Talk2DVB

မြန်မာပြည်အရပ်ရပ်ရှိ သာမန်ပြည်သူပြည်သားများ၊ အလုပ်သမားလယ်သမားများ အောက်ခြေ၀န်ထမ်းများ၊ ဈေးသည်များ၏ နေ့စဉ်ကြုံတွေ့ခံစားနေရသော ရေမလာ မီးမလာ ပြဿနာ မှအစ မတရားနှိပ်စက်မှုအဆုံး၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ချစားမှုများ၊ အနိုင်ကျင့် ဗိုလ်ကျမှုနှင့် လိမ်လည်လှည့်ဖျားမှုများ၊ နစ်နာမှုများ၊ အမြင်မတော်သည့် မဖွယ်မရာ လုပ်ရပ်များအကြောင်း ရေးသားပေးပို့လာသော စာများကို ဖတ်ကြားပေးသော အစီအစဉ်ဖြစ်သည်။ Talk2DVB ကို စာရေးသား ဆက်သွယ်လိုလျှင် [email protected] ကို ဆက်သွယ်ရေးသား ပေးပို့နိုင်သည်။

Latest
Most Viewed
Most Commented
talk2dvb အစီအစဉ်

DVB TV – အနယ်နယ် အရပ်အရပ်မှ ပေးပို့လာတဲ့စာကောင်းနိုးနိုးရာကို ဖတ်ကြားတင်ဆက်ထားတဲ့ talk2dvb အစီအစဉ် တင်ဆက် – မသီတာ၊ နေသွင်ညိမ်း

21.07.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်

21.07.2015 အင်္ဂါနေ့ Talk2DVB အစီအစဉ်တွင်— -ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲလာတာဟာ ကျောင်းသားတင်မကတော့ဘဲ ကျောင်းသူများပါသုံးစွဲလာကြပြီး ရဲများကဖမ်းဆီးအရေးယူသော်လည်း ကြီးကြီးမားမားရောင်းချသူများကို မဖမ်းနိုင်ဘဲ သေးသေးမွှားမွှားများသာဖမ်းမိနေတဲ့အတွက် မူးယစ်ကင်းစင်စေချင်ရင် သုံးစွဲသူ/ရောင်းချသူနှစ်မျိုးလုံးဖမ်းသင့်တဲ့ကိစ္စ—– -ပညာရေးတက္ကသိုလ်မှာ ကျောင်းပြီးထားတဲ့ကျောင်းသားများရှိနေပေမဲ့ ယနေ့အထိတာဝန်ခန့်အပ်ထားခြင်းမရှိသေးခြင်းမှာ ပညာရေးတက္ကသိုလ်၏အရည်အချင်းကို အသိအမှတ်မပြုလို့လားဆိုတာ မေးမြန်းချင်တဲ့ကိစ္စ—– -ကချင်ပြည်နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာပေါ်ကို ကျေးရွာအနီးကျောက်စိမ်းကုမ္ပဏီကျင်းများမှ ရေထွက်ပေါက်ကိုရွာပေါ်တည့်တည့်ရေလမ်းပေးထားခြင်းဟာ မိုးများလာတဲ့အချိန်မှာအလွန်အန္တရာယ်ကြီးတဲ့အတွက် ပထမနှစ်ရေလွဲလမ်းအတိုင်း လွဲသင့်တဲ့အကြောင်း—– -ထားဝယ်လမ်းမကြီးမှာ မိုးတွင်းရောက်တိုင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေပြီး ဘေးရန်လည်းလွန်စွာများလှတဲ့အတွက် စိတ်ဆင်းရဲနေရတဲ့ထားဝယ်ပြည်သူများ—– -ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကကျောင်းတွေမှာ ပိုက်ဆံမကောက်ရဆိုပြီး အထက်ကျောင်းတစ်ကျောင်းကနှစ်တိုင်း ကျောင်းပြင်ဆင်စရိတ်ဖိုးကောက်ခံနေပြီး ကျောင်းဆောင်တွေမှာ မူလအတိုင်းပဲဖြစ်နေခြင်း/ဆော့ပင်ဖိုး၊ ရေပုံးဖိုးစသဖြင့် အစစအရာရာကောက်ခံနေတဲ့အတွက် ကျောင်းသားမိဘတွေမတက်နိုင်တော့တဲ့ကိစ္စ—– -မဟာဘွဲ့ရနေ့စားပေးဆရာ/ဆရာမများမှာ ယနေ့အထိမူလတန်းပြရာထူးကိုသာရရှိပြီး အလယ်တန်းရာထူးပေးမည်မှာ ယနေ့အထိမရရှိသေးတဲ့အတွက် မည်သို့မည်ပုံလျှောက်ထားရမည်ကိုသိချင်တဲ့ကိစ္စ—– -ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ-ပြင်ရွာ ကားလမ်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ကျော်ကဖောက်လုပ်ခဲ့တဲ့လမ်းဖြစ်ပြီး ယနေ့အထိလမ်းကဆိုးမြဲဆိုးနေတဲ့အတွက် …Read more »

