နိုင်ငံရေး

Latest
Most Viewed
Most Commented
ပညာရေးဥပေဒ ပြင်ဆင်ရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တဲ့ ပါတီ၎ခု သတိပေးခံရ

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက နိုင်ငံရေးပါတီ လေးခုကို အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးပတ်သက်တဲ့ အခမ်းအနားမှာ ပါဝင်ပတ်သက် စည်းရုံးရေးပြုလုပ်တယ်ဆိုပြီး ခေါ်ယူသတိပေးခဲ့တဲ့ သတင်းကို ဒေါ်ခင်မင်းဇော်ပေးပို့ထားပါတယ်။ ရိုက်ကူး သော်ဇင်မျိုး DVB TV – 04.07.2015

ရန်ကုန်တိုင်း စုပေါင်းတရားရုံးကို ဟိုတယ်လုပ်တဲ့အပေါ် ထပ်မံ ဆန္ဒပြဖို့ရှိ

ရန်ကုန်တိုင်း စုပေါင်းတရားရုံကြီးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့တဲ့အပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က သုံးကြိမ်မြောက် တရားစွဲတဲ့အပေါ် ပယ်ချမယ်ဆိုရင် ဆန္ဒပြပွဲတွေထပ်လုပ်မယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဦးအောင်သူက ပေးပို့ထားတာပါ။ DVB TV – 07.04.2015

အောင်ဆန်းစုကြည်ရဲ့ စကားအပေါ် နိုင်ငံရေးအရ အမြင်အမျိုးမျိုးနဲ့ သုံးသပ်နေကြ

ရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ရွေးစရာလမ်း တစ်ခုအဖြစ်စဉ်းစားထားတယ်လို့ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားအပေါ် နိုင်ငံရေး သုံးသပ်တွေကြားမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ထားတာပါ။

ဥပဒေကြမ်းဟာ ယခင် သဘောတူထားတဲ့ အချက်တွေနဲ့ ကွဲလွဲနေ

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ရေးသားထားတဲ့ဥပဒေကြမ်းဟာ လေးပွင့်ဆိုင်ဆွေးနွေး ပွဲက သဘောတူထားတဲ့အမျိုးသားပညာရေးဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ NNER က ပြောဆိုထားပါ တယ်။ ဒီသတင်းကို လင်းဆက်အောင် ကပေးပို့ထားတာပါ။

တိုင်းရင်းသားပါတီနယ်မြေများတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ၀င်ရောက် မယှဉ်ပြိုင်

တိုင်းရင်းသားပါတီတွေနဲ့ နားလည်မှုမလွဲမှားဖို့အတွက် သူတို့ဒေသတွေမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သွားမှာမဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌကပြောပါတယ်။ ဒီသတင်းကို ဦးအောင်သူ ကပေးပို့ထားတာပါ။

ခေါင်းဆောင်ကောင်းထက် ခေါင်းဆောင်နိုင်မှု အရည်အချင်းက ပိုအရေးကြီးဟု ပြော

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ထက် ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေက ပိုအရေးကြီးနေတယ်လို့ နိုင်ငံရေးပညာရှင်တစ်ဦးကပြောပါတယ်။ဒီသတင်းကို ခိုင်ပန်းနုပေးပို့ထားပါတယ်။

ချောက်မြို့တွင် ကျောင်းသားများကို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အလံနက် လှုပ်ရှားမှု ပြုလုပ်

သပိတ်မှောက်ကျောင်းသားတွေကို အကြမ်းဖက် နိမ်နှ်င်းခဲ့တာနဲ့ ပက်သက်ပီး အခုဧပြီလ ၄ ရက်နေ့က မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အလံနက်လှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဦးမြင့်နိုင်သတင်းပေးပို့ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိစ္စ ဆွေးနွေးရန်ရှိ

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးဘို့ (NCA) မူကြမ်းမှာ သဘောတူ ထားတဲ့အတွက် အစိုးရရဲ့ဦးဆောင်မှုအာက်မှာ အပြည့်အ၀ရှိတဲ့ တပ်မတော်ဖြစ်ဘို့ အကျေ အလည် ဆွေးနွေး ဘို့ရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေကပြောပါတယ်။ဒီသတင်းကို မေ သင်္ကြန် ပေးပို့ထား ပါတယ်။

ရွေးကောက်ပွဲနှင့် ပတ်သက်တဲ့ အန္တရာယ်အကြောင်း ဆွေးနွေး

ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်းကို နိုင်ငံရေးပါတီတွေ၊အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို ဦးအောင်သူကပေးပို့ ထားတာဖြစ်ပါတယ်။ ရိုက်ကူး – ကိုမောင်