နိုင်ငံရေး

Latest
Most Viewed
Most Commented
အင်အားကြီးတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်သွားဖို့ စီစဉ်

အင်အားကြီးတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်သွားမယ်လို့ နိုင်ငံရေးပါတီအသစ် တည်ထောင်ဖို့  စီစဉ်နေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျကပြောပါတယ်။ လင်းဆက်အောင် သတင်းပေးပို့ထားပါတယ်။ DVB TV – 28.02.2017

DVB TV – အစိုးရသစ်သက်တမ်း တစ်နှစ်တာအတွင်း ထူးထူးခြားခြားပြောင်းလဲမျိုးမရှိ

DVB TV – အစိုးရသစ်သက်တမ်း တစ်နှစ်တာအတွင်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေ လုပ်ဆောင်ပေးနိုင်တာမျိုးမရှိသေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ သူဇာလင်းသတင်း ပေးပို့ထားပါတယ် ။

DVB TV – ရှမ်းတိုင်းရင်းသား လူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ

DVB TV – လူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ လုံခြုံရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအတွက်ဆွေးနွေးဖို့ ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားရွှေ့ပြောင်း အလုပ်သမားတွေ က တောင်းဆို လိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။

ပါတီကို မကြိုက်လို့ နှုတ်ထွက်တာ မဟုတ်လို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ပြော

ပါတီကို မကြိုက်လို့ နှုတ်ထွက်တာ မဟုတ်ပဲ အေးအေးဆေးဆေး အနားယူချင်လို့ ပါတီကနေ နှုတ်ထွက်တာပါလို့ မွန်ပြည်နယ် ၀န်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။ ဦးကျော်စိုး သတင်းပေးပို့ထားပါတယ်။ DVB TV – 23.02.2017

မွန်ပြည်နယ် ၀န်ကြီးချုပ် မနှုတ်ထွက်ဖို့ ပြည်သူတချို့ လာရောက်တောင်းဆို

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ မဲဆန္ဒနယ်က ပြည်သူတချို့ ဝန်ကြီးချုပ် မနှုတ်ထွက်ဖို့ အစိုးရအဖွဲ့ရုံးထံ လာရောက်တောင်းဆိုခဲ့ပါတယ်။ ဦးကျော်စိုး သတင်းပေးပို့ထားပါတယ်။ DVB TV – 20.02.2017

ဗိုလ်ချုပ်အောင်ဆန်း ကို ဂျပန်ခေတ်မှာ ရှားခဲမျှင်နဲ့ ထမင်းချိုး ကျွေးခဲ့သူ

ဗိုလ်ချုပ်အောင်ဆန်း တို့ ဂျပန်ကို တော်လှန်ဖို့ လျှို့ဝှက်လှုပ်ရှားတုန်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ထဲက ရှားခဲကျေးရွာကို ရောက်ရှိလာခဲ့ပြီး ထမင်း မစားရသေးလို့ အာရုဏ်တက်ချိန် အလှူတခုမှာ ၀င်ရောက်တောင်းစားခဲ့ကြောင်း၊ အာရုဏ်ဆွမ်းလောင်းဖို့ စီစဉ်နေတဲ့ အလှူရှင်မိသားစုမှ ဗိုလ်ချုပ်မှန်း မသိပဲ ထမင်းချိုးနဲ့ ကျွေးမွေးခဲ့တဲ့ ဖြစ်ရပ်တခု ရှိခဲ့ပါတယ်။ ဒီလိုမျိုး ဂျပန်တော်လှန်ဖို့ လိုက်လံ စည်းရုံးနေချိန်မှာ ဗိုလ်ချုပ်နဲ့ လူချင်းဆုံတွေ့ခဲ့ပြီး ဗိုလ်ချုပ်မှန်း မသိခဲ့ပဲ ထမင်းချိုးနဲ့ ကျွေးမွေးခွင့်ရခဲ့သူမှာ ဟင်္သာတမြို့မှာ နေထိုင်နေတဲ့ အသက်(၉၀)အရွယ် ရှိပြီဖြစ်တဲ့ အဘ ဦးငွေရ (ခ) ဦးစိန်ဝင်းပဲ ဖြစ်ပါတယ်။

လက်နက်ကိုင်တွေကို ၂၁ ရာစုပင်လုံမှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

DVB TV – အပစ်ရပ်လက်မှတ်မထိုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့  အပစ်ရပ်လက်မှတ်ရေးထိုးပြီး၂၁ ရာစုပင်လုံမှာ ပါဝင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ် ၇၀ ပြည် ပြည်ထောင်စုနေ့မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုသွားပါတယ်။ ကျော်ဇေယျ သတင်းပေးပို့ ထားပါတယ်။

DVB TV – အရပ်သားအစိုးရထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ၀န်ကြီးဋ္ဌာနတွေမှာကြိုးနီစနစ်ဟာအရင်လိုရှိနေတယ်

DVB TV – အရပ်သားအစိုးရထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ၀န်ကြီးဋ္ဌာနတွေမှာကြိုးနီစနစ်ဟာအရင်လိုရှိနေတယ်လို့ ဒေါက်တာညိုညိုသင်း ဖေဖော်ဝါရီလ(၁၁)ရက်က ORCHID ဟိုတယ်မှာပြုလုပ်တဲ့DVB Debateမှာပြောဆိုလိုက်ပါတယ်။ဒီသတင်းကို စိုးမိုးအောင်ကပေးပို့ထားပါတယ်။

အမှန်တကယ် ပြောင်းလဲမှုတွေ မရှိသေးလို့ ဒီဆောင်ပုဒ်ကို ပြည်ခိုင်ဖြိုး သုံး

အမှန်တကယ် ပြောင်းလဲမှုတွေ မရှိသေးတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုး ကို မဲပေးစို့ ဆောင်ပုဒ်ကို သုံးထားတယ်လို့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်တဦးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ကိုမောင်က ပေးပို့ထားပါတယ်။ DVB TV – 10.02.2017