နိုင်ငံရေး

Latest
Most Viewed
Most Commented
အစိုးရသစ် လက်ထက် စစ်ကိုင်းတိုင်းမှာ အဆိုးဘက် ပြောင်းလဲမှု အနည်းငယ်ရှိ

NLD အစိုးရသစ် တက်လာပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကောင်းဘက်ကို များစွာ ပြောင်းလဲလာသလို အဆိုးဘက်ကလည်း အနည်းငယ်ရှိတယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ ဒီသတင်းကို အောင်ကိုလတ်က ပေးပို့ထားပါတယ်။ DVB TV – 01.06.2017

မျိုးချစ်ညီညွတ်ရေး ပါတီကို ခွင့်မပြုပါက အခြားအမည်ပေးပြီး ပါတီထူထောင်မည်

၁၃၅ မျိုးချစ်ညီညွှတ်ရေး ပါတီကို ပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့မညီလို့ ခွင့်မပြုဘူးဆိုရင် တခြားအမည်ပေးပြီး ပါတီထောင်ဖို့စီစဉ် ထားပြီးသားလို့ ပါတီထူထောင်ရေး ဦးဆောင်သူကပြောပါတယ်။ ဒီသတင်းကို အောင်သူပေးပို့ထားပါတယ်။ DVB TV – 31.05.2017

အသွင်ပြောင်း လာသူတွေကြောင့် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် နိမ့်ကျနေတာလို့ ဝေဖန်မှုတွေ ရှိနေ

စစ်တပ်ဖက်ကနေ ရဲဖက်ကို အသွင်ပြောင်း လာသူတွေကြောင့် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် နိမ့်ကျနေတာလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် အသွင်ပြောင်းအကြီးပိုင်းအရာရှိတွေကတော့ သဘောမတူပါဘူး။ ရန်နိုင်ဇော်ဝင်း သတင်းပေးပို့ထားတာပါ။ DVB TV – 15.05.2017

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တပ်မတော်က မူအားဖြင့် သဘောတူထားပြီးလို့ ဦးရဲထွဋ် ပြော

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တပ်မတော်က မူအားဖြင့် သဘောတူထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးaဟာင်း ဦးရဲထွဋ်ကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေးပေးပို့ထားပါတယ်။ DVB TV – 14.05.2017

အစိုးရဘက် ပိုင်ဆိုင်မှုကို ထုတ်ပြန်ရင် သူတို့ကလည်း ကြေညာဖို့ ၀န်မလေးလို့ ကြံ့ခိုင်ရေး ပြော

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ရင် သူတို့ဘက်ကလည်း ထုတ်ပြန်ကြေညာဖို့ ၀န်လေးမှာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး ပြော နေဖြိုးဝင်း မေလ ၁၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ လက်ရှိဖြစ် ပေါ်နေတဲ့ အရင် ပါတီဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ၀န်ကြီးချုပ်တွေရဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စ၊ ပါတီအပေါ် စွပ်စွဲပြောဆိုနေတာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပိုင်ဆိုင်မှုထုတ်ပြန်ကြေညာဖို့ ရှိသလားလို့ မီဒီယာသမားတစ်ဦးရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ ” ဒီနေ့တည်ရှိနေတဲ့ အသင်းအဖွဲ့တွေ၊ ပါတီတွေနဲ့ အရင်ကလည်းကျယ်ကျယ်လောင်လောင် အော်ခဲ့ ကြတယ်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေရော ထုတ်ပြန်ကြေညာနိုင်တဲ့ အဆင့်ရှိပြီလား။ အဲဒီလိုရှိခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း ထုတ်ပြန်ပေးဖို့ ၀န်လေးမှာ …Read more »

၅ ဘီလျံကျော် အစိုးရဘတ်ဂျက် မဟုတ်ပဲ ပြင်ပရငွေတွေဖြစ်တဲ့အတွက် အစိုးရနဲ့ မဆိုင်လို့ မလွှဲ

ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဟောင်းရဲ့ အရှုပ်အရှင်းဖြစ်ပေါ်နေတဲ့ ဖောင်ဒေးရှင်း ငွေကျပ် ၅ ဘီလျံကျော်ဟာ အစိုးရဘတ်ဂျက် မဟုတ်ပဲ ပြင်ပရငွေတွေဖြစ်တဲ့အတွက် အစိုးရနဲ့ မဆိုင်လို့ မလွှဲခဲ့တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဟောင်း တဦးက ပြောပါတယ်။ သော်ဇင်မျိုးက သတင်းပေးပို့ထားပါတယ်။ DVB TV – 12.05.2017

နောက်ထပ်ပြသနာတွေ မဖြစ်ပွားအောင် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်း

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်ပြသနာတွေ မဖြစ်ပွားအောင် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ထားတာပါ။ DVB TV – 11.05.2017

၁၃ ပါတီ တိုင်တန်းမှုဟာ တိုင်စာရောက်တဲ့အဆင့်သာရှိသေးလို့ လေ့လာပြီးမှထုတ်ပြန်မယ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် ၂ဦးကို ရွေးကောက်ပွဲဥပဒေ ဖောက်ဖျက်တယ် ဆိုတဲ့ ၁၃ ပါတီ ရဲ့ တိုင်တန်းမှုဟာ တိုင်စာရောက်တဲ့အဆင့်သာရှိသေးတဲ့အတွက် လေ့လာပြီးမှထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။ DVB TV – 11.05.2017

ဧရာဝတီ တိုင်းအစိုးရ ရန်ပုံငွေကိစ္စ တစ်နှစ်ကျော်တဲ့အထိ စစ်ဆေးနိုင်ခြင်း မရှိသေး

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ရဲ့ တိုင်းအစိုးရ ရန်ပုံငွေကိစ္စ ကို တိုင်းဒေသကြီးအစိုးသစ်သက်တမ်း တစ်နှစ်ကျော်တဲ့အထိ စစ်ဆေးနိုင်ခြင်းမရှိသေး တဲ့သတင်း ကိုတော့ သော်ဇင်မျိုးကပေးပို့ထားပါတယ်။ DVB TV –