ရုပ်သံမှတ်တမ်း

မြန်မာ့သမိုင်းထဲက အရေးပါသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ဖြစ်ရပ်နှင့် နိုင်ငံတကာနေ့ထူးနေ့မြတ်များ၏ နောက်ခံဖြစ်ရပ်များ၊ သတင်းနောက်ခံ ဖြစ်ရပ်ကြီးများ၊ ထူးခြားသော ဘ၀အတ္ထုပတ္တိများ၊ စုံစမ်းထောက်လှမ်း မှတ်တမ်းရုပ်ရှင်များကို တင်ပြသည့် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
လယ်တောအိမ်စောင့်ကို ခွေးကြီးက ကြောက်မက်ဖွယ်ကိုက်သတ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ဟရားနားပြည်နယ်က ပန်နီပက်မြို့မှာ လယ်တောအိမ်စောင့်တဦးကို ရော့တ်ဝဲလာ ခွေးကြီးက ရက်ရက်စက်စက် ကိုက်သတ်လိုက်ပါတယ်။ လယ်တောအိမ်စောင့်ကို ကိုက်သတ်ပြီး အလောင်းပေါ်မှာ စောင့်ကြည့်နေတဲ့ ခွေးကြီးကို မြင်ပြီး ရဲတွေလည်း ထိတ်လန့်သွားတယ်လို့ သည်ဆန်းရဲ့ မေလ ၁၂ ရက်သတင်းမှာ ဖော်ပြထားပါတယ်။ လယ်တောအိမ်စောင့် မာနီရမ်က မနက် ၅ နာရီခွဲလောက် အလုပ်က ပြန်လာပြီး အိမ်စောင့်ခွေးကို ကြိုးဖြည်လွှတ်ပေးချိန်မှာ ခွေးက သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အားသန်ပြီး ရက်စက်လှတဲ့ ခွေးကြီးက အသက် ၅၂ နှစ်အရွယ် မာနီရမ်ရဲ့ လည်ပင်းကိုကိုက်ပြီး အသေသတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခွေးက ကိုက်သတ်ပြီးနောက် မရပ်ပဲ မာနီရမ်ရဲ့ မျက်နှာကို တိုက်ခိုက်၊ လက်တွေနဲ့ ရင်ဘတ်က …Read more »

ရထားရှေ့ ခုန်ဆင်းပြီး သေကြောင်းကြံသည့်အမျိုးသမီးကို ရထားဝန်ထမ်း ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းဖူကျင်းခရိုင် မြို့တမြို့က ရထားဘူတာရုံမှာ ခုတ်မောင်းလာတဲ့ ရထားရှေ့ကို အမျိုးသမီးတဦး ပလက်ဖောင်းပေါ်ကနေ ပြေးဆင်းပြီး ကိုယ့်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပါတယ်။ စက္ကန့်ပိုင်းအချိန်လေးမှာ ရထားဝန်ထမ်းတဦးက အမျိုးသမီးရဲ့နောက်ဘက်ကနေ ဆွဲလိုက်ပြီး အသက်ကယ်တင်နိုင်ခဲ့တယ်လို့ မေရာရဲ့ မေလ ၁၂ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ ရထားဝန်ထမ်းရဲ့ ကယ်ဆယ်မှုကို ဘူတာရုံကင်မရာတွေက ဖမ်းယူရိုက်ကူးမိခဲ့ပြီး ရုပ်သံထဲမှာ စက္ကန့်ပိုင်းအတွင်း ဇာတ်ကွက်ဆန်ဆန် ကယ်တင်လိုက်မှုကို မြင်ရမှာပါ။ ရထားက ဘူတာရုံဆီ ဆိုက်ရောက်လာတော့မယ့်အချိန်မှာ ပလက်ဖောင်းပေါ်က အမျိုးသမီးကို ရထားဝန်ထမ်း ဝမ်က ကြည့်နေတာကို မြင်ရပါတယ်။ တက္ကသိုလ်ကျောင်းသူလို့ သိရတဲ့ အမျိုးသမီးက ရုတ်တရက် ရှေ့ကို ပြေးထွက်သွားပြီး လာနေတဲ့ရထားရှေ့ ခုန်ဆင်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအချိန်မှာ ရထားဝန်ထမ်းလည်း ချက်ခြင်း အမျိုးသမီးနောက် လိုက်ပြီး နောက်ဘက်ကနေ …Read more »

DVB TV – စစ်တုရင် ချန်ပီယံရုပ်သံ

DVB TV – စစ်တုရင် ချန်ပီယံရုပ်သံ ရိုက်ကူး – ထက်လူ၊ မိုးပြည့် တင်ဆက် ၊ တည်းဖြတ် – ထက်လူ

DVB TV – ၂၀၁၇ မေဒေးနှင့် အလုပ်သမားအရေးရုပ်သံ

DVB TV – ၂၀၁၇ မေဒေးနှင့် အလုပ်သမားအရေးရုပ်သံ ရိုက်ကူး၊ တင်ဆက် – စောဖိုးစီ တင်ဆက်၊ တည်းဖြတ် – မောင်တူး

စစ်တုရင် ကစားသူများ ရုပ်သံမှတ်တမ်း

စစ်တုရင် ကစားသူများ ရုပ်သံမှတ်တမ်း မြန်မာနိုင်ငံအတွက် ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ယူပေးပြီး မိသားစုတစ်ခုလုံး ထိပ်တန်းစစ်တုရင် ကစားသမားတွေစုနေတဲ့ စစ်တုရင်ကစားသမား ဝင်းထွန်းနဲ့ သူ့ရဲ့မိသားစုအကြောင်း ရုပ်သံမှတ်တမ်း တင်ဆက် – ထက်လူ ရိုက်ကူး – ထက်လူ၊ မိုးပြည့် DVB TV – 27.04.2017

DVB TV – ပုဂံ ယာကျေးမှုနယ်မြေ ယဉ်ကျေးလိမ္မာသင်တန်းရုပ်သံ

DVB TV – ပုဂံ ယာကျေးမှုနယ်မြေ ယဉ်ကျေးလိမ္မာသင်တန်းရုပ်သံ ရိုက်ကူး – စံထွေးအောင် တည်းဖြတ်၊ တင်ဆက် – မောင်တူး

DVB TV – လူကြမ်းမင်းသားကြီး ဇော်မှိုင်း အပိုင်း(၇) ရုပ်သံ

DVB TV – လူကြမ်းမင်းသားကြီး ဇော်မှိုင်း အပိုင်း(၇) ရုပ်သံ တင်ဆက် – စောဖိုးစီ တင်ဆက်၊ တည်းဖြတ် – မောင်တူး

DVB TV – လူကြမ်းမင်းသား ဇော်မှိုင်း ဘ၀အကြောင်းရုပ်သံ

DVB TV – လူကြမ်းမင်းသား ဇော်မှိုင်း ဘ၀အကြောင်းရုပ်သံ ရိုက်ကူး၊ တင်ဆက် – စောဖိုးစီ တည်းဖြတ် – မောင်တူး

DVB – ၁၇ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ရုပ်သံမှတ်တမ်း

DVB – ၁၇ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ရုပ်သံမှတ်တမ်း