တို့ပြည် တို့မြေ
မြန်မာပြည် တောင်ဖျားမှသည် မြောက်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ နေရာစုံ ဒေသစုံ တမူထူးခြားသည့် သဘာဝ ပတ်ဝန်းကျင် အလှအပများ။ မတူသော ရုပ်ရည်သွင်ပြင်၊ မတူသော ဘာသာစကား၊ မတူသော ဓလေ့ထုံးစံတို့ဖြင့် ရှင်သန်နေကြသည့် တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ဘ၀များ၊ နှစ်သက်မြတ်နိုးဖွယ် သဘာဝများနှင့် တန်ဖိုးထား လေးစားဖွယ် ယဉ်ကျေးမှုများ။ ဝေးလံခေါင်ဖျား ဒေသက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းခြင်းရာများ။ လူမသိ သူမသိ စိတ်ဝင်းစားဖွယ် ဖြစ်ရပ်များ။ မြို့ကြီးပြကြီးနှင့် ဝေးကွာကမ်းလှမ်းသော ကျေးလက်ဒေသ ပြည်သူလူထု၏ နေ့စဉ်ဘ၀နှင့် သူတို့ ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ရောစပ် တင်ပြထားသည့် ခရီးသွား သတင်းနှင့် ပညာပေး အစီအစဉ်။
- Latest
- Most Viewed
- Most Commented
971 August 13, 2016
DVB TV – ရွှေဘိုမြို့နယ်၊ နွယ်ငြိမ်းကျေးရွာက စဥ့်အိုးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေသခံတွေရဲ့ ဘ၀တွေကို ဒီတပါတ်တို့ပြည်တို့မြေအစီအစဉ်မှာ ရှု့စားရမှာပါ။
1242 August 6, 2016
ကုသိုလ်တော်ဘုရားမှာ သစ်ရွက်ပုံပါကွက်လေးနဲ့ ပန်းရောင်းတဲ့ မိန်းခလေးတစ်ယောက်အကြောင်း နှင့် ၁၉၉၀ ကတည်းက မန္တလေးကနေ မေတ္တရာမြို့၊နံသာမြိုင်ကျေးရွာကို ပြောင်းရွှေ့လာခဲ့ရတဲ့ အနာကြီးရောဂါသည်တွေရဲ့ ဘဝတစ်စိတ်သဒေသကို တို့ပြည် တို့မြေအစီအစဉ်မှ တင်ဆက်ထားပါတယ်။
928 July 30, 2016
DVB TV – အညာမြေက သက်ကြားအို ဇနီးမောင်နှံရဲ့ ဘ၀ရပ်တည်မှု၊ ထန်းတက်သမား မိသားစုဘ၀ထဲက ကျောင်းသူမလေး၊ ပုပ္ဗားတောင်ကလပ်က ဈေးသည်မလေး စတဲ့ မန္တလေးတိုင်းေးသကြီး ကျောက်ပန်းတောင်း အနီးတ၀ိုက်က လူမှုဘ၀ ပုံရိပ်တွေကို ဒီတပတ် တို့ပြည်တို့မြေ အစီအစဉ်မှာ တင်ဆက်ထားပါတယ်
1113 July 23, 2016
DVB TV – သရေခေတ္တရာ ပျူမြို့ဟောင်း ပြည်မြို့အနီးတဝိုက်က လူနေမှုဘဝတွေအကြောင်းတင်ဆက်တဲ့ တို့ပြည်တို့မြေအစီအစဉ်မှ တင်ဆက်ထားပါတယ်။
1705 July 16, 2016
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်မှာရှိတဲ့ မော်ချီးသတ္ထုတွင်းက ဒေသခံတွေရဲ့မျှော်လင့်ချက် “မော်ချီးရဲ့ အနာဂတ်” လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ နန့်ကြိုင်လေးကျေးရွာက စေတနာ့ဝန်ထမ်း ကျောင်းဆရာမလေးရဲ့ “ပန်းများပွင့်စေ” စတဲ့အကြောင်းတွေရယ် မြန်မာပြည်တွင်းကမတူကွဲပြားတဲ့ လူနေမှုဘဝအကြောင်းတွေကို ဒီတစ်ပတ် ဒီဗွီဘီ ရဲ့ တို့ပြည်တို့မြေအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
1397 July 9, 2016
အင်းလေးကန်ကိုဘယ်လိုထိန်းသိမ်းကြမလဲ၊ ကလောမြို့ ရဲ့ အထင်ကရနေရာတွေအကြောင်း အောင်ပန်းမြို့ ကမျက်စိအလင်းမရပေမယ့် ဘ၀ကိုအရှုံးမပေးပဲ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းတွေကို တို့ပြည်တို့မြေ အစီအစဉ်မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
2057 July 2, 2016
တို့ပြည်တို့မြေအစီအစဉ် မှ ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ သန်လျင်မြို့လေးက ကျောင်းဆရာမလေးတစ်ယောက်ရဲ့သူ့ဘ၀၊သူ့ရပ်တည်ချက်နဲ့သူ့ခံယူချက်တွေအကြောင်း ပန်းထိမ်အလုပ်သမလေးတစ်ယောက် သူ့ဘဝကိုဘယ်လိုတည်ဆောက်နေတယ်ဆိုတဲ့အကြောင်းတွေနဲ့ မြန်မာပြည်တွင်းကမတူကွဲပြားတဲ့လူနေမှုဘဝတွေအကြောင်းကို တို့ပြည်တို့မြေအစီအစဉ်မှ ရှုစားကြပါမယ်။
1134 June 4, 2016
တို့ပြည်၊ တို့မြေ အစီအစဉ်မှ ဒလမြို့နယ်က ဘ၀များ
1184 May 28, 2016
တို့ပြည်တို့မြေ ဒီနှစ်အစီအစဉ် တွေထဲက ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ လူမှုဘဝဇာတ်လမ်း တချို့ကို ပြန်လည်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။