Talk2DVB (၁၅ ဇန်န၀ါရီ ၂၀၁၅)

15-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့တွင် မြို့အတွက် ရုံးပေါင်းစုံဆောက်လုပ်ရန် အတွက် မြေနေရာဝယ်ယူရန် ငွေလိုသည်ကိုအကြောင်းပြပြီး ဧရာဝတီမြစ် အတွင်းကျောက်စုပ်လုပ်ငန်းကို လုပ်ဆောင်ကြပြီး ၂ကြိမ်ရပ်ဆိုင်းထားသော်လည်း ယခုအခါ တိုင်းဒေသကြီးဝန်ကြီးချုပ်နုတ်မိန်ံဖြင့် ပြည်လည်လုပ်ဆောင်နေသောကြောင့် မြို့ မပျက်စေရန် အတွက် တားမြစ်စေလိုသော ကိစ္စ— လားရှိုးမြို့တွင်း TV ဂိမ်းလောင်းကစားများကို ဆိုင်ရှေ့တွင် အပျော် လို့ရေးထားပေမဲ့ နောက်ကွယ်တွင် အကြီးစား အလောင်းကစားများ လုပ်နေခြင်းကိစ္စ– မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေးဌာနခွဲမှ ဝန်ထမ်းများမှာ နိုင်ငံတော်အစိုးရပေးအပ်ထားသော တာဝန်များကို မထမ်းဆောင်ပဲ မိမိ ကိုယ်ကျိုအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကိစ္စ—- အစိုးရအဆက်ဆက်က ရဲတပ်ဖွဲ့ကို ခါးပိုက်ဆောင်တပ်ဖွဲ့လို့ သဘောထားခြင်းကိစ္စ— ရန်ကုန်မြို့ရှိ နိုင်ငံတကာလို့ပြောသော အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အငှားယာဉ်များ ရပ်လို့ မရတာ …Read more »

အနယ်နယ်အရပ်အရပ်ပေးလာတဲ့စာကို talk2dvb မှ တင်ဆက်ထားတဲ့အစဉ်

အနယ်နယ်အရပ်အရပ်ပေးလာတဲ့စာကို talk2dvb မှ တင်ဆက်ထားတဲ့အစဉ် တင်ဆက် – မသီတာ၊ မျိုးသာထက် ရိုက်ကူး – ဒီဗွီဘီ

Talk2DVB (၂၅ မတ် ၂၀၁၅)

25-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -အသစ်ဆိုပေမဲ့ အဟောင်းတွေပါဆိုတဲ့ မရမ်းကုန်းမြို့နယ် ရန်ကုန် အင်းစိန်လမ်းမကြီး သမိုင်းလမ်းဆုံကနေ ခဝဲခြံ(၁) လမ်းလောက်ထိလမ်းမီးကြီးတွေပျက်နေတာ ပလက်ဖောင်းတွေပျက်နေတာ ရေဆိုးမြောင်းတွေမရှိတော့ စွန့်ပစ်ရေဆိုးတွေက လမ်းမကြီးပေါ် အမြဲရှိနေတာ တွေကို ကားကြီးပေါ်ကနေ ဆင်းပြီး လမ်းလျှောက်စစ်ဆေးကြည့်ပါဦးလို့ ဖိတ်ခေါ်ထားတဲ့ကိစ္စ– -ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့တွင် မြို့ခံစီးပွားရေးသမားတွေရဲ့ စည်းကမ်းချိုးဖျတ်မှု အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့တာဝန်မဲ့မှုတွေကြောင့် မြို့နေလူထုများ အခက်ခဲကြုံနေရသောကိစ္စ– -တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ခုတ်ဝစာသင်ကျောင်းအနီး လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသောကြောင့် ကလေးငယ်များကျောင်းစာတွင် စိတ်ဝင်စားမှုနည်းပါးပြီး ၄င်းဂိမ်းခုံများ တွင်သာ အချိန်ကုန်နေကြပါသောကိစ္စ– -မြန်မာပြည် အမြို့မြို့ အနယ်နယ်ရှိ တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းများ အကျင့်ပျက် ချစားမှု၊ ဆေးဝါးမလံလောက်မှု၊ ဆရာဝန်မလုံလောက်မှု အစရှိသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးပေးပါရန် အတွက် မကွေးတိုင်း စလင်းမြို့နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ …Read more »

