နိုင်ငံရေး

Latest
Most Viewed
Most Commented
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လိုအပ်သလို အရေးယူရန် တပ်မတော်က တောင်းဆိုထား

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လိုအပ်သလို စိစစ်အရေးယူပေးနိုင်ဖို့ တပ်မတော်က နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကိုအောင်သူ ပေးပို့ထားပါတယ်။ DVB TV – 12.07.2017

ဒီမိုကရေစီ အပြည့်အဝမရသေးလို့ သတိထားလုပ်

ဒီမိုကရေစီ အပြည့်အဝမရသေးတဲ့ အခြေအနေဖြစ်တဲ့အတွက် ဘာလုပ်လုပ် သတိထားလုပ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံရေးအကျဉ်း သားဟောင်းတွေကို သတိပေးစကားပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေးပေးပို့ထားပါတယ်။ DVB TV – 09.07.2017

နိုင်ငံရေးအဖွဲ့ ငါးဖွဲ့က NLD အစိုးရ ကို တရားစွဲဆိုဖို့ ပြင်ဆင်နေ

NLD အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယူဆတဲ့အတွက် နိုင်ငံရေးအဖွဲ့ငါးဖွဲ့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး NLD အစိုးရ ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ အောင်ဆန်းဦးက ပေးပို့ထားတာပါ။ DVB TV – 05.07.2017

ဝန်ကြီး နဲ့ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လေ့လာသုံးသပ်နေ

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လေ့လာသုံးသပ်မှုတွေ လုပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်က ပြောဆိုလိုက်ပါတယ်။ ဟိန်းကို သတင်းပေးပို့ထားတာပါ။ DVB TV – 26.06.2017

သမ္မတဟောင်း စ၀်ရွှေသိုက်ရဲ့သားကို ဗီဇာ ပိတ်ပင်မထားဘူးလို့ သမ္မတရုံး ပြော

မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့ သား ဦးဟံညောင်ဝေကို အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတယ်ဆို မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာပါ။ “ဦးဟံညောင်ဝေ ကိစ္စနဲ့ ပတ်သက်ပြီး ဗီဇာပိတ်ပင်ထားခြင်းမရှိပါဘူး။ သူ့ကို ကျနော်တို့က ဗီဇာမပိတ်ဘူး။ သို့သော် အရင်တုန်းက ပေးထားတဲ့ Multiple Visa တော့ မရတော့ဘူး။ နှစ်ရှည်တော့ မရတော့ဘူး Social Visa နဲ့တော့ ၀င်လို့ရပါတယ်။ အဲဒါတွေကို သံရုံးတွေ ဘာတွေမှာ ပြောထားပြီးဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောတာပါ။ ဦးဟံညောင်ဝေဟာ Euro Burma Office အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ ကြောင့် ပြည်ဝင်ခွင့် Multiple Visa ပေးထားခဲ့ပြီး လက်ရှိအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ရာမှာ Euro …Read more »

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိသေး

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်၊ နိုင်ငံရေးပြစ်မှု အဓိပ္ပာယ် ဖွင့်ဆိုဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ပြောပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားပါတယ်။ DVB TV – 21.06.2017

ပြည်ထောင်စုရိပ်သာ စီမံကိန်း အကြောင်း ရှင်းရှင်းလင်းလင်းမသိသေး

ရန်ကုန်မြို့ ရဲ့ အချက်အချာနေရာမှာရှိတဲ့ ပြည်ထောင်စုရိပ်သာ နေရာဟောင်းက စီမံကိန်း အကြောင်းကို ရန်ကုန်တိုင်း အစိုးရနဲ့ လွှတ်တောင်ကတောင် ရှင်းရှင်းလင်းလင်းမသိရသေးဘူး လိုပြောပါတယ်။ ပြည်ဖြိုးကျော်က သတင်းပေးပို့ထားပါတယ်။ DVB TV – 20.06.2017

ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ဝန်းရံကြဖို့ NLD ပြောကြား

နှစ်ပေါင်း၃၀နီးပါး ကြိုးစားလာခဲ့ပေမယ့် ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးပဲ ဒီမိုကရေစီ ပန်းတိုင်သွားတဲ့လမ်းပေါ်မှာပဲ ရှိသေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဝန်းရံဖို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို လေးလေးမွန်ပေးပို့ထားပါတယ်။ DVB TV – 19.06.2017

အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ သတင်းအချက်အလက်တိုင်း မီဒီယာကို အသိပေးရန် မဖြစ်နိုင်

နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် လုံခြုံရေးအရ သတင်းအချက်အလက်တွေကို သတင်းမီဒီယာသမားတွေကို အားလုံး အသိပေးလို့ မဖြစ်ဘူးလို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဦးဇော်ဖေ သတင်းပေးပို့ထားပါတယ်။ DVB TV – 15.06.2017