Talk2DVB

မြန်မာပြည်အရပ်ရပ်ရှိ သာမန်ပြည်သူပြည်သားများ၊ အလုပ်သမားလယ်သမားများ အောက်ခြေ၀န်ထမ်းများ၊ ဈေးသည်များ၏ နေ့စဉ်ကြုံတွေ့ခံစားနေရသော ရေမလာ မီးမလာ ပြဿနာ မှအစ မတရားနှိပ်စက်မှုအဆုံး၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ချစားမှုများ၊ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် လိမ်လည်လှည့်ဖျားမှုများ၊ နစ်နာမှုများ၊ အမြင်မတော်သည့် မဖွယ်မရာ လုပ်ရပ်များအကြောင်း ရေးသားပေးပို့လာသော စာများကို ဖတ်ကြားပေးသော အစီအစဉ်ဖြစ်သည်။ Talk2DVB ကို စာရေးသား ဆက်သွယ်လိုလျှင် [email protected] ကို ဆက်သွယ်ရေးသား ပေးပို့နိုင်သည်။

Latest
Most Viewed
Most Commented
Talk2DVB (၂၅ မတ် ၂၀၁၅)

25-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -အသစ်ဆိုပေမဲ့ အဟောင်းတွေပါဆိုတဲ့ မရမ်းကုန်းမြို့နယ် ရန်ကုန် အင်းစိန်လမ်းမကြီး သမိုင်းလမ်းဆုံကနေ ခဝဲခြံ(၁) လမ်းလောက်ထိလမ်းမီးကြီးတွေပျက်နေတာ ပလက်ဖောင်းတွေပျက်နေတာ ရေဆိုးမြောင်းတွေမရှိတော့ စွန့်ပစ်ရေဆိုးတွေက လမ်းမကြီးပေါ် အမြဲရှိနေတာ တွေကို ကားကြီးပေါ်ကနေ ဆင်းပြီး လမ်းလျှောက်စစ်ဆေးကြည့်ပါဦးလို့ ဖိတ်ခေါ်ထားတဲ့ကိစ္စ– -ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့တွင် မြို့ခံစီးပွားရေးသမားတွေရဲ့ စည်းကမ်းချိုးဖျတ်မှု အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့တာဝန်မဲ့မှုတွေကြောင့် မြို့နေလူထုများ အခက်ခဲကြုံနေရသောကိစ္စ– -တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ခုတ်ဝစာသင်ကျောင်းအနီး လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသောကြောင့် ကလေးငယ်များကျောင်းစာတွင် စိတ်ဝင်စားမှုနည်းပါးပြီး ၄င်းဂိမ်းခုံများ တွင်သာ အချိန်ကုန်နေကြပါသောကိစ္စ– -မြန်မာပြည် အမြို့မြို့ အနယ်နယ်ရှိ တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းများ အကျင့်ပျက် ချစားမှု၊ ဆေးဝါးမလံလောက်မှု၊ ဆရာဝန်မလုံလောက်မှု အစရှိသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးပေးပါရန် အတွက် မကွေးတိုင်း စလင်းမြို့နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ …Read more »

Talk2DVB (၂၄ မတ် ၂၀၁၅)

