တို့ပြည် တို့မြေ

မြန်မာပြည် တောင်ဖျားမှသည် မြောက်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ နေရာစုံ ဒေသစုံ တမူထူးခြားသည့် သဘာဝ ပတ်ဝန်းကျင် အလှအပများ။ မတူသော ရုပ်ရည်သွင်ပြင်၊ မတူသော ဘာသာစကား၊ မတူသော ဓလေ့ထုံးစံတို့ဖြင့် ရှင်သန်နေကြသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ဘ၀များ၊ နှစ်သက်မြတ်နိုးဖွယ် သဘာဝများနှင့် တန်ဖိုးထား လေးစားဖွယ် ယဉ်ကျေးမှုများ။ ဝေးလံခေါင်ဖျား ဒေသက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းခြင်းရာများ။ လူမသိ သူမသိ စိတ်ဝင်းစားဖွယ် ဖြစ်ရပ်များ။ မြို့ကြီးပြကြီးနှင့် ဝေးကွာကမ်းလှမ်းသော ကျေးလက်ဒေသ ပြည်သူလူထု၏ နေ့စဉ်ဘ၀နှင့် သူတို့ ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ရောစပ် တင်ပြထားသည့် ခရီးသွား သတင်းနှင့် ပညာပေး အစီအစဉ်။

Latest
Most Viewed
Most Commented
ကရင်လက်ဝှေ့သမားတစ်ယောက်အကြောင်း (တို့ပြည်တို့မြေ)

ကရင်လက်ဝှေ့သမားတစ်ယောက်အကြောင်း (တို့ပြည်တို့မြေ) “ဒါကတော့ ပညာစမ်းတာပဲလေ သူပညာ ဘယ်လောက်တတ်လဲ ကိုယ်ပညာဘယ်လောက်တတ်လဲ အမုန်းမရှိဘူးလေ ရှုံးရင်လဲပျော်ပျော်ပဲ နိုင်ရင်လည်းပျော်ပျော်ပဲ အပြင်မှာကျတော့လည်း ဒီလိုပဲပေါ့ လမ်းမှာတွေ့ရင်ခေါ်ရတာပဲ ဘာရန်ငြိုးရန်စမှမရှိတာ”

တို့ပြည် တို့မြေ အစီအစဉ်မှ ဟင်္သာတို့ရဲ့မြေသို့……

တို့ပြည် တို့မြေ အစီအစဉ်မှ ဟင်္သာတို့ရဲ့မြေ၊ ရာမညဌာနေ… မွန်ပြည်နယ်ထဲ မော်လမြိုင်တ၀ိုက်က လူမှုဘ၀ပုံရိပ်တွေကို ရှုစားကြရမှာပါ။

DVB TV – တို့ပြည်၊ တို့မြေ ပန်းသည်ကလေးမအကြောင်း

DVB TV – တို့ပြည်၊ တို့မြေ အဖွဲ့သားများ ကင်မရာနောက်ကွယ်မှာ အတွေ့အကြုံများ အပိုင်း(၃) ပန်းသည် ကလေးမအကြောင်း နှင့် တံငါသည်တစ်ယောက်အကြောင်းကို ရှုစားရကြမှာပါ။

ဖားကန့်နှင့် တောင်တန်းများ ချိုင့်ဝှမ်းများ …. ကျောက်စိမ်းမြေဆီသို့ (၄) – (၂၁ ရက် ဒီဇင်ဘာ ၂၀၁၄)

မြေလွှာကိုဖွင့် ပြည်ကိုမြှင့်အံ့…. ကျောက်စိမ်းမြေဆီသို့ (၄) ဒီဗီဘီရဲ့ အပတ်စဉ် ခရီးသွား #Roadshow အစီအစဉ်ဖြစ်တဲ့ တို့ပြည် တို့မြေ အဖွဲ့သားများက ကချင်ပြည်နယ် ဖားကန့် လုံးခမ်းတ၀ိုက်ကို အရောက်သွားပြီး ဒေသခံတွေရဲ့ စကား၊ လူမှုဘ၀ သဘာဝတွေကို စုစည်းတင်ဆက်ထားပါတယ်။ Doh Pyay Doh Myay အစီအစဉ်ကို အပတ်စဉ် စနေ၊တနင်္ဂနွေ ညနေ ၅း၃၀ နာရီမှာ ဒီဗီဘီ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းချန်နယ်တွေမှာ ရှုစားနိုင်ပြီ။

