Talk2DVB

မြန်မာပြည်အရပ်ရပ်ရှိ သာမန်ပြည်သူပြည်သားများ၊ အလုပ်သမားလယ်သမားများ အောက်ခြေ၀န်ထမ်းများ၊ ဈေးသည်များ၏ နေ့စဉ်ကြုံတွေ့ခံစားနေရသော ရေမလာ မီးမလာ ပြဿနာ မှအစ မတရားနှိပ်စက်မှုအဆုံး၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ချစားမှုများ၊ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် လိမ်လည်လှည့်ဖျားမှုများ၊ နစ်နာမှုများ၊ အမြင်မတော်သည့် မဖွယ်မရာ လုပ်ရပ်များအကြောင်း ရေးသားပေးပို့လာသော စာများကို ဖတ်ကြားပေးသော အစီအစဉ်ဖြစ်သည်။ Talk2DVB ကို စာရေးသား ဆက်သွယ်လိုလျှင် [email protected] ကို ဆက်သွယ်ရေးသား ပေးပို့နိုင်သည်။

Latest
Most Viewed
Most Commented
Talk2DVB အစီအစဉ်

Talk2DVB အစီအစဉ်

Talk2DVB အစီအစဉ်

Talk2DVB အစီအစဉ်

Talk2DVB (သြဂုတ်လ ၂၅ ရက်)

-မွန်ပြည်နယ် ရေးမြို့ အောင်မင်္ဂလယရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်လမ်းမကြီးဘေးမှာ မြန်မာ့ဆက်သွယ်ရေးအော်တိုတယ်လီဖုန်းဝါယာကြိုးတွေဟာ အမြင့်(၄)ပေလောက်ကတွဲလျားကျနေတဲ့အတွက် ဖုန်းလိုင်းများအချိန်အခါမရွေး ပျက်တောက်ခြင်း… -ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်မှာ လျှပ်စစ်ဓာတ်အားခွဲရုံကို ဒေါ်လာဘီလီယံနဲ့ချီအကုန်အကျခံတည်ဆောက်ရန် မြေနေရာအကျယ်အ၀န်း(၂)ဧကအတွက် ကျပ်သိန်း(၄၀၀)ကိုမြိုနေ အိမ်တစ်လုံးကို(၅၀၀၀)ကျပ်နှုန်းကောက်ခံမှုအပေါ်မကျေမနပ်ဖြစ်နေခြင်း… -မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ပိုင်ရှင်ရှိဝိုင်းကွက်လပ်တစ်ခုမှာ တစ်စနဲ့တစ်စအမှိုက်လာပစ်ရင်းနဲ့ ယခုအခါမြို့နေလူထုတစ်ဝက်လောက်က လာပစ်နေပြီးအမှိုက်ပုံရဲ့ဘေးမှာ နေတဲ့လူနေအိမ်တွေဟာ အမှိုက်အနံ့ဆိုးတွေကြောင့်ကျန်းမာရေးစိုးရိမ်နေရပြီး ရပ်ကွက်ထဲရေ၀င်တဲ့အခါ အမှိုက်ပုံမှအမှိုက်များကရေနဲ့မျှောလာပြီး လူနေအိမ်ထဲထိဝင်တဲ့အတွက် ၀ိုင်းကွက်လပ်ဟောင်းကြီးကို စွန့်ပစ်ထားတဲ့ပိုင်ရှင်သိရှိစေရန်… -ဖျာပုံမြို့နယ်မှာ တာဝန်ရှိသူတွေက ယာဉ်ဦးထုပ်မဆောင်းသူ၊ လိုင်စင်မပါတဲ့သူတွေကို ဒဏ်ငွေရိုက်ပေးဆောင်စေပြီး စည်းကမ်းမဲ့စွာယာဉ်တွေမရပ်ရတဲ့နေရာမှာ ရပ်နေတဲ့ကိုယ်ပိုင်ကားတွေ၊ ကုန်တင်ကားတွေနဲ့ သုံးဘီးကားတွေကျတော့ မဖမ်းဘဲ”ခဏလေးပါ”ဆိုပြီး ဖြစ်နေတဲ့အတွက် တာဝန်ရှိသူများသိရှိစေလိုခြင်း… -ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ လူမြင်မသင့်တော်တဲ့ အမှိုက်ကန်မှအမှိုက်တွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်တွေကိုလာရောက်သိမ်းဆည်းခြင်းမရှိတဲ့အတွက် အနံ့ဆိုးများကိုဆိုးရွားစွာရှုရှိုက်နေရတဲ့အတွက် ကျန်းမာရေးကိုထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာမှအမှိုက်များကိုရှင်းလင်းစေလိုခြင်း… -ရှမ်းပြည်နယ် နမ္မတူမြို့နယ် နားဆိုင်းကျေးရွာမှာ တစ်ရွာလုံးအားထားအသုံးပြုနေရတဲ့ …Read more »

