နိုင်ငံရေး

Latest
Most Viewed
Most Commented
ညွှန်ကြားလာရင် ပြီးခဲ့တဲ့ အစိုးရ ငါးနှစ်တာ စာရင်းတွေကို ပြန်စစ်ဆေးပေးမယ်လို့ ပြော

အစိုးရအဖွဲ့က စစ်ဆေးဖို့ ညွှန်ကြားလာရင် ပြီးခဲ့တဲ့ အစိုးရ ငါးနှစ်တာ စာရင်းတွေကို ပြန်စစ်ဆေးပေးမယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြောပါတယ်။ အောင်ဆန်းဦးက သတင်းပေးပို့ထားပါတယ်။ DVB TV – 05.05.2017

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တရားဝင်ပါတီဖြစ်အောင် စီစဉ်နေ

ပါတီထူထောင်ခွင့် ရရှိထားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ တရားဝင်ပါတီဖြစ်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဖွဲ့စည်းပုံတွေ ပို့ပေးဖို့စီစဉ်နေပါတယ်။ လင်းဆက်အောင် သတင်းပေးပို့ထားပါတယ်။ DVB TV – 04.05.2017

အန်အယ်လ်ဒီပါတီတာဝန်ရှိသူများကို နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြမှု ကြံ့ခိုင်ရေးပါတီကန့်ကွက် (ရုပ်သံ)

  အစိုးရ တစ်နှစ်တာ လုပ်ဆောင်ချက်တွေကို နိုင်ငံပိုင်မီဒီယာကတဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်း တင်ပြခဲ့တာ၊ ပါတီတံဆိပ်တပ်ပြီး အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြခဲ့တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီအားလုံးကိုယ်စားတရားစွဲဆို ကန့်ကွက်ထားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။ ကော့မှူးမြို့နယ်ကိုယ်စားလှယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးကို ကန့်ကွက်ထားခဲ့တဲ့ အဲဒီကန့်ကွက်စာကိုတော့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအပြီး ဧပြီဒုတိယအပတ်ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တာဖြစ်လို့  ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ “နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ နိုင်ငံတော်ရဲ့ တနှစ်တာကာလ လုပ်ဆောင်ခဲ့ တာ တွေကို မူဝါဒအရ ရှင်းလင်းတင်ပြတာ မှန်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သို့သော် ရွေးကောက်ပွဲနီးမှ …Read more »

ကုလ စုံစမ်းရေးအဖွဲ့ စေလွှတ်ဖို့အပေါ် ဒေါ်အောင်ဆန်းစုကြည် ပယ်ချ

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ စုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ တောင်းဆိုထားတဲ့ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 03.05.2017

မြန်မာနိုင်ငံသား လျှောက်ထားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်ဆေး

မြန်မာနိုင်ငံသား လျှောက်ထားမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် စစ်ဆေးနေတယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။ အောင်ဆန်းဦးက သတင်းပေးပို့ထားပါတယ်။ DVB TV – 03.05.2017

DVB TV – နေရပ်ပြန်လည်နေထိုင်မယ့် ကရင်ဒုက္ခသည်တွေရဲ့ အနာဂါတ်လုံခြုံဖို့ တွေ့ဆုံဆွေးနွေး

DVB TV – နေရပ်ပြန်လည်နေထိုင်မယ့် ကရင်ဒုက္ခသည်တွေရဲ့ အနာဂါတ်ဘ၀လုံခြုံဖို့အတွက် ကရင်ဘာသာရေးခေါင်းဆောင်တွေ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဘားအံ့မြို့ မှာပြုလုပ်ခဲ့ပါတယ်။ ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။ ရိုက်ကူး – ရဲမင်းခေါင်

DVB TV – အလွဲသုံးစားလုပ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို လွဲပေးခဲ့တဲ့ ကားလေးစီး

DVB TV – ပြီးခဲ့တဲ့ အစိုးရ မကွေးတိုင်း ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေလက်ထက်က အလွဲသုံးစားလုပ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို လွဲပေးခဲ့တဲ့ ကားလေးစီးနဲ့ ဘတ်ဖိုးတစ်စီးကို လာရောက်ပေးအပ်ခဲ့ပါတယ်။ ဦးဇော်ဖေသတင်းပေးပို့ထားပါတယ်။

DVB TV – အစိုးရသစ်သက်တမ်း(၁)နှစ်ပြည့်ပေမယ့် အလုပ်သမားနဲ့ လယ်သမားအရေး ထူးခြားမှုမရှိ

DVB TV – အစိုးရသစ်သက်တမ်း(၁)နှစ်ပြည့်ပေမယ့် အလုပ်သမားနဲ့လယ်သမား အရေးနဲ့ပတ်သက်လို့ ထူးခြားတဲ့ပြောင်းလဲမှုမတွေ့ရဘူးလို့ မြန်မာနိုင်ငံခုံသမာဓိကောင်စီဝင်တစ်ဦးက သုံးသပ်လိုက်ပါတယ်။ဒီသတင်းကို စိုးမိုးအောင်ကပေးပို့ထားပါတယ်။

DVB TV – မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့အတွက် ၂ဖက်လက်နက်ကိုင်တွေ တိုက်တွန်းသွားမယ်

DVB TV – မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့အတွက် ၂ဖက်လက်နက်ကိုင်တွေကိုလဲ တိုက်တွန်းသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဧပြီ ၂၈ ရက်နေ့ကပြုလုပ်တဲ့ မိဘမဲ့ဂေ ဟာကျောင်းဖွင့်ပွဲ မိန့်ခွန်းစကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ဒေါ်သင်းသင်းနွယ် သတင်းပေးပို့ထားပါတယ်။