ရုပ်သံမှတ်တမ်း

မြန်မာ့သမိုင်းထဲက အရေးပါသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ဖြစ်ရပ်နှင့် နိုင်ငံတကာနေ့ထူးနေ့မြတ်များ၏ နောက်ခံဖြစ်ရပ်များ၊ သတင်းနောက်ခံ ဖြစ်ရပ်ကြီးများ၊ ထူးခြားသော ဘ၀အတ္ထုပတ္တိများ၊ စုံစမ်းထောက်လှမ်း မှတ်တမ်းရုပ်ရှင်များကို တင်ပြသည့် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
ရေဘုရင်မိကျောင်းကို ရေထဲမှာ ပြန်လည်တိုက်ခိုက်သည့် ခြင်္သေ့ (ရုပ်သံ)

ခြင်္သေ့တကောင်ဟာ မိကျောင်းတကောင်ရဲ့အနံ့ကို ရပေမယ့် မြစ်ချောင်းကို မကူးမဖြစ် ကူးဖြတ်ရမယ့်အတွက် ရေထဲကဖြတ်ပြီး ဆင်းကူးခဲ့ပါတယ်။ ရေထဲက သားကောင်ချောင်းနေတဲ့ မိကျောင်းကလည်း ခြင်္သေ့ရေထဲ ဆင်းဆင်းချင်း နောက်ကနေ လိုက်ပါတော့တယ်။ မိကျောင်းကြီးက ခြင်္သေ့ရဲ့ လည်ကုတ်ကို လှမ်းဟပ်လိုက်ချိန်မှာ ၂ ကောင်လုံး ရေထဲနှစ်မြှုပ်သွားပြီး မိချောင်းစာဖြစ်သွားပြီလို့ ထင်ရတဲ့ ခြင်္သေ့က မိကျောင်းပါးစပ်ကလွတ် ရေပေါ်ချက်ခြင်းပေါ်ကာ အမြန်ကူးခတ်ပြီး လွတ်မြောက်သွားတာကို မတ် ၂၅ ရက်နေ့ကတင်ထားတဲ့ ရုပ်သံထဲမှာ မြင်ရပါတယ်။ နောက်ထပ်ရုပ်သံမြင်ကွင်း တခုထဲမှာတော့ ရေထဲကူးဖြတ်လာတဲ့ ခြင်္သေ ၂ ကောင် နောက်ကို မိကျောင်းက လိုက်လံတိုက်ခိုက်ခဲ့ပြီး ခြင်္သေတကောင် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ချိန်မှာ အခြားတကောင်ကတော့ နောက်က လိုက်လာတဲ့ မိကျောင်းနဲ့ လွတ်မြောက်ရေးအတွက် အသေအကြေ တိုက်ခိုက်ခဲ့ရတာပါ။ နောက်ဆုံးမှာ မိကျောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ …Read more »

အနာဂတ်တစ္ဆေအခြောက်ခံနေရတဲ့ သရက်မြို့ရုပ်သံ

အနာဂတ်တစ္ဆေအခြောက်ခံနေရတဲ့ သရက်မြို့ရုပ်သံ ရိုက်ကူး၊ တင်ဆက်၊ တည်းဖြတ် – မင်းညို

DVB TV – သမီးငယ်လေးသေဆုံးမှု တရားခံ စုံစမ်းဖော်ထုတ် တဲ့ဖခင်တစ်ယောက်အကြောင်းရုပ်သံ

DVB TV – သမီးငယ်လေးသေဆုံးမှု တရားခံ စုံစမ်းဖော်ထုတ် တဲ့ဖခင်တစ်ယောက်အကြောင်းရုပ်သံ တင်ဆက်၊ ရိုက်ကူး၊ တည်းဖြတ် – ခိုင်ပန်းနု

လယ်တောအိမ်စောင့်ကို ခွေးကြီးက ကြောက်မက်ဖွယ်ကိုက်သတ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ဟရားနားပြည်နယ်က ပန်နီပက်မြို့မှာ လယ်တောအိမ်စောင့်တဦးကို ရော့တ်ဝဲလာ ခွေးကြီးက ရက်ရက်စက်စက် ကိုက်သတ်လိုက်ပါတယ်။ လယ်တောအိမ်စောင့်ကို ကိုက်သတ်ပြီး အလောင်းပေါ်မှာ စောင့်ကြည့်နေတဲ့ ခွေးကြီးကို မြင်ပြီး ရဲတွေလည်း ထိတ်လန့်သွားတယ်လို့ သည်ဆန်းရဲ့ မေလ ၁၂ ရက်သတင်းမှာ ဖော်ပြထားပါတယ်။ လယ်တောအိမ်စောင့် မာနီရမ်က မနက် ၅ နာရီခွဲလောက် အလုပ်က ပြန်လာပြီး အိမ်စောင့်ခွေးကို ကြိုးဖြည်လွှတ်ပေးချိန်မှာ ခွေးက သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အားသန်ပြီး ရက်စက်လှတဲ့ ခွေးကြီးက အသက် ၅၂ နှစ်အရွယ် မာနီရမ်ရဲ့ လည်ပင်းကိုကိုက်ပြီး အသေသတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခွေးက ကိုက်သတ်ပြီးနောက် မရပ်ပဲ မာနီရမ်ရဲ့ မျက်နှာကို တိုက်ခိုက်၊ လက်တွေနဲ့ ရင်ဘတ်က …Read more »