24-03-2015 Talk2DVB အစီအစဉ်—– ရခိုင်ပြည်နယ် ကမ်းထောင်းကြီးမြို့နယ်မှာ MPTကအင်တာနက်သုံးရတာ အဆင်ပြေနေရာက ဆွေသဟာအစီအစဉ်ပေါ်လာလို့လျှောက်လိုက်တော့ အခုအင်တာနက်ဆို viber, facebook browser တို့မှာ ဘာစာမှပို့လို့မရတော့ပဲ ဖုန်းအနီးခေါ်တာတောင် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပြီး 1876ကိုဆက်သွယ်မေးမြန်းတော့ ဖုန်းပေါ်မူတည်တယ်လို့ပြောပါတယ်၊ အခုကတစ်မြို့လုံးသုံးမရဖြစ်နေတာကြောင့် သက်ဆိုင်ရာဆက်သွယ်ရေးဝန်ထမ်းများမှာ လိုင်းအခြေအနေကို စစ်ဆေးကူညီပေးစေလိုခြင်းကိစ္စ— လယ်ဝေးမြို့နယ် သာဝထ္ထိအုပ်စုကြံစိုက်တောင်သူတစ်ဦးက ကြံအ၀ယ်ဒိုင်တဒိုင်က တန်ချိန်(၃၀)သာယူပြီး ဈေးနှုန်းမှာလည်းနှိမ်ထားသလို ကြံကားတစ်စီးကိုတစ်တန်ဖြတ်ပြီးပိုဆိုးတာက သတ်မှတ်ထားတဲ့ တန်ချိန်ရပြီးကျန်တဲ့ကြံတွေကိုမယူဘူးလို့ပြောပါတယ်၊ အဲဒီကြံတွေကို မီးရှို့ပြစ်ရမည်လား ထင်းခုတ်စိုက်ရမလား၊ ဒေသတွင်းရှိတောင်သူအများစုမှာ အစိုးရထံမှချေးငွေများယူထားရပြီး အဆိုပါကြံကိစ္စကိုသက်ဆိုင်ရာကတာဝန်ရှိလူကြီးများ မဖြေရှင်းပေးပါက အစိုးရထံမှချေးငွေကိုလည်း မည်သို့မျှပြန်မဆပ်နိုင်ခြင်းကိစ္စ— အချို့ဝန်ထမ်းများဟာ ရုံးချိန်လက်မှတ်ထိုးပြီး အရာရှိကိုပေးကမ်းပြီး အပြင်ထွက်ကိုယ်ပိုင်လုပ်ငန်းတွေထွက်လုပ်နေကြတာ မျက်စိအောက်မှာတွေ့နေရပြီး အခုဝန်ထမ်းတွေလစာတိုးမယ်ဆိုတော့ ကုန်ဈေးနှုန်းတွေတက်၊ အခွန်တွေတိုးကောက်မယ်ဆိုတော့ အဖြေရှာစရာတောင်မလိုတဲ့အတွက် ပြည်သူတွေပိုငတ် ပိုသေ ကုန်တော့မယ်— ကံပေါက်မှာစိုက်ထူထားတဲ့ GSMတာဝါမှာ ၂၀၁၄ခုနှစ်ကတည်းကတိုင်တည်ဆောက်ပြီးစီးပြီး အခုထိလိုင်းသုံးစွဲလို့မရတာဘာကြောင့်လဲဆိုတာ …Read more »

Talk2DVB (၁၉ မတ် ၂၀၁၅)

19-03-2015 Talk2DVB အစီအစဉ်—– ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်များမှာ ဘက်စ်ကားခသတ်မှတ်ထားပေမဲ့ ယာဉ်လိုင်းအများစုကတော့ ၅၀/တန်ခရီးကို ၁၀၀/တန် ပြောင်ပြောင်တင်းတင်းပြောဆိုတောင်းရမ်းမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များနှင့်နေ့စဉ်လိုလို စကားများနေရပြီး ဖုန်းဆက်တိုင်ကြားသော်လည်း အရေးယူသည်ဟုအကြောင်းပြန်ပြီး ဘတ်စ်ကားခပိုမိုတောင်းခံမှလျော့မသွားပဲပိုမိုဆိုးရွားလာခြင်းကိစ္စ— တရားမ၀င် ၂လုံး၊ ၃လုံးထီကို ဈေးရောင်းနေသလို ရောင်းချနေကြပြီး ကာစီနိုဂိမ်းစက်များလည်းနေ့ရောညပါ ပြုလုပ်နေကြသဖြင့် မလိုလားအပ်သော ဒုစရိုက်မှုများဖြစ်ပေါ်ခြင်းကြောင့် အရေးယူဖမ်းဆီးနိုင်ရန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာမှ တိုင်ကြားခြင်းကိစ္စ— နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထံသို့–ပေါင်းတည်မြို့ ဈေး(၂)ရပ်ကွက် ပုတီးကုန်းလမ်းအ၀င် လမ်းမကြီးမှာ ယခင်လမ်းအကျယ် (၂၅)ပေ၀န်းကျင်ရှိပေမဲ့ ယခုအခါ (၁၅)ပေခန့်သာရှိကြောင်း၊ ဓါတ်တိုင်နဲ့ခြံစည်းရိုးမှာ (၃)ပေခန့်ကွာရမည်ဖြစ်ပြီး ယခုအခါခြံစည်းရိုးနဲ့ကပ်လျက်ရှိကြောင်း၊ ယာဉ်များ၊ မီးသတ်ကားများဝင်/ထွက် ရာတွင်ခက်ခဲခြင်း၊ ရေမြောင်းဂုံးကို ပြည်-ရန်ကုန်လမ်းမကြီးပေါ်သို့ (၅)ပေခန့်တိုးဆောက်ထားသည့်အတွက် ယာဉ်များဝင်/ထွက်ရာမှာ ခက်ခဲခြင်း၊ အိမ်ထောင်စု (၄၀၀)ကျော် ၀င်/ထွက်သွားလာရတဲ့ ဦးသော့ကျောင်းလမ်းနဲ့ဆက်စပ်လမ်းဖြစ်ခြင်း စတာတွေကိုတိုင်ကြားစာပို့သော်လည်း ဘယ်ဌာနမှ …Read more »

