ်မ ၅၀၅(ခ)နှင့် …Read more »

DVB TV – talk2dvb အစီအစဉ်

အနယ်နယ် အရပ်အရပ် ပို့လာတဲ့သတင်းများကို ဖတ်ကြားတင်ဆက်ထားတဲ့ talk2dvbအစီအစဉ်

Talk2dvb အစီအစဉ် (၂-၆-၂၀၁၅)

သတင်းတွင် ဖတ်ကြားပေးပါဆိုတဲ့ခေါင်းစဉ်နဲ့ ရောက်ရှိလာတဲ့ တိုက်ပွဲကျ အမျိုးသားပင်စင်ထုတ်စားနေသော အသက်(၇၅) နှစ်အရွယ် မိခင်များကို နောက်အိမ်ထောင်မပြု့ကြောင်းထောက်ခံစာကို (၆)လတစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ယူရပါသောကြောင့် အိုမင်းနေသော မိခင်မှာ နောက်ထပ်အိမ်ထောင်မပြုတာသေချာနေပါပြီ ဒါကြောင့်ထောက်ခံစာတောင်းခံခြင်းကို အသက်ကန့်သတ်ချက်ထားပေးစေလိုခြင်းကိစ္စ— -Talk2DVB မှတဆင့် အထက်လူကြီးများသိရှိစေရန် တင်ပြခြင်းဆိုတဲ့ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုတာဆံမှ တိမ်မြုတ်လမ်းအပေါ်တွင် သဖန်းအင်ချောင်းကူး ဘီလီတံတားမှာ ဖြတ်သန်းခကောက်ခံသူများက အများပြည်သူများကို မချေမငံနှင့် ကောက်ခံနှုန်းထားကိုလည်း ကြေငြာထားခြင်းမရှိပဲ ပြေစာမဖြတ်ခြင်းနှင့် ထင်ရာစိုင်းကောက်ခံနေသောကိစ္စ– -ဘယ်သူတွေပြင်ပေးမှာလဲဆိုတဲ့ ငါးဆူးတောင်ကို အမှတ်(၃) လမ်းဆုံမှဖြတ်ပြီးဝင်တဲ့လမ်းမှာ မြေသယ်ကားတွေ အုတ်သယ်ကားတွေ သစ်လုံးသယ်တဲ့ကားတွေကြောင့် လမ်းတွေပျက်စီးနေပါတယ် ဒါ့အဲပင် နေပြည်တော် အမြန်လမ်းမှ ငါးဆူးထောင်ကိုသွားရင်လည်း ကုန်တွေပါတဲ့ Light Truck တစ်စီး 1500 အိမ်စီး Hilux Surf ကားကိုတော့ 3000 …Read more »