အားကစား

Latest
Most Viewed
Most Commented
ချန်ပီယံ ထွန်းထွန်းမင်း တိုကျိုမှာလုပ်တဲ့ ရိုးရာလက်ဝှေ့ပွဲမှာ ပြိုင်ဘက် သြဇီကို အလဲထိုး

တိုကျိုမြို့ မှာ ဒီနေ့ပြုလုပ်တဲ့ ပထမဆုံးအကြိမ် ရိုးရာလက်ဝှေ့ပွဲLethwei GP in Japan 2016 မှာ ချန်ပီယံ ထွန်းထွန်းမင်း က ပြိုင်ဘက် သြစတြေးလျ လက်ဝှေ့သမား အဒမ် ကို အလဲထိုးအနိုင်ရခဲ့ပါတယ်။ သူ့အနေနဲ့ အခုပွဲမှာ အနိုင်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူသလို ပရိတ်သတ်တွေအားပေးမှု အပါအ၀င် အဖက်ဖက်က ပံပိုးမှုတွေကြောင့်လို့ ဒီဗီဘီ ကိုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က ပွဲစီစဉ်သူဦးဝဏ္ဏ(မြန်မာမီဒီယာဂရု)ကတော့ အခုလို မြန်မာ့ရိုးရာလက်ဝှေ့ စစ်စစ်ကို ဂျပန်နိုင်ငံမှာ ပထမဆုံးအောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ မြန်မာပြည်သူများကိုယ်စား ၀မ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ Lethwei GP in Japan 2016မှာ ဂျပန်လူမျိုးအများအပြား ရုံပြည်လာရောက်ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်ကလည်း တက်ရောက်ဆုချီးမြှင့်ပါတယ်။ အခုပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ်(သြစတေလျ)၊ …Read more »

ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ် စီးခွင့်ပေးဖို့ တောင်းဆိုလှုပ်ရှား

ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ် စီးခွင့်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုအဖြစ် ဆိုင်ကယ် ဝါသနာရှင်တွေ စုပေါင်းပြီး Super Sunday ဆိုင်ကယ်စီးပွဲတော်ကို မေလ ၈ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီသတင်းကို ဒေါ်လေးလေးမွန် ပေးပို့ ထားပါတယ်။ DVB TV – 09.05.2016

DVB TV – အောင်လန်အန်ဆန်အတွက် ချန်ပီယံကာကွယ်ပွဲ မဟုတ်ပေမယ့် အကြိတ်အနယ်ရှိတဲ့ပွဲ

DVB TV – ဟဲဗီးဝိတ်ချိန်ပီယံ အယ်လိန်းနလာနီနဲ့ ပွဲဟာ အောင်လန်အန်ဆန်အတွက် ချန်ပီယံကာကွယ်ပွဲ မဟုတ်ပေမယ့် အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာနိုင်တယ်လို့ ပွဲစီစဉ်သူ က ပြောပါတယ်။ ဒီသတင်းကို လွှမ်မိုးအောင်က တင်ဆက်ထားပါတယ်။

ချန်ပီယံ ထွန်းထွန်းမင်းကို အကြီးတန်း လက်ဝှေ့ကျော် တူးတူးက စိန်ခေါ်ထိုးသတ် သွားမယ်

မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်း ကို အကြီးတန်းလက်ဝှေ့ကျော်တူးတူးက စိန်ခေါ်ထိုးသတ် သွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို လွှမ်းမိုးအောင်ကပေးပို့ထားပါတယ်။ DVB TV – 23.03.2016

မြန်မာ့ရိုးရာ လက်ဝှေ့ လောကထဲက လက်ဝှေ့ကျော် စိုးလင်းဦးရဲ့ ဘ၀ပုံရိပ်

အသက် ၁၂ နှစ် အရွယ်ကတည်းက မြန်မာ့ရိုးရာ လက်ဝှေ့ လောကထဲရောက်လာပြီး မြန်မာပြည်ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ လက်ဝှေ့ကျော် စိုးလင်းဦးရဲ့ ဖြတ်သန်းလာတဲ့ ဘ၀ပုံရိပ်တချို့ကို လွှမ်းမိုးအောင်က တင်ဆက်ထားပါတယ်။ ရိုက်ကူး-လျှမ်းလူ၊ လွှမ်းမိုးအောင် DVB TV – 24.10.2016

မွေ့ထိုင်း လက်ဝှေ့ကြိုးဝိုင်းထဲက ရွှေပြောင်းမြန်မာ လူငယ်တွေရဲ့ ပုံရိပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စီးပွားရေး လူမှုရေး နိုင်ငံရေးစတဲ့ အကြောင်းအမျိုးမျိုးနဲ့ မိသားစုတွေနဲ့အတူ ရွှေပြောင်းလာတဲ့ ရွှေပြောင်းမြန်မာ တိုင်းရင်းသားကလေးသူငယ် အများအပြား ရှိပါ တယ်။ ဒီထဲက ချို့တဲ့ တဲ့ ရွှေ့ပြောင်းတိုင်းရင်း သားလူငယ်တချို့ဟာ ထိုင်းကျောင်းတက် ရင်း မုန့်ဖိုးရဖို့ ထိုင်းလက်ဝှေ့ကို အချိန်ပိုင်း ကစားကြပါတယ်။ DVB Youth Voice – 14.06.2016

ယူ ၂၃ မြန်မာဘောလုံးသူရဲကောင်းတွေရဲ့ ဆီးဂိမ်းသွင်းဂိုးများ( ရုပ်သံ)

စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ အကောင်းဆုံးခြေစွမ်းပြပြီး အုပ်စုတွင်း ပြိုင်ဘက် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကဗ္ဘောဒီးယားအသင်းတွေကို စုစုပေါင်း သွင်းဂိုး ၁၄ တိတိ ဂိုးသွင်းယူပေးထားပါတယ်။ အုပ်စုဗိုလ်အဖြစ်ရှုံးပွဲမရှိ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာအသင်းရဲ့ ဆီးဂိမ်းသွင်းဂိုးတွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

ဗီယက်နမ်ကို ရှုံးခဲ့တဲ့ အကြိုဗိုလ်လုပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ပြော

ဗီယက်နမ်ကို ရှုံးခဲ့တဲ့ အကြိုဗိုလ်လုပွဲမှာ ကွင်းလယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ မြန်မာ အမျိုးသမီးအသင်းနည်းပြကပြောပါတယ်။ ဒီသတင်းကို လွှမ်းမိုးအောင်က ပေးပို့ထားပါတယ်။ DVB TV – 03.08.2016

DVB TV – နိုင်ငံတကာတွဲဆိုင်းတွေမှာ မြန်မာလက်ဝှေ့ကစားသမားတွေ အနိုင်ရ

DVB TV – ရန်ကုန်မှာ ပြုလုပ်သွားတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ နိုင်ငံတကာတွဲဆိုင်းတွေမှာ မြန်မာလက်ဝှေ့ကစားသမားတွေ အနိုင်ရခဲ့ပါတယ်။ ဒီသတင်းကို လွှမ်းမိုးအောင်ပေး ပို့ထားပါတယ်။