Talk2DVB (၁၈ မတ် ၂၀၁၅)

18-03-2015 Talk2DVB အစီအစဉ်—– ၁၉၉၁ ထုတ်ပယ်ခံဝန်ထမ်းများအား ကရုဏာပင်စင်ပေးမယ်ဆိုလို့ အဆင့်ဆင့်လျှောက်ထားခဲ့ရာ တစ်နှစ်ခွဲခန့်ကြာပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သဘောထားမှတ်ချက်အရ ကရုဏာပင်စင်မရနိုင်ကြောင်း အခုအသက် (၆၀)ကျော်ပြီမို့လို့ ကရုဏာပင်စင်ရဖို့ကူညီပေးစေလိုခြင်းကိစ္စ— ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့ မြို့ချင်းဆက် ကတ္တရာထပ်ပိုးလမ်းအပိုင်းမှာ ကတ္တရာလွန်စွာနည်းပါးခြင်းကြောင့် ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်မောင်းသွားရင် ဖုန်တထောင်းထောင်းတဲ့အတွက် ကတ္တရာလမ်းပျက်စီးခြင်းကိစ္စ— ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းကခြံစည်းရိုးလည်းမရှိ၊ တံခါးလည်းမရှိ၊ လွင်တီးခေါင်ဖြစ်နေပြီး လမ်းကအစနဲ့အဆုံးပဲခင်းပြီး အလယ်ကိုမခင်းခြင်းနှင့် စိမ်းလန်းသာယာမှုမရှိခြင်းကိစ္စ— ခေါင်းလောင်းသံကြားတာနဲ့ အမှိုက်တောင်းဆွဲ အမှိုက်သွန်မလို့ကြည့်လိုက်တာနဲ့ ကားနောက်ပြေးလိုက်ရတဲ့ ပျဉ်းမနားမြို့မှ အမှိုက်ပြိုင်ကားကိစ္စ— ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ချဲနှစ်လုံး၊ ဘောလုံးဒိုင်လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့လိုင်စင်မဲ့ဇိမ်ခံကားများရောင်းဝယ်ခြင်း၊ သစ်ခိုးထုတ်ခြင်းစတဲ့ကိစ္စတွေမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းများပါခြင်းကိစ္စ— ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် မဟာမြိုင်လမ်းမကြီးပေါ်မှာ သဲကားများမှ သဲမှုန့်များကျကျန်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်လေကို ညစ်ညမ်းစေပြီး အဆုတ်နှင့်အရေပြားရောဂါနှင့်ပတ်သက်သောရောဂါများဖြစ်ပေါ်လာမည်ကိုစိုးရိမ်ခြင်းကိစ္စ— လားရှိုးမြို့မှာ …Read more »

