နိုင်ငံရေး

Latest
Most Viewed
Most Commented
ပါတီကိုကြည့်ပြီး မဲပေးခဲ့လို့ ဒုက္ခတွေ ဖြစ်နေတာလို့ ပြည်ခိုင်ဖြိုး ဟောပြော

ပါတီကိုကြည့်ပြီး မဲပေးခဲ့လို့ လက်ရှိကြုံနေရတဲ့ ဒုက္ခတွေ ဖြစ်နေတာလို့ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ထားပါတယ်။ DVB TV – 26.03.2017

DVB TV – ရဲတပ်ဖွဲ့ဝင်အင်အား မပြည့်တဲ့အပြင် တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်အားနည်း

DVB TV – ရဲတပ်ဖွဲ့ဝင်အင်အား မပြည့်တဲ့အပြင် တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်အားနည်းလာတဲ့အတွက် ပြည်သူတွေ အားမရ မကျေမနပ်ဖြစ်ရတယ်လို့ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ကိုအောင် ပေးပို့ထားပါတယ်။

ကျောင်းသားထု အရေးအခင်းကို မမေ့မလျော့ အမှတ်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မတ်လရဲ့ သမိုင်းမှတ်တိုင် တခုဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့နဲ့ ကျောင်းသားထု အရေးအခင်းကို မမေ့မလျော့ အမှတ်ရဖို့  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။ DVB TV – 13.03.2017

DVB TV – အမှားအမှန်မခွဲခြားဘဲထောက်ခံတာကြောင့် ရခိုင်နိုင်ငံရေးဟာ အမှားတွေဖြစ်စေတယ်

DVB TV – ရခိုင်ပြည်သူတွေဟာ ပြဿနာတွေကြုံလာတိုင်း ရခိုင်လူမျိုးဘက်ကသာ အမှားအမှန်မခွဲခြားဘဲထောက်ခံတာကြောင့် ရခိုင်နိုင်ငံရေးဟာ အမှားတွေဖြစ်စေတယ်လို့ ရခိုင်စာပေနှင့်ယာဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌကပြောပါတယ်။ဒီသတင်းကို စိုးမိုးအောင်ကပေးပို့ထားပါတယ်။

DVB TV – နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီ မရှိတော့တဲ့အတွက် လွတ်မြောက်ဖို့ အခက်အခဲ

DVB TV – လက်ရှိအစိုးရလက်ထက်မှာဦးသိန်းစိန်အစိုးရလက်ထက်ကဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီ မရှိတော့တဲ့အတွက် နိုင်/ကျဉ်းတွေ ချွင်းချက်မရှိ လွတ်မြောက်ဖို့ အခက်ခဲရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။ဦးအာကာ သတင်းပေးပို့ထားပါတယ်။

DVB TV – နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ. စတုတ္ထ အကြိမ်ညီလာခံ

DVB TV – ဦးဆောင်ကော်မတီဝင်တွေ ပြန်လည်ရွေးချယ်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ. စတုတ္ထ အကြိမ်ညီလာခံကို မတ်လ ၅ ရက်နေ့မှာပြုလု ပ်သွားမှာဖြစ်ပါ တယ်။လင်းဆက်အောင်ပေးပို့။

မီတာခ ၃ဆ တိုးမြှင့်ကောက်ခံမယ်ဆိုတာ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ တိုင်းလျှပ်စစ်ဝန်ကြီး ပြော

ရန်ကုန်မှာ မီတာခ ၃ဆ တိုးမြှင့်ကောက်ခံမယ်ဆိုတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။ သူဇာလင်း သတင်းပေးပို့ထားပါတယ်။ DVB TV – 03.03.2017

NLD အစိုးရ သက်တမ်းအတွင် ဘာတွေမပြောင်းလဲသေးလဲ ဦးဝင်းမြင့် မေးခွန်းထုတ်

NLD အစိုးရ တာဝန်ယူခဲ့တဲ့ သက်တမ်း ၁နှစ်ကျော် ကာလအတွင်းမှာ မပြောင်းလဲသေးဘူးလို့ ထင်နေတဲ့သူတွေကို ဘယ်အရာတွေက မပြောင်းလဲသေးတာလဲဆိုတာကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က မေးခွန်းထုတ်လိုက်ပါတယ်။ ပြည့်ဘုန်းအောင်က သတင်းပေးပို့ထားပါတယ်။ DVB TV – 03.03.2017

အစိုးရသစ်သက်တမ်း တနှစ်တာအတွင်း ထူးထူးခြားခြား ပြောင်းလဲမှုတွေ မရှိသေး

အစိုးရသစ်သက်တမ်း တနှစ်တာအတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးနိုင်တာမျိုး မရှိသေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ သူဇာလင်း သတင်းပေးပို့ထားပါတယ်။ DVB TV – 02.03.2017