talk2dvb အစီအစဉ်

DVB TV – အနယ်နယ်အရပ်ရပ်ပေးပို့တဲ့စာများကို ဖတ်ကြားတင်ဆက်ထားတဲ့ talk2dvb အစီအစဉ်

talk2dvb အစီအစဉ်

talk2dvb အစီအစဉ် တင်ဆက် – မသီတာ၊ မျိုးသားထက် ရိုက်ကူး – အိသူဇာ၊ နန်းသိဂီ၊ ၀င်းကျော်သူ

Talk2DVB (၂၀ ဇန်န၀ါရီ ၂၀၁၅)

20-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -မီးလောင်တိုက်အတွင်းမှအော်သံများ ဆိုတဲ့ ဖျာပုံမြို့မှ မြို့လယ်ရပ်ကွက်အတွင်း လောင်စာဆီသိုလှောင်ေ၇ာင်းချခြင်းကြောင့် အများပြည်သူများနေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေရပါသောကိစ္စ -ပဲခူးတိုင်း ရေတာရှည်မြို့နယ်အမှတ်(၁)ရပ်ကွက်တွင် နှစ်လုံး၊ချဲ၊ ဘောလုံး လောင်းကစားများတရားမဝင်ပြုလုပ်နေကြောင်းကို ရေတာရှည်ရဲစခန်း နှင့် တောင်ငူ မြို့နယ် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့သို့ တိုင်ကြားပါသော်လည်း ဖမ်းဆီးခြင်းမပြုသောကိစ္စ တနင်္သာရီတိုင်း ထားဝယ်မြို့မှ ကျောင်းဆရာတစ်ဦး၏ ရင်ဖွင့်စာဖြစ်တဲ့တိုင်းဒေသကြီး ညွှန်ကြားရေးမှုးရုံးမှ ပင်စင်ယူသွားသော ညွှန်ကြားရေးမှုးအမည်ကိုသုံးပြီး 2015 Calender များကို တစ်စောင် 1500 ကျပ်ဖြင့် ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမများအား မဝယ်မနေရ(၃)စောင်နှုန်းဝယ်ရပါတယ်တစ်အိမ်တည်းနေမိသားစု ဆရာ/ဆရာမ (၂)ယောက်ဆိုရင်တော့ (၆) စောင်ဖြစ်သွားတဲ့ အတွက် ရတဲ့လစာ စားမလောက်ဖြစ်နေချိန်မှာ ဒီလိုရောင်းစားတဲ့ အတွက် စိတ်သောကအလွန်ရောက်ရပါကြောင်း -မကွေးတိုင်း မကွေးမြို့ပေါ်မှာ လမ်းများမှာအင်မတန်ဆိုးဝါးနေပြီး ချိုင့်ခွက်များနှင့် တစ်ချို့နေရာများတွင် လမ်းသားမမြင်ရပဲ သဲတောများဖြစ်နေပါတယ်အဲ့လိုလမ်းတွေမှာ …Read more »

Talk2dvb အစီအစဉ်

အနယ်နယ် အရပ်ရပ်မှပေးပို့လာတဲ့စာများ ကောင်းနိုးရာရာများကိုကောက်တင်ဆက်ထားတဲ့ Talk2dvb အစီအစဉ် တင်ဆက် – မသီတာ၊ မျိုးသာထက်