Talk2DVB (၁၇ မတ် ၂၀၁၅)

17-03-15 ထုတ်လွှင့်မည့် Talk2DVB အစီအစဉ် -နိုင်ငံတော် သမ္မတကြီးနှင့်တကွ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် သိရှိစေရန်ဆိုတဲ့ ဗန်းမောက်မြို့နဲ့မိုင် (၃၀)လောက် ဝေးကွာတဲ့ ရွှေမော်ဒေသတွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင်းပေးထားပါသလားးးဆိုပြီးမေးမြန်းထားသောကိစ္စ— -နိုင်ငံခြားတွင်နေထိုင်သောသူများမှ မွေးရပ်မြန်မာပြည်ရှိ မောင်နှမများထံသို့ ပေးပို့သော ပစ္စည်းများကို စာအိတ်များဖောက်ဖြဲပြီးပလတ်စတစ်အိတ်ထဲထည့်ကာ အိမ်တံခါးဝမှာ မသိအောင်လာညှပ်သွားခြင်းကိစ္စ—- -အငြိမ်းစားယူခဲ့သည့်စစ်မှုထမ်းဟောင်းမှ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ တာဝန်ကျေပြွန်စွာ သက်ပြည့်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှူ့ထမ်းဟောင်းများကို အိမ်ယာစီမံဆောင်ရွက်ပေးခြင်း နှင့်လိုအပ်သည်များ ကူညီပေးရန်လိုကြောင်း ဖတ်ကြားခဲ့ရတဲ့ အတွက် လွန်စွာဝမ်းသာ နေခဲ့ပါတယ် ။တစ်ကယ်လည်းပဲ ဖော်ပြပါအတိုင်းဆောင်ရွက်နေတာကို တွေ့ရှိရပါတယ် သို့ပေမဲ့ (၈၈) အရေးအခင်းမတိုင်မီ အငြိမ်းစားယူ ခဲ့တဲ့ အသက်ရွယ်များကြီးပြီဖြစ်နေသော ပင်စင်လစာငွေတလုံးတည်းလဲလှယ်ခဲ့ကြတဲ့ စစ်မှူထမ်းဟောင်းများမှာ အငြိမ်းစားပင်စင်လစာ (ပြည့်ဝ) စွာပြည်လည်ခံစားခွင့်ပြုပါရန် တောင်ခံခြင်းကိစ္စ– -ပင်လောင်းမြို့တွင် မနက် ၇:၀၀ နာရီဆိုရင်မီးစဖြတ်ပြီး ညနေ ၅:၀၀ …Read more »

Talk2DVB (၁၁ မတ် ၂၀၁၅)