Talk2DVB (သြဂုတ်လ ၂၀ ရက်)

-ပြည်မြို့ အောင်ဆန်းပြည်သာယာတိုးချဲ့ (၂)ရပ်ကွက်မှာ ရေကျသွားတဲ့အခါ ရပ်ကွက်နေသူအချို့များက မိမိတို့အိမ်များအတွင်း ရေများကျန်ရှိနေတဲ့အတွက် အိမ်ပြန်ရန်အခက်တွေ့နေပြီး ရေထုတ်ပြွန်မှတဆင့် ရေထုတ်ပေးဖို့အတွက် တာဝန်ရှိလူကြီးကိုတောင်းဆိုတဲ့အခါ ထိုပြွန်ပေါက်တဆင့် ရေ၀င်နိုင်တယ်ဆိုပြီး တောင်းဆိုမှုကိုပယ်ချကာ ရေထွက်နေသောပြွန်ပေါက်ကိုလည်း ပြန်လည်ပိတ်ဆို့ခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ ရေစုပ်စက်များဌားရမ်းပြီး ရေစုပ်ထုတ်ခဲ့ကြရပြီး ရေများကျန်နေသေးတဲ့အတွက် အချိန်ကုန်လူပင်ပန်းသက်သာစေရန် တာဝန်ရှိသူများက ၀ိုင်းဝန်းစဉ်းစားလုပ်ဆောင်ပေးစေလိုခြင်း… -စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ ရေကျသွားပေမဲ့ ပြန်လည်ပြုပြင်ခြင်းမရှိသေးတဲ့ လမ်းပိုင်းများတွင် ကျောင်းသား/ကျောင်းသူများ၊ ဈေးသည်၊ ဈေးဝယ်များ၊ ကျန်းမာရေးမကောင်းတဲ့လူနာများ၊ ကား၊ လှည်း၊ ဆိုင်ကယ် စတဲ့ယာဉ်တွေသွားလို့မရဘဲ ခြေလျှင်ကုန်းကြောင်းဖြင့်ခက်ခက်ခဲခဲသွားလာနေရတဲ့အတွက် ပျက်စီးနေတဲ့ကန့်ဘလူ ထန်းကုန်းသွားကားလမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုခြင်း… -ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့အနောက်ဘက်ခြမ်းရှိ မိုးကုတ်ကျေးရွာနဲ့အခြားကျေးရွာတချို့မှာ ရေဆက်လက်တက်နေပြီး စားဝတ်နေရေးအခက်အခဲများစွာနဲ့ ရေဘေးဒုက္ခကြုံတွေ့နေရတဲ့အတွက် အကူအညီများလိုအပ်နေကြောင်း…-မကွေးတိုင်း ရေစကြိုမြို့မှာ ရေကျသွားပေမဲ့ နေအိမ်တိုက်တာတွေရဲ့ကြမ်းပြင် တမံတလင်းတွေမှာ ရွှံ့နွံအစိုင်အခဲများထုနှင့် ထည်နှင့်ကျန်ရစ်နေပြီး အဆောက်အဦးအတွင်းမှ …Read more »