တိုပြည်တို့မြေ ရှမ်းတောင်တန်းများ….ဆီသို့

ပိန်းချောင်း ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း လမ်းဆုံလမ်းခွဖြစ်တဲ့ နမ့်စန်မြို့၊ တိုင်းရင်းသား လက်နက်ကိုင်၊ ပြည်တွင်းစစ်၊ မူးယစ်ဆေးဝါး၊ လောင်းကစားတွေနဲ့ နမ့်စန်မြို့ အနီးတ၀ိုက်က လူမှုဘ၀တွေအကြောင်း တင်ဆက်ထားတဲ့ တိုပြည်တို့မြေ အစီအစဉ် ဖြစ်ပါတယ်။ DPDM 2.5 DVB TV – 02.01.2016

DVB TV – ကျောက်ပန်းတောင်းမြို့နှင့်အနီးတ၀ိုက် တို့ပြည် တို့မြေအစီအစဉ်

DVB TV – အညာမြေက သက်ကြားအို ဇနီးမောင်နှံရဲ့ ဘ၀ရပ်တည်မှု၊ ထန်းတက်သမား မိသားစုဘ၀ထဲက ကျောင်းသူမလေး၊ ပုပ္ဗားတောင်ကလပ်က ဈေးသည်မလေး စတဲ့ မန္တလေးတိုင်းေးသကြီး ကျောက်ပန်းတောင်း အနီးတ၀ိုက်က လူမှုဘ၀ ပုံရိပ်တွေကို ဒီတပတ် တို့ပြည်တို့မြေ အစီအစဉ်မှာ တင်ဆက်ထားပါတယ်

DVB TV – ချင်းပြည်နယ်၊ထန်တလန် မြို့ အနီးတဝိုက်

DVB TV – ချင်းပြည်နယ်၊ထန်တလန်မြို့ အနီးတဝိုက်က လူနေမှု့ ဘဝတွေကို တို့ပြည် တို့မြေ အဖွဲ့သားများ ရိုက်ကူးတင်ဆက်ထားပါတယ်။

ကယန်းမြေသို့ … (တို့ပြည် တို့မြေ – ၈ ရက် နိုဝင်ဘာ ၂၀၁၄)

DVB TV -မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်ဖျား ဒေသမျိုးစုံက လူထုတွေရဲ့ဘ၀ကို တင်ဆက်ပေးနေတဲ့ … တို့ပြည် တို့မြေ (ကယန်းမြေသို့ ….) အစီအစဉ်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈၊ ၂၀၁၄

တို့ပြည်တို့မြေ ရှမ်းပြည် မြောက်ပိုင်းဆီသို့

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက မီးသင့်မြေကနေ ပြန်လည်ရုန်းကန်နေတဲ့ နမ့်ဆန်မြို့နဲ့ ရှမ်းပြည် မြောက်ပိုင်းဆီက မြောင်ဇီးလူမျိုးများအကြောင်း၊ ဘိန်းစားနောင်တ တခဏ၊ လားရှိုးမြို့ခံများနှင့် စကားပြောခြင်း၊ နမ့်ဆန်မြို့က မီးသတ်သူ၊ လောက်ကိုင် ခရီးသွားများနှင့် စကားပြောခြင်း စတဲ့ ဒေသတ၀ိုက် လူမှုဘ၀ပုံရိပ်တွေကို တင်ဆက်ထားတဲ့ တို့ပြည်တို့မြေ အစီအစဉ် ဖြစ်ပါတယ်။ “ကိုယ့်တိုင်းရင်းသားလူမျိုးစုငယ်လေးတွေတောင် မသိပဲနဲ့ တရုတ်တွေလို့ တော်တော်လေး အမြင်လွဲခံရတာတွေ ရှိပါတယ်၊ ဒါက ကျနော်တို့ မြောင်ဇီးတွေရဲ့ မျက်နှာဆုံးရှုံးမှုပါ…” DVB TV – 27.02.2016