တို့ပြည် တို့မြေ

မြန်မာပြည် တောင်ဖျားမှသည် မြောက်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ နေရာစုံ ဒေသစုံ တမူထူးခြားသည့် သဘာဝ ပတ်ဝန်းကျင် အလှအပများ။ မတူသော ရုပ်ရည်သွင်ပြင်၊ မတူသော ဘာသာစကား၊ မတူသော ဓလေ့ထုံးစံတို့ဖြင့် ရှင်သန်နေကြသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ဘ၀များ၊ နှစ်သက်မြတ်နိုးဖွယ် သဘာဝများနှင့် တန်ဖိုးထား လေးစားဖွယ် ယဉ်ကျေးမှုများ။ ဝေးလံခေါင်ဖျား ဒေသက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းခြင်းရာများ။ လူမသိ သူမသိ စိတ်ဝင်းစားဖွယ် ဖြစ်ရပ်များ။ မြို့ကြီးပြကြီးနှင့် ဝေးကွာကမ်းလှမ်းသော ကျေးလက်ဒေသ ပြည်သူလူထု၏ နေ့စဉ်ဘ၀နှင့် သူတို့ ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ရောစပ် တင်ပြထားသည့် ခရီးသွား သတင်းနှင့် ပညာပေး အစီအစဉ်။

Latest
Most Viewed
Most Commented
သုဝဏ္ဏဘူမိမြေ သထုံ အနီးတ၀ိုက် တို့ပြည်တို့မြေ

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ထိုင်းနိုင်ငံက ကျွန်းတွေပေါ်မှာ သွားရောက် အလုပ်လုပ်ခဲ့ပြီး ကိုယ့်ဇာတိမြေကို ပြန်လာပြီး စက်လှေမောင်းတယ် ၊ ကိုယ့်ဇာတိမြေမှာ အနီးအနားတ၀ိုက်က လာရောက်လည်ပတ်ချင်သူတွေအတွက် လှေမောင်းရင်း ဧည့်လမ်းညွှန်အလုပ်ကို လုပ်ကိုင်နေတဲ့ လူတစ်ယောက်အကြောင်း၊ မြန်မာယဉ်ကျေးမှု အနုပညာကို လက်ဆင့်ကမ်း အမွေပေးနေတဲ့ သုဝဏ္ဏဘူမိမြေ က ဆိုင်းဆရာ ဦးစိန်ကုလား အကြောင်း စတဲ့ သထုံ အနီးတ၀ိုက်က လူမှုဘ၀တွေအကြောင်းကို ဒီတပတ် တို့ပြည်တို့မြေ အစီအစဉ်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ DVB TV – 27.08.2017

တို့ပြည် တို့မြေအစီအစဉ်မှ ကရင်ပြည်နယ် ဘားအံနှင့်အနီးတဝိုက်

ဇွဲကပင်တောင်ခြေနားက ကရင်လူငယ်တယောက်ရဲ့ ဂီတအိပ်မက်တွေ သံလွင်တဖက်ကမ်း ဆယ်ကျော်သက် လက်ဝှေ့ကျောင်းသားတယောက် သောင်ရင်းချောင်းနားက KNLA အမျိုသမီးစစ်သည် တယောက်နဲ့ ဆဒ္ဒန်ဂူနားက ကူးတု့လှေငယ်ရှင် တွေအကြောင်း ရှုစားရမယ့် တို့ပြည် တို့မြေအစီအစဉ် ကရင်ပြည်နယ် ဘားအံနှင့်အနီးတဝိုက် လူမှုဘ၀အခြေအနေများ

နတ်ဖွက်တဲ့မြို့ တနင်္သာရီ အနီးတ၀ိုက် တို့ပြည်တို့မြေ

တနင်္သာရီ တိုင်းဒေသကြီးထဲမှာရှိတဲ့ တနင်္သာရီမြို့လေးအကြောင်း ကြားဖူးကြပါသလား။ အခုတပတ် တို့ပြည်တို့မြေအစီအစဉ်ကနေ ထုတ်လွှင့်တင်ဆက် ပေးသွားမှာကတော့ နတ်ဖွက်တဲ့မြို့ လို့ တင်စားခေါ်ဝေါ်ရလောက်အောင် လူသိနည်းတဲ့ တနင်္သာရီ တိုင်းဒေသကြီးထဲမှာရှိတဲ့ တနင်္သာရီမြို့လေးအကြောင်းပဲ ဖြစ်ပါတယ်။ DVB TV – 08.04.2017

DVB TV – “စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ အနီးတဝိုက်က လူနေမှုဘဝ”