11.08.2015 Tuesday Talk2DVB အစီအစဉ်

11.08.2015 Tuesday Talk2DVB အစီအစဉ်မှာ— -ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ကွမ်းအစ်ကုန်းအုပ်စုနဲ့အလုံအုပ်စုတို့မှာ မကွေးတိုင်းမှလက်မခံဘဲပြောင်းရွှေ့လာတဲ့ အရက်အဆီချက်ဖိုကြောင့်လယ်ယာမြေတွေပျက်စီးရပြီး သစ်တောများပြုန်းတီးခြင်း အနံ့ဆိုးများကြောင့်ကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်ပေါ်နေတဲ့အတွက် အမြန်ဆုံးဖယ်ရှားပေးစေလိုခြင်း—– -မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့သစ်အောင်ဆန်းရပ်ကွက် (၁၊ ၂၊ ၃)မှာ မြို့သစ်ဈေးနီးရေအုတ်ကန်ထဲမှ ရေကိုပဲအားကိုးပြီးသုံးလာခဲ့ရာက ရေသန့်ရစေဖို့အတွက် ရေဂါလံ (၁၂၀၀၀)ဆန့်အုတ်ကန်ကြီးပြုလုပ်ပြီး ရေပေးဝေမယ်ဆိုပြီး ရေသွယ်ယူသုံးစွဲမယ်ဆိုရင် တစ်အိမ်ကို ကျပ်တစ်သိန်းစီပေးရလို့ပြောတဲ့အတွက် ပင်စင်စားဝန်ထမ်းတွေ၊ နေ့စားကျပန်းအလုပ်သမား၊ လခစားဝန်ထမ်းတွေများတဲ့အတွက် ငွေကျပ်တစ်သိန်းခွဲဟာအခက်အခဲဖြစ်နေပြီး နိုင်ငံတော်အကြီးအကဲများမှ ကူညီဖြေရှင်းပေစေလိုခြင်း—– -တနင်္သာရီတိုင်း ကံပေါက်မြို့မှာ MPT တာဝါတိုင်ထောင်ထားပြီး လိုင်းဘာကြောင့်မပေးတာပါလဲ လိုင်းရအောင်လုပ်ပေးစေလိုခြင်း—– -ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောများပိတ်တာနဲ့ ယာဉ်မောင်းအများစုဟာ သူတို့ရဲ့စိတ်ဖိစီးမှုကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ ကားဟွန်းတွေတီးနေကြတဲ့အတွက် လမ်းသွားလမ်းလာများနဲ့ ကားလမ်းနဘေးမှာ နေထိုင်ကြတဲ့ပြည်သူတွေ နားမခံသာအောင် ခံစားနေရတဲ့အတွက် ဒီလိုရိုင်းဆိုင်းတဲ့အပြုအမူမျိုးကို သက်ဆိုင်ရာမှတင်ပြပေးစေလိုခြင်း—- အစရှိသည့်စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်

04.08.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်

04.08.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်မှာ— -ကော့သောင်းမြို့ရွှေဇင်ယော်ရပ်ကွက်မှာရှိတဲ့နန္ဒ၀န်ဈေးမှာ မိုးကကြီးတော့မြောင်းရေလျှံတဲ့အတွက် ဈေးရောင်းသူရောဈေးဝယ်သူတွေပါအခက်တွေ့နေလို့ ဈေးတာဝန်ခံကိုပြောတော့ “သူနဲ့မဆိုင်ဘူး မကျေနပ်ရင်ရုံးမှာလာပြော”လို့ပြောပြီး ဈေးထဲကမြောင်းကကျဉ်းပြီးရေ၀င်လာတော့ ဈေးရောင်းသူတွေဟာ ဈေးမရောင်းရပဲ “ရေကိုသာခပ်ထုတ်နေရတဲ့အတွက်” စားဝတ်နေရေးအခက်တွေ့ပြီး ဈေးဆိုင်ခကိုလစဉ်သတ်မှတ်ရက်အတွင်း လာယူသလို ဈေးကိုလည်းပြုပြင်ပေးစေလိုခြင်း—- -နယ်စပ်ဒေသရှိတက္ကသိုလ်ကောလိပ်များမှာ သတ်မှတ်ထားတဲ့နှစ်တိုင်း (၁)နှစ်ပြည့်ပြီးရင်ပြောင်းရွေှ့ခွင့်တင်ပြီးဖြစ်ပေမယ့်လည်း အခုချိန်ထိပြောင်းရွှေ့ပေးခြင်းမရှိတဲ့အတွက် မိမိ၏မိသားစုနှင့်ပင်တစ်နှစ်တစ်ကြိမ်တွေ့ဆုံရန်အတွက် အခက်အခဲဖြစ်နေပြီး သတ်မှတ်ကာလပြည့်တဲ့ဆရာ/ဆရာမများအား မိသားစုအခက်အခဲနှင့်လူမှုရေးအခက်အခဲကိုငဲ့ညှာပြီး အမြန်ဆုံးပြောင်းရွှေ့ပေးစေလိုခြင်း—– -မွန်ပြည်နယ် ရေးမြို့ မြို့ပေါ်ရပ်ကွက်ရှိ ရန်မျိုးအောင်ရပ် လဂွန်းအိမ်လမ်းမဟာ မိုးရာသီကြောင့် ကတ္တရာလမ်းများပျက်ဆီးပေါက်ပြဲနေပြီး ချိုင့်ခွက်များဖြစ်ပေါ်နေတဲ့အတွက် ဒေသခံများကပြုပြင်ပေးစေလိုခြင်းကိစ္စ—– -ထန်းတပင် (ဇီးကုန်း)ရွာမှာ အမြတ်ကိုယ်ကျိုးရှာ လူတစုကြောင့် မီးမလာရေမလာ နွေခေါင်ခေါင် ဆီကျတ်အိုးထဲ ရောက်နေသလိုခံစားနေရပြီး ရရှိတဲ့ဗို့အားနည်းနည်းလေးကို ပတ်ချာလည်ရွာငယ်အများကိုပေးနေတာကြောင့် မီးရောင်ဟာခရမ်းချဉ်ရောင်လောက်ပဲ လင်းနိုင်နေပြီးမနက်ကနေညအထိမီးဒိုင်ခံပြတ်နေတဲ့အတွက် ဘယ်နေရာမှာမီးပြင်ပြင်ဇီးကုန်းတရွာလုံး မီးဖြတ်ထားတဲ့စနစ်ကိုပြောင်းစေချင်တဲ့ကိစ္စ—– -တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့သစ် (၁၀)လမ်းသွယ် (၁)မှာလမ်းထဲမှာအရင်ကမီးသုံးစွဲသူအရမ်းကိုနည်းပြီး …Read more »

