အားကစား

Latest
Most Viewed
Most Commented
DVB Live – မြန်မာယူ၂၃အသင်းကို ကြိုဆိုနေမှု တိုက်ရိုက်တင်ပြချက်

၂၀၁၅ ဆီးဂိမ်းမှာ ငွေတံဆိပ် ဆွတ်ခူးခဲ့တဲ့ မြန်မာယူ ၂၃ အသင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အားကစားဝန်ကြီးဌာန အပါအဝင် အခြား ဌာနဆိုင်ရာတွေနဲ့ ဘောလုံးပရိတ်သတ်တွေ လာရောက်ကြိုဆိုမှု မြင်ကွင်း ညနေ ၃း၃၀ နာရီ တိုက်ရိုက် တင်ဆက်မှု။

အားကစားစိတ်ဓာတ်အပြည့်နဲ့ နိုင်ငံကြီးသား ပီသစွာ အားပေးသွားမယ်

ထိုင်းမြန်မာဆီးဂိမ်းဗိုလ်လုပွဲမှာ ရလာမယ့် ရလဒ်ကို အားကစားစိတ်ဓာတ်အပြည့်နဲ့ နိုင်ငံကြီးသား ပီသစွာအားပေးသွားမယ်လို့ မြန်မာပရိသတ်တချို့က ပြောပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ DVB TV – 15.06.2015

DVB Live – မြန်မာယူ၂၃ ဖိုင်နယ်ပွဲ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်နဲ့ တိုက်ရိုက်မေးမြန်းချက်

မြန်မာယူ ၂၃ အသင်းဟာ ဒီကနေ့ညမှာ ဆီးဂိမ်း ဗိုလ်လုပွဲအဖြစ် ပြိုင်ဖက် ထိုင်းအသင်းနဲ့ မြန်မာအချိန် ည ၇ နာရီမှာ ယှဉ်ပြိုင်ရမှာပါ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ မြန်မာယူ ၂၃အသင်းရဲ့ ပြင်ဆင်လေ့ကျင့် နေမှု အခြေအနေတွေနဲ့ ပက်သက်လို့ စင်္ကာပူမှာ ရှိနေတဲ့ အသင်း မန်နေဂျာ ဦးသန်းတိုးအောင်ကို တိုက်ရိုက်မေးမြန်းချက်ကို ရှုစားကြည့်ရအောင်ပါ။ DVB TV Live – 15.06.2015

ယူ ၂၃ မြန်မာဘောလုံးသူရဲကောင်းတွေရဲ့ ဆီးဂိမ်းသွင်းဂိုးများ( ရုပ်သံ)

စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ အကောင်းဆုံးခြေစွမ်းပြပြီး အုပ်စုတွင်း ပြိုင်ဘက် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကဗ္ဘောဒီးယားအသင်းတွေကို စုစုပေါင်း သွင်းဂိုး ၁၄ တိတိ ဂိုးသွင်းယူပေးထားပါတယ်။ အုပ်စုဗိုလ်အဖြစ်ရှုံးပွဲမရှိ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာအသင်းရဲ့ ဆီးဂိမ်းသွင်းဂိုးတွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

ကမ္ဘောဒီးယား-မြန်မာ ယူ၂၃ ဘောလုံးပွဲစဉ် Goal Highlights

ဆီးဂိမ်း ယူ ၂၃ ဘောလုံးပွဲမှာ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ဇွန် ၁၀ ရက်က ယှဉ်ပြိုင်ကစားရာ ၃-၃ ဂိုးနဲ့ သရေကျပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မြန်မာယူ၂၀အသင်း အိမ်အပြန် ပရိသတ်တွေ ကြိုဆိုဂုဏ်ပြု

ဖီဖာ ကမ္ဘာဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲမှာ မြန်မာ ယူ ၂၀အသင်းက အုပ်စုကထွက်ခဲ့ရပေမယ့် အိမ်အပြန်လေဆိပ်မှာတော့ ပရိတ်သတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။ DVB TV – 08.06.2015

ဆီးဂိမ်း ယူ၂၃ မြန်မာ-ဖိလစ်ပိုင်ပွဲစဉ် Goal Highlights

မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယ ပွဲစဉ်အဖြစ် ဒီနေ့ ယှဉ်ပြိုင်ကစားရာ မြန်မာယူ ၂၃ အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဇွန် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ မြန်မာယူ ၂၃ အသင်းဟာ အနီရောင်ဂျာစီကို ၀တ်ဆင်ပြီး ဖိလစ်ပိုင်အသင်းကတော့ အဖြူရောင်ဂျာစီကို ၀တ်ဆင်ကစားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က) မှာ အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုး၊ ဖိလစ်ပိုင်အသင်းကို ၅-၁ ဂိုးတို့နဲ့ အနိုင်ရရှိထားပြီး သုံးပွဲကစား သုံးပွဲနိုင်၊ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် …Read more »

မြန်မာ ၂ – ၁ စင်္ကာပူ Goal Highlights

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်မှာ မြန်မာ ယူ-၂၃ အသင်းက စင်္ကာပူအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ၂၄ မိနစ်မှာတော့ စင်္ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ မြန်မာအသင်းက ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ ၃၄ မိနစ်မှာတော့ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်သွားလို့ စင်္ကာပူကို ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စင်ကာပူရှေ့တန်းလူ ကျောနံပါတ် ၁၀ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။ ပွဲစဉ် ၆၁ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို မြန်မာအသင်းရဲ့ အလယ်တန်းကစားသမား ကျောနံပါတ် ၂၁ ရဲကိုဦးက မြေထောင့်သွင်းယူပြီး ၂-၁ …Read more »

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို မြန်မာကစားနည်းအဖြစ် ထည့်သွင်းဖို့ ကြိုးစား

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို မြန်မာအားကစားနည်းတစ်ခုအဖြစ် ထည့်သွင်းဖို့ကြိုးစားသွားမယ်လို့ ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးကပြောပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ DVB TV – 04.06.2015