အားကစား

Latest
Most Viewed
Most Commented
ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲကို မြန်မာနိုင်ငံတွင်းမှ ပရိသတ်များ အားပေး

နယူးဇီလန် နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲမှာ မြန်မာအသင်း စတင်ယှဉ်ပြိုင်တဲ့ ပွဲကို မြန်မာနိုင်ငံတွင်းက ပရိတ်သတ်တွေ မြို့အသီးသီးမှာ တခဲနက် အားပေးကြပုံကို ဒေါ်ခင်မင်းဇော်တင်ဆက်ပေးထားပါတယ်။

၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၀ အသင်း

၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၀ အသင်းအနေနဲ့ အုပ်စုအဆင့်ကနေတက်ဖို့ အဓိကထား ကစားသွားမယ်လို့ မြန်မာယူ၂၀အသင်းရဲ့ အသင်းခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ဒီသတင်းကို ဦးမျိုးမင်းဦးက ပေးပို့ထားပါတယ်။

မြန်မာ့ရိုးရာ စွန်အလှပြိုင်ပွဲနဲ့ စွန်ဖြတ်ပြိုင်ပွဲ ပံ့ပိုးမှု လိုအပ်နေ

မြန်မာ့ရိုးရာ အားကစားတစ်ခုဖြစ်တဲ့ စွန်အလှပြိုင်ပွဲနဲ့ စွန်ဖြတ်ပြိုင်ပွဲမှာ အစိုးရရဲ့ ပံ့ပိုးမှု လိုတယ်လို့ စွန်ဖြတ်ပြိုင်ပွဲဝင် အားကစားသမားတွေက ပြောပါတယ်။ ဦးမျိုးဇော်လင်း သတင်းပေးပို့ထားပါတယ်။ DVB TV – 21.04.2015

၂၆ ကြိမ်မြောက် ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲ

၂၆ ကြိမ်မြောက် ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲကို မြ၀တီမဲဆောက် နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်မှာ ကျင်းပပြုလုပ်တဲ့ သတင်းကို ဒေါ်ခင်မင်းဇော်ပေးပို့ထားပါတယ်။ ရိုက်ကူး ဖိုးစီ DVB TV – 14.04.2015

မယ်မြန်မာပြိုင်ပွဲများ အခက်အခဲရှိနေ

မယ်မြန်မာပြိုင်ပွဲတွေအတွက်ပံပိုးမူအားနည်းနေတာကြောင့် အခက်အခဲတချို့နဲ့ရင်ဆိုင်နေရပါတယ်။ခင်နှင်းဖြူစိုးပေးပို့ထားတာပါ။ရိုက်-ခင်နှင်းဖြူစိုး

မြန်မာလက်ဝှေ့သမား ထိုင်းပြိုင်ဘက်ကို အလဲထိုး အနိုင်ရ

မြန်မာ့ရိုးရာ လက်ဝှေ့သမား ထွန်းထွန်းမင်းက ထိုင်းလက်ဝှေ့သမား ဆူရာချိုင်းကို အောက်ခြေပိုင်း ကန်ချက်တွေအသုံးပြုပြီး အလဲထိုး အနိုင်ရခဲ့ပါတယ်။ ဦးစိုးညီက သတင်းပေးပို့ထားပါတယ်။ ‪#‎DVBTV‬ – 02.04.2015

အာရှ ယူ၂၃ တိုက်ရိုက်ခြေစစ်ပွဲ အောင်ခွင့်နဲ့ မြန်မာအသင်း လွဲချော်

၂၀၁၆ ခုနှစ်အတွက် အာရှ ယူ ၂၃ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ် နောက်ဆုံးပွဲစဉ်မှာ မြန်မာက သြစတြေးလျားကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်ခွင့်နဲ့ လွဲချော်သွားပါတယ်။ DVB TV – 31.03.2015

မန္တလေးမြို့ YMCA သင်တန်းကျောင်းမှာ ကျိုခ့်ရှင်း ကာရာတေး စွမ်းအင်ပြသ

မန္တလေးမြို့ YMCA သင်တန်းကျောင်းမှာ မတ်လ ၂၈ ရက်နေ့က ကရာတေးစွမ်းအင်ပြပွဲ ပြုလုပ်ခဲ့တဲ့ သတင်းကို ဒေါ်ခင်မင်းဇော်ပေးပို့ထားပါတယ်။ ရိုက်ကူး အောင်အောင်