05.08.2015 ဗုဒ္ဓဟူးနေ့ Talk2DVB အစီအစဉ်

05.08.2015 ဗုဒ္ဓဟူးနေ့ Talk2DVB အစီအစဉ်

talk2dvb အစီအစဉ်

talk2dvb အစီအစဉ် တင်ဆက် – မသီတာ၊ မျိုးသားထက် ရိုက်ကူး – အိသူဇာ၊ နန်းသိဂီ၊ ၀င်းကျော်သူ

21.07.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်

21.07.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်တွင်— -ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲလာတာဟာ ကျောင်းသားတင်မကတော့ဘဲ ကျောင်းသူများပါသုံးစွဲလာကြပြီး ရဲများကဖမ်းဆီးအရေးယူသော်လည်း ကြီးကြီးမားမားရောင်းချသူများကို မဖမ်းနိုင်ဘဲ သေးသေးမွှားမွှားများသာဖမ်းမိနေတဲ့အတွက် မူးယစ်ကင်းစင်စေချင်ရင် သုံးစွဲသူ/ရောင်းချသူနှစ်မျိုးလုံးဖမ်းသင့်တဲ့ကိစ္စ—– -ပညာရေးတက္ကသိုလ်မှာ ကျောင်းပြီးထားတဲ့ကျောင်းသားများရှိနေပေမဲ့ ယနေ့အထိတာဝန်ခန့်အပ်ထားခြင်းမရှိသေးခြင်းမှာ ပညာရေးတက္ကသိုလ်၏အရည်အချင်းကို အသိအမှတ်မပြုလို့လားဆိုတာ မေးမြန်းချင်တဲ့ကိစ္စ—– -ကချင်ပြည်နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာပေါ်ကို ကျေးရွာအနီးကျောက်စိမ်းကုမ္ပဏီကျင်းများမှ ရေထွက်ပေါက်ကိုရွာပေါ်တည့်တည့်ရေလမ်းပေးထားခြင်းဟာ မိုးများလာတဲ့အချိန်မှာအလွန်အန္တရာယ်ကြီးတဲ့အတွက် ပထမနှစ်ရေလွဲလမ်းအတိုင်း လွဲသင့်တဲ့အကြောင်း—– -ထားဝယ်လမ်းမကြီးမှာ မိုးတွင်းရောက်တိုင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေပြီး ဘေးရန်လည်းလွန်စွာများလှတဲ့အတွက် စိတ်ဆင်းရဲနေရတဲ့ထားဝယ်ပြည်သူများ—– -ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကကျောင်းတွေမှာ ပိုက်ဆံမကောက်ရဆိုပြီး အထက်ကျောင်းတစ်ကျောင်းကနှစ်တိုင်း ကျောင်းပြင်ဆင်စရိတ်ဖိုးကောက်ခံနေပြီး ကျောင်းဆောင်တွေမှာ မူလအတိုင်းပဲဖြစ်နေခြင်း/ဆော့ပင်ဖိုး၊ ရေပုံးဖိုးစသဖြင့် အစစအရာရာကောက်ခံနေတဲ့အတွက် ကျောင်းသားမိဘတွေမတက်နိုင်တော့တဲ့ကိစ္စ—– -မဟာဘွဲ့ရနေ့စားပေးဆရာ/ဆရာမများမှာ ယနေ့အထိမူလတန်းပြရာထူးကိုသာရရှိပြီး အလယ်တန်းရာထူးပေးမည်မှာ ယနေ့အထိမရရှိသေးတဲ့အတွက် မည်သို့မည်ပုံလျှောက်ထားရမည်ကိုသိချင်တဲ့ကိစ္စ—– -ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ-ပြင်ရွာ ကားလမ်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ကျော်ကဖောက်လုပ်ခဲ့တဲ့လမ်းဖြစ်ပြီး ယနေ့အထိလမ်းကဆိုးမြဲဆိုးနေတဲ့အတွက် …Read more »