တို့ပြည် တို့မြေ

မြန်မာပြည် တောင်ဖျားမှသည် မြောက်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ နေရာစုံ ဒေသစုံ တမူထူးခြားသည့် သဘာဝ ပတ်ဝန်းကျင် အလှအပများ။ မတူသော ရုပ်ရည်သွင်ပြင်၊ မတူသော ဘာသာစကား၊ မတူသော ဓလေ့ထုံးစံတို့ဖြင့် ရှင်သန်နေကြသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ဘ၀များ၊ နှစ်သက်မြတ်နိုးဖွယ် သဘာဝများနှင့် တန်ဖိုးထား လေးစားဖွယ် ယဉ်ကျေးမှုများ။ ဝေးလံခေါင်ဖျား ဒေသက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းခြင်းရာများ။ လူမသိ သူမသိ စိတ်ဝင်းစားဖွယ် ဖြစ်ရပ်များ။ မြို့ကြီးပြကြီးနှင့် ဝေးကွာကမ်းလှမ်းသော ကျေးလက်ဒေသ ပြည်သူလူထု၏ နေ့စဉ်ဘ၀နှင့် သူတို့ ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ရောစပ် တင်ပြထားသည့် ခရီးသွား သတင်းနှင့် ပညာပေး အစီအစဉ်။

Latest
Most Viewed
Most Commented
“ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်ဖို့ နီးစပ်လာပြီလား”

“ကျနော့်အတွေ့အကြုံအရ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် အဓိကကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်မဖြောင့်ဖြူးရင် တရားရေးမဏ္ဍိုင်ဟာလည်း မတည့်မတ်နိုင်ပါဘူး” “အခုဖြစ်နေတဲ့အနေအထားက တရားရေးမဏ္ဍိုင်ကို အပြန်အလှန် ထိန်းကျောင်းမှု မလုပ်နိုင်ဘူး…အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် စနစ်ကို ကျားကန်ပေးဖို့အတွက် အလုပ်သမား လယ်သမား ကျောင်းသား ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေကို ထောင်ချတဲ့အလုပ်ပဲလုပ်နေတဲ့ အနေအထားမျိုးပဲရှိတယ် ပြောချင်ပါတယ်” “၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း တရားသူကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လက်ရှိဥပဒေတွေကိုပဲ လေးစားလိုက်နာပြီးတော့ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်းပဲ တရားစီရင်ရမယ်ဆိုတဲ့ ဟာမျိုးကို ပထမဆုံးပြုပြင်သင့်ပါတယ်”

တို့ပြည်တို့မြေ အဖွဲ့သားတွေရဲ့ ၆ လတာ ကင်မရာနောက်ကွယ်က အဖြစ်အပျက်တချို့

တို့ပြည်တို့မြေ အဖွဲ့သားတွေရဲ့ ၆ လတာ တင်ဆက်ပြီးတဲ့ အစီအစဉ်တွေရဲ့ ကင်မရာနောက်ကွယ်က အဖြစ်အပျက်တချို့ အမှတ်တရ ပြန်ပြောဖြစ်စရာလေးတွေအကြောင်းကို ရှုစားကြရမှာပါ။

တို့ပြည် တို့မြေအစီအစဉ်မှ ကရင်ပြည်နယ် ဘားအံနှင့်အနီးတဝိုက်

ဇွဲကပင်တောင်ခြေနားက ကရင်လူငယ်တယောက်ရဲ့ ဂီတအိပ်မက်တွေ သံလွင်တဖက်ကမ်း ဆယ်ကျော်သက် လက်ဝှေ့ကျောင်းသားတယောက် သောင်ရင်းချောင်းနားက KNLA အမျိုသမီးစစ်သည် တယောက်နဲ့ ဆဒ္ဒန်ဂူနားက ကူးတု့လှေငယ်ရှင် တွေအကြောင်း ရှုစားရမယ့် တို့ပြည် တို့မြေအစီအစဉ် ကရင်ပြည်နယ် ဘားအံနှင့်အနီးတဝိုက် လူမှုဘ၀အခြေအနေများ

တို့ပြည်၊ တို့မြေအစီအစဉ်မှ ဟင်္သာမြေသို့…….

ဟင်္သာတို့ရဲ့မြေ၊ ရာမညဌာနေ… မွန်ပြည်နယ်ထဲ မော်လမြိုင်တ၀ိုက်က လူမှုဘ၀ပုံရိပ်တွေကို ဒီတပတ် တို့ပြည်တို့မြေ အစီအစဉ်မှာ ရှုစားကြရမှာပါ။

တို့ပြည် တို့မြေ အစီအစဉ်မှ ဟင်္သာတို့ရဲ့မြေသို့……

တို့ပြည် တို့မြေ အစီအစဉ်မှ ဟင်္သာတို့ရဲ့မြေ၊ ရာမညဌာနေ… မွန်ပြည်နယ်ထဲ မော်လမြိုင်တ၀ိုက်က လူမှုဘ၀ပုံရိပ်တွေကို ရှုစားကြရမှာပါ။

တို့ပြည်၊ တို့မြေ အစီအစဉ်မှ အိန္ဒိယနယ်စပ် ကဘော်ချိုင်ဝှမ်းဒေသသို့

တို့ပြည်၊ တို့မြေ အစီအစဉ်မှ အိန္ဒိယနယ်စပ် ကဘော်ချိုင်ဝှမ်းဒေသသို့

တို့ပြည် တို့မြေ အစီအစဉ်မှ မုံရွာသို့…..

တို့ပြည် တို့မြေ အစီအစဉ်မှ မုံရွာသို့…..

တို့ပြည် တို့မြေ အစီအစဉ်မှ ပြင်ဦးလွင်သို့

တို့ပြည် တို့မြေ အစီအစဉ်မှ ပြင်ဦးလွင်သို့

တို့ပြည် တို့မြေအစီအစဉ်မှ ပဲခူးရိုးမအရှေ့ဘက်ခြမ်း..

တို့ပြည် တို့မြေအစီအစဉ်မှ ပဲခူးရိုးမအရှေ့ဘက်ခြမ်း..