နိုင်ငံရေး

Latest
Most Viewed
Most Commented
တိုက်ပွဲတွေဖြစ်နေမှု ထိန်းချုပ်ဖို့ တိုင်းရင်းသားတွေက အစိုးရကိုတိုက်တွန်း

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန်အတွင်း တိုက်ပွဲတွေ ဖြစ်နေမှုကို ထိန်းချုပ်ဖို့ တိုင်းရင်းသားတွေဘက်က ဆွေးနွေးပွဲ အဖွင့် အမှာစကားမှာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ဒီသတင်းကို မေသင်္ကြန်ပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး စောမူတူစေားဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ကေအန်ယူ ကရင့်အမျိုးသားအစည်းအရုံးတို့ နေပြည်တော်မှာ မတ်လ ၂၉  ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီကြာ တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊  ၂၀၁၅ ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့ရေးတို့ကို  ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ကေအန်ယူ ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

လူငယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်သုံးဦးနဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှု ပြုလုပ်ခဲ့ ပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ထားတာပါ။

သတင်းသမားတွေ ဖမ်းဆီးခံရတာဟာ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာရှိ

မြန်မာနိုင်ငံကသတင်းသမားတွေဖမ်းဆီးထောင်ချခံရတာ ရိုက်နှက်ခံရတာတွေက အနာဂတ်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း တွက်စိုးရိမ်စရာကောင်းတယ်လို့ နိုင်ငံတကာသတင်းစာဆရာတွေ ကပြောပါတယ်။ ဒီသတင်းကို ဦးအောင်သူကပေးပို့ထားတာဖြစ်ပါတယ်။

ကျောင်းသားသပိတ်ပါဝင်ခဲ့သူတွေကို ဖိအားပေးတာတွေ ရပ်တန့်ဖို့ လက်ပတ်ဖြူ လှုပ်ရှားမှု

ပင်မကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်ပြီး ကျောင်းသားအရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ သူတွေကို အာဏာပိုင်ေ တွက လိုက်လံစောင့်ကြည့်ဖိ အားပေးတာတွေ ရပ်တန့်ဖို့ မော်လမြိုင်မြို့မှာ လက်ပတ်ဖြူ လှုပ်ရှားမှုပြု လုပ်ခဲ့ပါတယ်။ဦးကျော်စိုး ပေးပို့ထားပါတယ်

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဖွဲ့များ အင်အားကောင်းလာဖို့လို

ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေသူတွေဟာ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အဖွဲ့တွေထက် အင်အားများနေတာကြောင့် ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေရဲ့ အင်အားတွေ အားကောင်းအောင်လုပ်ဖို့ လိုနေတယ်လို့ Peace Torch Network က ပြောဆိုလိုက်ပါတယ်။ စောနန်းသတင်းပေးပို့ထားပါတယ်။

ကဗျာဆရာတစ်ဦး ကျောင်းသားလွတ်မြောက်ရေး ကဗျာရွတ်ဆို၍ အဖမ်းခံရ

ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီးမှာဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ဖို့ အတွက် ပါဖောင်မန့် နဲ့ အတူ ကဗျာတွေရွတ်ပြီး တောင်းဆိုမူတစ်ခု ပြုလုပ်တဲ့ ကဗျာ ဆရာတဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။

မကွေးတိုင်းတွင် လက်ပတ်နက် လှုပ်ရှားမှု ပြုလုပ်

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုကို ဆန့်ကျင်တဲ့ လက်ပတ်နက်လှုပ်ရှားမှုကို မတ်လ ၂၇ရက်နေ့က ပြလုပ်သွားပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး လှိုင်လှိုင်

၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဟင်္သာတမြို့မှာ လာရောက်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကဦးဆောင်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဟင်္သာတမြို့မှာ လာရောက်ရှင်းလင်းသွားပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ပြည်ဖြိုး ဟင်္သာတ