11-03-2015 ဗုဒ္ဓဟူးနေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်—– တိုက်ကြီးမြို့နယ်မှာ ငါးထောင်တန်အတုဆိုပြီး ဖမ်းထားခြင်းမှာ (၆)ယောက်ရှိပြီး ရပ်ကွက်တွင်းပြည်သူများစိုးရိမ်သောကြောင့် ငါးထောင်တန် ဘယ်ဟာကအတု အစစ်လဲဆိုတာ ပြည်သူများသိရှိနိုင်ရန် မီဒီယာမှ ထုတ်လွှင့်အသိပေးစေလိုခြင်းကိစ္စ—– တခြားမြို့များထက် အင်တာနက်လိုင်းအားရော ဖုန်းလိုင်းပါ သုံးစားမရအောင် စုတ်ချာနေခြင်းမှာ တော်တော်ကြာနေပြီဆိုပြီး ကျိုက်လက်မြို့မှကိစ္စ—– မြန်အောင်မြို့ မြို့တွင်းမှာနွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး ဓာတ်ဆီဆိုင် ရောင်းချနေသဖြင့် မီးဘေးအန္တရာယ်အထူးစိုးရိမ်ကြောင်း၊ ဆေးရွက်ကြီးလုပ်ငန်းများလည်းမြို့တွင်းမှာလုပ်နေပါသဖြင့် ပတ်ဝန်းကျင်မှပြည်သူများ ကျန်းမာရေးထိခိုက်ပြီး အသက်ရှုလမ်းကြောင်းရောဂါဖြစ်ပွားနေသဖြင့် မြို့ပြင်ထွက်လုပ်ဆောင်စေခြင်းကိစ္စ—– ၀န်ထမ်းအချို့ရုံးမတက်ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး လစာထုတ်ရက်မှအထက်အဆင့်ဆင့်ကိုနားလည်မှုယူပြီး လစာထုတ်ယူခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ်အလုပ်လုပ်သူဝန်ထမ်းများကို လစာတိုးပေးနေပေမဲ့ အလုပ်မလုပ်ပဲ ကိုယ်ပိုင်စီးပွားရေးရှာသူများကို လစာတိုးပေးရင် နိုင်ငံတော်အတွက်များစွာထိခိုက်ခြင်းကိစ္စ—– သံတွဲမြို့ရှိ မြို့မဈေးကြီး ပေ၂၀လမ်းမပေါ်မှာ စည်းကမ်းမဲ့ဈေးသည်များ၏ ငါးတောင်းများမှ ငါးညှီရေများအမြဲတမ်းကျနေပါသဖြင့် ပြည်သူများသွားလာရခတ်ခဲပြီး စည်ပင်သာယာအဖွဲ့မှ ရှင်းလင်းဆောင်ရွက်ရာတွင်လည်း ငါးသည်များမှ …Read more »

Talk2DVB (၁၂ မတ် ၂၀၁၅)

12-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်မှာတော့…… -မန္တလေးတိုင်း မြင်းခြံမြို့ရှိ အမှတ်(၆)မူလွန်ကျောင်းတွင် ဆရာ၊ဆရာမများ မလုံလောက်သောကြောင့် တခြားကျောင်းမှ ဆရာမများ အကူလာရောက် သင်ကြားပေးရာတွင် ၁-၁-၂၀၁၅တွင် ပြောင်းရွှေ့ အချိန်မဟုတ်ပဲ လုပ်သက်-၂ နှစ်ပဲရှိသေးသည့် ဆရမ တစ်ဦးတည်း သီးသန့်အော်ဒါ ထွက်လာခြင်းကိစ္စ- -မရန်းကုန်းမြို့နယ် အထက-၂ နှင့် အမက-၁၇ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ယာဉ်ထိန်းရဲ များ အချိန်မှန်မလာသောကြောင့် ယာဉ်တိုက်မှုများနေ ပါသဖြင့် ကျောင်းသားမိဘများစိုးရိမ်နေခြင်းကိစ္စ- -ရန်ကုန်မှာရော နယ်မြို့တွေမှာပါ အိမ်ခြံမြေများနှင့် တခြားသောအရောင်းအဝယ်ကိစ္စတွေမှာ ပွဲစားများနဲ့ တရားမဝင်ရောင်းဝယ်နေခြင်းကြောင့် မှတ်ပုံတင်ထားသောည အကျိုးးဆောင်လုပ်ငန်းများ နစ်နာသလို မသိနားမလည်သောပြည်သူများက ဂရမ်အတု ပါမစ်အတုများစွာနဲ့ ဘဝပျက်သွား တာတွေ ကို ဘယ်လိုအရေးယူမယ်ဆိုတာကို အစိုးရအနေ နဲ့ပြည်သူတွေသိအောင် ဆောင်ရွက်သင့်သောကိစ္စ- -ပုဒ်မ ၅၀၅(ခ)နှင့် …Read more »

Talk2DVB (၁၀ မတ် ၂၀၁၅)

