အားကစား

Latest
Most Viewed
Most Commented
မြန်မာ့လက်ရွေးစင်ဟောင်းတွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရ

အစိုးရရဲ့ ပံ့ပိုးမှု အားနည်းခဲ့တဲ့အတွက် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်ဟောင်းတွေဟာ လက်ရှိအချိန်မှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အပြေးချန်ပီယံဟောင်း တစ်ဦးက ပြောပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေးက ပေးပို့ထားပါတယ်။ DVB TV – 21.12.2015

နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခု ရန်ကုန်မြို့မှာ တည်ဆောက်

မြန်မာလူငယ် စကိတ် ဝါသနာရှင်တွေအတွက် နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခုကို နိုင်ငံခြား စကိတ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ make like skate life အဖွဲ့က ကူညီတည်ဆောက်ပေးထားပါတယ်။ ကောင်းထက်ကျော်ရဲ့ သတင်းပေးပို့ချက်မှာ ရှုစားကြည့်နိုင်ပါတယ်။ DVB Youth Voice – 14.12.2015

အစိုးရသစ်လက်ထက်မှာ မြန်မာ့ အားကစား ပြန်လည်မြှင့်တင်ဖို့ မျှော်လင့်

အရင် အစိုးရလက်ထက်က ဖွံဖြိုးမှုအားနည်းခဲ့တဲ့ မြန်မာအားကစားကို အစိုးရသစ်လက်ထက်မှာ ပြန်လည်မြှင့်တင်ဖို့နဲ့ အားကစား သမားကောင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေသူတွေ ရှိပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ ရိုက်ကူး – ဝဏ္ဏထွန်း DVB TV – 08.12.2015

တောင်တက် အားကစား နည်းအပေါ် အစိုးရ ပံ့ပိုးပေးမှု အလွန်အားနည်းနေ

မြန်မာနိုင်ငံမှာ တောင်တက် အားကစား နည်းအပေါ် အစိုးရရဲ့ ပံ့ပိုးပေးမှု အလွန်အားနည်းနေတယ်လို့ တောင်တက်မျိုးဆက်အဖွဲ့တွေက ဝေဖန်သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဒေါ်လေးလေးမွန် ပေးပို့ထားပါတယ်။ DVB TV – 08.12.2015

Paint Ball ဆေးရောင်ခြယ် သေနတ်ပစ် ကစားနည်း လူငယ်တွေကြား ရေပန်းစား

Paint Ball လို့ခေါ်တဲ့ ဆေးရောင်ခြယ် သေနတ်ပစ် ကစားနည်းဟာ မန္တလေးမြို့က လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။ စောနန်း သတင်းပေးပို့ထားပါတယ်။ DVB TV – 16.11.2015

ကျောင်းပိုင်မြေမှာ အားကစားကွင်း တည်ဆောက်တာကို တားမြစ်လာရင် တုံ့ပြန်မည်

မန္တ​လေးမြို့ ချမ်းအေးသာစံ​မြို့နယ်​ အမှတ်​၅ အ​ထက​ကျောင်းဝင်းအတွင်းက ကျောင်းပိုင်မြေမှာ အားကစားကွင်း တည်ဆောက်နေတာကို ပညာရေးဝန်ကြီးဌာနက အတင်းအကျပ် ကန့်ကွက်တားမြစ်လာရင် ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး – အိမ်ခိုင်မြဲ DVB TV – 11.09.2015

ပစ်စလက်ခတ် တာဝန်ပေးလိုက်တာလို့ ယူ ၂၃ အသင်း မန်နေဂျာ ဝေဖန်

၂၀၁၅ ဆီးဂိမ်းမှာ ငွေတံဆိပ်ဆွတ်ခူးခဲ့တဲ့ မြန်မာယူ၂၃ အသင်း ဒီနေ့ညနေ ပြန်လည်ရောက်ရှိလာချိန်မှာ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က လူငယ်တွေက ငယ်ငယ်ကထဲ ကျွေးမွေးပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုကြောင်း၊ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့်သာ လူငယ်တွေကို ငယ်ကထဲက ပြုစုပျိုးထောင်လာတဲ့ ထိုင်းကို ၃ဂိုးရှုံးတာဖြစ်ပြီး အခြေအနေချင်းတူရင် ထိုင်းကို (၁၀)ဂိုးလောက် သွားပစ်လိုက်မှာပေါ့၊ National economy နဲ့ အားကစားနဲ့က တိုက်ရိုက် သက်ဆိုင်တယ်လို့ မီဒီယာတွေကို ဖြေကြားသွားပါတယ်။ အခု စင်္ကာပူနိုင်ငံမှာ ပြုလုပ်သွားတဲ့ ၂၀၁၅ ဆီးဂိမ်း အုပ်စုပွဲစဉ်တွေမှာ မြန်မာယူ၂၃ အသင်းဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အိမ်ရှင် စင်္ကာပူအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရှုံးပွဲမရှိ ဆီးမီးဖိုင်နယ် တက်လာတဲ့အပေါ် နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့ ပရိသတ်အားပေးမှုတွေကို ရရှိလာခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲမှာ …Read more »

အသင်းက စုစည်းမှုအားကောင်းတယ် – ယူ၂၃ အသင်းခေါင်းဆောင် နေလင်းထွန်း

၂၀၁၅ ဆီးဂိမ်းမှာ ငွေတံဆိပ် ဆွတ်ခူးလာတဲ့ မြန်မာယူ၂၃ အသင်း ဒီနေ့ညနေ ရန်ကုန်လေဆိပ် ပြန်လည်ရောက်ရှိလာပါတယ်။ အသင်းက စုစည်းမှုအားကောင်းတယ်လို့ မြန်မာယူ၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းက လေဆိပ်က မထွက်ခင်မှာ ဒီဗီဘီကို ဖြေကြားသွားပါတယ်။ မြန်မာယူ၂၃ အသင်းကို ထောင်နဲ့ချီတဲ့ ပရိသတ်တွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြသလို အပြန်လမ်းတလျှောက်မှာလည်း ပြည်သူတွေက အားပေးကြိုဆိုခဲ့ကြပါတယ်။ ရိုက်ကူး – ကောင်းထက်ကျော် DVB TV – 17.06.2015

DVB Live – မြန်မာယူ၂၃ အသင်းကို လေဆိပ်မှာ လာကြိုဆိုကြတဲ့ ပရိသတ် ရင်ခုန်သံများ

၂၀၁၅ ဆီးဂိမ်းမှာ ငွေတံဆိပ် ဆွတ်ခူးခဲ့တဲ့ မြန်မာယူ ၂၃အသင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လာရောက်ကြိုဆိုကြတဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်တွေက တချို့ကို တိုက်ရိုက်မေးမြန်းတင်ဆက်ထားပါတယ်။