နိုင်ငံရေး

Latest
Most Viewed
Most Commented
လက်ပန်းတောင်း စီမံကိန်းရပ်တန့်ရေး ဆောင်ရွက်သူတွေ လွတ်မြောက်ဖို့ လှုပ်ရှား

လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်သူများ ပြန်လည်လွတ်မြောက်ဖို့အတွက် နိုင်ငံရေးလှုပ်ရှားသူအချို့က ကျောက်တံတား တရားရုံးရှေ့မှာ ဧပြီလ၂၉ရက်နေ့က လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ DVB TV – 29.04.2015

နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီ ဖွဲ့စည်းတာ ၃လကျော်တဲ့အထိ အလုပ်မဖြစ်သေး

နိုင်ငံရေးအကျဉ်းသား ရေးရာကော်မတီဖွဲ့စည်းခဲ့တာ သုံးလကျော်ကြာလာတဲ့အထိ အစည်းအဝေးခေါ်ယူ ကျင်းပခြင်းမရှိသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။ ဒီသတင်းကို ဦးအောင်သူက ပေးပို့ထားပါတယ်။ DVB TV – 28.04.2015

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ဒေသခံများတွေ့ဆုံ ဖွံ့ဖြိုးရေး ဆွေးနွေး

၁၃။ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးနိုင်ဖို့ ကူညီဆောင်ရွက်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်။ ဒီသတင်းကို ဦးအောင်သူကပေးပို့ထားပါတယ်။ DVB TV – 27.04.2015

ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်ရဲ့ မျှတမှုအပေါ် မူတည်လို့ NLD ပြော

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မျှတမှုအပေါ် မူတည်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံးဖြတ်မယ်လို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မေသင်္ကြန် သတင်းပေးပို့ထားပါတယ်။ DVB TV – 27.04.2015

အာဆီယံထိပ်သီးညီလာခံမှာ မြန်မာဒုက္ခသည်အရေး ထည့်သွင်းဆွေးနွေး

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ ဒုက္ခသည်အရေးတွေလည်း ထည့်သွင်းဆွေးနွေးတဲ့ သတင်းကို ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 27.04.2015

အမြဲတမ်းအတွင်းဝန် ခန့်အပ်ခံထားရသူတွေ ဘက်လိုက်မှုကင်းတဲ့ ၀န်ထမ်းကောင်း ဖြစ်ဖို့လို

အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခံရသူတွေက နိုင်ငံအတွက်သာကြည့်ပြီး ဘက်လိုက်မှုကင်းတဲ့ ဝန်ထမ်းကောင်းတွေဖြစ်မှသာ တိုင်းပြည်ကံကြမ္မာ ကောင်းလိမ့်လို့ သုံးသပ် ဝေဖန်မှုတွေ ရှိပါတယ်။ ဒီသတင်းကို ဒေါ်လေးလေးမွန် ပေးပို့ထားပါတယ်။ DVB TV – 24.04.2015

၂၀၀၇ခုနှစ် မပြီးပြတ်သေးတဲ့အမှု ရင်ဆိုင်ဖို့ နော်အုံးလှကို ရုံးထုတ်

၂၀၀၇ ခုနှစ် ကတည်းက မပြီးပြတ်သေးတဲ့ အမှုကို ရင်ဆိုင်ဖို့အတွက် ဒီနေ့မနက်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုံးလှကို ဒဂုံတရားရုံးမှာ ရုံးထုတ်လာ ခဲ့ပါတယ် ။ ဒီသတင်းကို စိုးရက ပေးပို့ထားပါတယ်။ DVB TV – 24.04.2015

နိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေး ချိုးဖေါက်ခံရမှုတွေ ရှိနေ

လက်ရှိအကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ အကျဉ်းသားအခွင့်အရေး ချိုးဖေါက်ခံရမှုတွေ ရှိနေပါတယ်။ ဒီသတင်းကို စိုးရက ပေးပို့ထားပါတယ်။ DVB TV – 24.04.2015

ကျပ်ငွေ၃သောင်း ချေးယူသူတွေကို ကြံ့ဖွံ့ပါတီဝင်ကဒ် ထုတ်ပေးမှု ကော်မရှင်ဖွဲ့ စစ်ဆေး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ကျပ်ငွေသုံးသောင်း ချေးငွေယူမယ့်သူတွေကို ဓာတ်ပုံရိုက်ယူပြီး ကြံ့ဖွံ့ပါတီဝင်ကဒ်တွေ ထုတ်ပေးတဲ့အပေါ် ကောင်မရှင်ဖွဲ့ စစ်ဆေးနေပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ ပေးပို့ထားပါတယ်။ ရိုက်ကူး မိုးမင်းဦး DVB TV – 24.04.2015