DVB TV – ဦးကိုနီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာ ကျွမ်းကျင်သူရုပ်သံ

DVB TV – ဦးကိုနီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာ ကျွမ်းကျင်သူရုပ်သံ ရိုက်ကူး – ဒီဗွီဘီ သတင်းထောက်များ တင်ဆက်၊ တည်းဖြတ် – မောင်တူး

ရထားရှေ့ ခုန်ဆင်းပြီး သေကြောင်းကြံသည့်အမျိုးသမီးကို ရထားဝန်ထမ်း ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းဖူကျင်းခရိုင် မြို့တမြို့က ရထားဘူတာရုံမှာ ခုတ်မောင်းလာတဲ့ ရထားရှေ့ကို အမျိုးသမီးတဦး ပလက်ဖောင်းပေါ်ကနေ ပြေးဆင်းပြီး ကိုယ့်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပါတယ်။ စက္ကန့်ပိုင်းအချိန်လေးမှာ ရထားဝန်ထမ်းတဦးက အမျိုးသမီးရဲ့နောက်ဘက်ကနေ ဆွဲလိုက်ပြီး အသက်ကယ်တင်နိုင်ခဲ့တယ်လို့ မေရာရဲ့ မေလ ၁၂ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ ရထားဝန်ထမ်းရဲ့ ကယ်ဆယ်မှုကို ဘူတာရုံကင်မရာတွေက ဖမ်းယူရိုက်ကူးမိခဲ့ပြီး ရုပ်သံထဲမှာ စက္ကန့်ပိုင်းအတွင်း ဇာတ်ကွက်ဆန်ဆန် ကယ်တင်လိုက်မှုကို မြင်ရမှာပါ။ ရထားက ဘူတာရုံဆီ ဆိုက်ရောက်လာတော့မယ့်အချိန်မှာ ပလက်ဖောင်းပေါ်က အမျိုးသမီးကို ရထားဝန်ထမ်း ဝမ်က ကြည့်နေတာကို မြင်ရပါတယ်။ တက္ကသိုလ်ကျောင်းသူလို့ သိရတဲ့ အမျိုးသမီးက ရုတ်တရက် ရှေ့ကို ပြေးထွက်သွားပြီး လာနေတဲ့ရထားရှေ့ ခုန်ဆင်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအချိန်မှာ ရထားဝန်ထမ်းလည်း ချက်ခြင်း အမျိုးသမီးနောက် လိုက်ပြီး နောက်ဘက်ကနေ …Read more »

DVB TV – မြန်မာ့ဘောလုံး အမျိုးသမီးအသင်း ယမင်းလွင်ရုပ်သံ

DVB TV – မြန်မာ့ဘောလုံး အမျိုးသမီးအသင်း ယမင်းလွင်ရုပ်သံ ရိုက်ကူး – ထက်လူ တင်ဆက် – ဟေမာဝင်း တည်းဖြတ် – မင်းလူ

DVB TV – ဂျူဒိုမယ် ခင်ချမ်းမြေ့သူ ရုပ်သံမှတ်တမ်း

DVB TV – ဂျူဒိုမယ် ခင်ချမ်းမြေ့သူ ရုပ်သံမှတ်တမ်း အမျိုးသားတွေအတွက် လေ့ကျင့်ဖို့ခက်ခဲတဲ့ ကိုယ်ခန္ဓာပညာပေါင်းစုံ တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်း အသက်မွေးခဲ့သူ လက်ရှိနိုင်ငံတကာ ဂျူဒိုဒိုင်လူကြီး ခင်ချမ်းမြေ့သူ အကြောင်း ရုပ်သံမှတ်တမ်း ရိုက်ကူးတည်းဖြတ် – ထက်လူ တင်ဆက် – ဟေမာဝင်း

တစ္ဆေ ဖမ်းသူများ

DVB TV – တစ္ဆေ ဖမ်းသူများ ရုပ်သံမှတ်တမ်း ဆေးရုံဟောင်းတခုမှာ ခြောက်လှန့်မှုတွေ ရှိနေခဲ့တယ်…. ခြောက်လှန့်မှုတွေဟာ တကယ်လား??? ကောလဟာလတွေပဲလား??? မမြင်နိုင်တဲ့အရာတွေ တကယ်ပဲ ရှိနေတာလား??? မမြင်နိုင်တဲ့အရာတွေကို စူးစမ်းဖို့အတွက် ပြင်ဆင်နေတဲ့ အဖွဲ့တခုရှိတယ်၊ သူတို့က …… Ghost Hunter Myanmar… ရိုက်ကူး – သူရစိုး၊ ခိုင်ပန်းနု တင်ဆက် – ခိုင်ပန်းနု တည်းဖြတ် – ထက်လူ၊ ခိုင်ပန်းနု DVB TV – 04.07.2017