DVB TV – စစ်ကိုင်းတိုင်းမြောက်ပိုင်း ကချင်ပြည်နယ်အစပ် မော်လူးဒေသမှာရှိတဲ့ လူနေမှုဘဝတွေထဲက အစဉ်အဆက် ပန်ပဲလုပ်ငန်းကိုလုပ်ကိုင်ခဲ့တဲ့ “ဆရာသိန်း” အကြောင်း နှင့်”စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ အနီးတဝိုက်က လူနေမှုဘဝ”တို့ပြည်တို့မြေအစီအစဉ်မှာ ရှုစားကြရမှာပါ။

DVB TV – တို့မြေ အစီအစဉ်မှ ဘီလူးကျွန်း အနှီးတ၀ိုက်သို့ ……….

DVB TV – မြန်မာနိုင်ငံ အရပ်ရပ်မှာနေထိုင် လုပ်ကိုင်စားသောက်နေတဲ့ လူသားတွေကို ရိုက်ကူးတင်ဆက်ပေးတဲ့ တို့ပြည် တို့မြေ အစီအစဉ်မှ ဘီလူးကျွန်း အနှီးတ၀ိုက် လူနေမှုဘ၀အကြောင်းကို တင်ဆက်မှာဖြစ်ပါတယ်။

တို့ပြည်တို့မြေအစီအစဉ်

တို့ပြည်တို့မြေအစီအစဉ် မှ ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ သန်လျင်မြို့လေးက ကျောင်းဆရာမလေးတစ်ယောက်ရဲ့သူ့ဘ၀၊သူ့ရပ်တည်ချက်နဲ့သူ့ခံယူချက်တွေအကြောင်း ပန်းထိမ်အလုပ်သမလေးတစ်ယောက် သူ့ဘဝကိုဘယ်လိုတည်ဆောက်နေတယ်ဆိုတဲ့အကြောင်းတွေနဲ့ မြန်မာပြည်တွင်းကမတူကွဲပြားတဲ့လူနေမှုဘဝတွေအကြောင်းကို တို့ပြည်တို့မြေအစီအစဉ်မှ ရှုစားကြပါမယ်။

DVB TV – တို့ပြည် တို့မြေအစီအစဉ် ကသာမြို့တခွင်

DVB TV – ကသာ မြို့ ကအင်းတော် ဗုံလုပ်ငန်းအကြောင်း နှင့် ဆင်းထိန်းလေးတစ်ယောက်အကြောင်း တို့ပြည် တို့မြေအစီအစဉ်မှာ ရှုစားရမှာပါ။

DVB TV – ကျွန်းတစ်ကျွန်းပေါ်တွင် ကျောက်ကျော ရှာရင်း အသက်မွေးဝမ်းကြောင်းနေရတဲ့ သူ့ဘဝအကြောင်း

DVB TV – မြန်မာနိုင်ငံမြေပုံရဲ့ အနောက်တောင်ဘက်ဒေါင့်စွန်းစွန်း ကပ္ပလီပင်လယ်ပြင်ကိုမျက်နှာမူထားတဲ့ ဒေသမော်တင်စွန်းဘုရားပွဲနဲ့ ထင်ရှားတဲ့ဒေသ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ဒေသ ရေလုပ်ငန်းအဓိကလုပ်ကိုင်စားသောက်ကြပြီး မြန်မာနိုင်ငံအ၀ှန်းက မီးဖိုချောင်တွေဆီကို ငါးပိငါးခြောက် ရေထွက်ပစ္စည်းတွေပေးပို့နေတဲ့ဒေသ ၂၀၁၄ခုနှစ်မှာ ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မော်တင်စွန်းဒေသ ဟိုင်းကြီးကျွန်းနဲ့ မော်တင်စွန်းတခွင်တပြင်က လူမှုဘ၀တွေအကြောင်း နှင့် စားဝတ်နေရေးကြောင့် သားသမီးများနှင့် ခွဲခွာကာ ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်ပြီး ကျောက်ကျော ရှာရင်း အသက်မွေးဝမ်းကြောင်းနေရတဲ့ သူ့ဘဝအကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။

DVB TV – ချင်းပြည်နယ်၊ထန်တလန် မြို့ အနီးတဝိုက်

DVB TV – ချင်းပြည်နယ်၊ထန်တလန်မြို့ အနီးတဝိုက်က လူနေမှု့ ဘဝတွေကို တို့ပြည် တို့မြေ အဖွဲ့သားများ ရိုက်ကူးတင်ဆက်ထားပါတယ်။