10-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်…….. မန္တလေးဆေးတက္ကသိုလ်မှ ပထမနှစ်ဆေးတက္ကသိုလ်တက်ချိန်မှာ အထက်ကအဆောင်မပေးလို့ ပတ်ဝန်းကျင်ဒဏ်၊ ငွေကြေးကုန်ကျဒဏ်တွေ အသေအလဲခံခဲ့ရကြောင်း၊ ဒီနှစ်ဘွဲ့လွန်တက်မယ်ဆိုတော့ ဘွဲ့ကြိုကလေးတွေပဲ အဆောင်ပေးမယ် ဘွဲ့လွန်ဆေးကျောင်းသားတွေ အဆောင်မပေးလို့ ဘွဲ့လွန်ကျောင်းသားတွေက အရေးမပါလို့ မပေးတာများလားဆိုတာ တွေးစရာဖြစ်နေပြီဆိုတဲ့အကြောင်းကိစ္စ– ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဆေးခြောက်ဆေးပြားရောင်းသူများပြားလာပြီး လူငယ်တော်တော်များများဆေးစွဲနေကြပြီဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားများ ကင်းဝေစေချင်ကြောင်း— တိုက်ကြီးမြို့နယ် မြို့မဈေးရဲ့ ဈေးပတ်ဝန်းကျင်မှာ အရက်ဆီ၊ လောင်စာဆီများရောင်းချမှုကို တားမြစ်လိုပြီး ဈေးတွင်းနှင့်ဈေးပြင် ကျူးကျော်ဆိုင်များစည်းကမ်းမဲ့ ဆောက်လုပ်ခြင်းက အရေးပေါ်မီးသတ်ကားများသွားလာရာမှာ ခက်ခဲစေခြင်း၊ မီးလောင်ပါက မီးငြှိမ်းသတ်ရန် ရေဖြည့်ရတဲ့ မီးသတ်ရေကန်မှာ ပျက်စီးယိုယွင်နေသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း— ၀န်ထမ်းများကို လစာတိုးပေးခြင်းထက် ပင်စင်သွားရင် နောင်ရေးအတွက် နေထိုင်စရာ ကိုယ်ပိုင်အိမ်ယာလေးပဲစီစဉ်ပေးစေလိုခြင်း— ရန်ကုန် မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ ၀မ်းတွင်းမြို့မှာရှိတဲ့ သိမ်တောင်ကုန်းတောင်တန်းမှာ နံရံကမ္ဘားများပြိုကျခြင်း၊ …Read more »

Talk2DVB (၂၂ ဇန်န၀ါရီ ၂၀၁၅)

22-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -မြန်မာ့စီးပွားရေး ကော်ပိုရောရှင်း(MEC)ပိုင် အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်-၄၀၀၀ တွင် စက်ပြင်ကာလမှာဝန်ထမ်းတွေဟာ မနက် ၈ နာရီမှ ည၁၀ နာရီ အထိOT ဆင်းရပါတယ် OTကြေးမပေးပဲ လက်ဖက်ရည်ဖိုး ၂၀၀ နဲ့ စက်ရုံထမင်း ၄၀၀ တန်သာကျွေးပြီး အသေခိုင်းတဲ့ အကြောင်း… -လာရှိုးမြို့ ကောင်းကြဲအုပ်စု(ဟိုပိတ်)တစ်ဝိုက်တွင် လူကြီး၊ ကလေးများ ဆေးပြားသုံးစွဲမှုကြောင့် လူတော်တော်များများ ပျက်ဆီးနေပါတယ်လို့ ပြောချင်ပါတယ်ဆိုသော ကိစ္စ– -စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာတွင် ဆက်သွယ်ရေးတယ်လီဖုန်းများ မကောင်းခြင်းနှင့် လမ်းပန်းဆတ်သွယ်ရေး မကောင်းသောကြောင့် ရွာသူရွာသားများက ထို အခက်ခဲများကောင်းမွန်လာစေရန် မျှော်လင့်နေပါကြောင်း– -တာချီလိတ်မြို့မှ ပြည်သူ့ရဲများအကြောင်း-တာချီလိတ်မြို့မှာ ငါးမန်းခုံလောက်းကစားများ မူးယစ်ဆေးဝါးများ လွန်စွာပေါခြင်းောကာင့် လူငယ်များပျက်ဆီးနေပါတယ် ဒါကိုတာဝန်မသိတဲ့ …Read more »