လွှတ်တော်ရေးရာ

Latest
Most Viewed
Most Commented
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်တွေ ခန့်အပ်တာကို လျှော့ချသွားဖို့ အဆိုတင်သွင်း

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်တွေ ခန့်အပ်တာကို လျှော့ချသွားဖို့နဲ့ ပတ်သက်ပြီး အဆိုတခု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဦးကျော်ဇေယျာဝင်း သတင်းပေးပို့ထားပါတယ်။ DVB TV – 23.08.2016

IT နည်းပညာ သုံးစွဲမှုကို စောင့်ကြည့်ဖို့ တိုက်တွန်းတဲ့အဆို ဆွေးနွေးဖို့ လွှတ်တော် သဘောတူ

လူငယ်တွေရဲ့ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့အတွက် IT နည်းပညာ သုံးစွဲမှုကို စောင့်ကြည့်ဖို့ အစိုးရကို တိုက်တွန်းတဲ့အဆို ဆွေးနွေးဖို့ လွှတ်တော်က သဘောတူညီခဲ့ပါတယ်။ အောင်ဆန်းဦးက သတင်းပေးပို့ထားတာပါ။ DVB TV – 25.10.2017

Live – အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်ပိုင်ဖို့အဆို မဲခွဲ အတည်ပြု

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေး နောက်ဆုံးနေ့အစည်းအဝေးကို ဒီနေ့ကျင်းပသွားခဲ့ပါတယ်။ ဒီနေ့မှာ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် တင်သွင်းတဲ့ အများပြည်သူပိုင် နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အဆိုကို တင်သွင်းရာမှာ ကိုယ်စားလှယ် ၁၄ ဦးထောက်ခံဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုးက အခုကိစ္စ တွဟာ စည်ပင် တခုထဲလုပ်ဆောင်နိုင်တာ မဟုတ်ဘဲ တရားရုံးတွေရဲ့ဆုံးဖြတ်ချက်တွေလည်း လိုအပ်တာကြောင့် အတည်မပြုဘဲ အဆိုကို မှတ်တမ်းအဖြစ်ဘဲ ထားရှိပေးဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုကို မဲခွဲရာမှာ ထောက်ခံတဲ့သူတွေ မတ်တပ်ရပ်ပါလို့ပြောတဲ့အခါ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် ကိုယ်စားလှယ်အားလုံးနီးပါး မတ်တပ်ရပ်ခဲ့ပြီး မထောက်ခံတဲ့ သူ မတ်တပ်ရပ်ပါဆိုတဲ့အခါမှာ မြို့တော်ဝန်တဦးထဲသာ မတ်တပ်ရပ်ခဲ့ပါတယ်။ ရန်ကုန် တိုင်းလွှတ်တော် ခဏရပ်နားပြီးချိန်မှာ အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုထောက်ခံမှုနဲ …Read more »

သက်ငယ်မုဒိန်း ကျူးလွန်သူတွေ သေဒဏ်ပေးရေးအဆို ပြင်ဆင်ပြီးမှ လွှတ်တော်မှာ ဆွေးနွေးမယ်

သက်ငယ်မုဒိန်း ကျူးလွန်သူတွေကို သေဒဏ်ပေးရေးအဆို ပြင်ဆင်ရေးဆွဲပြီးမှ လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဦးအောင်ဆန်းဦးက ပေးပို့ထားပါတယ်။ DVB TV – 03.02.2017

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ မထိန်းကျောင်းနိုင်

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ က မထိန်းကျောင်းနိုင်တာ လွှတ်တော်ဥက္ကဋ္ဌ ကြောင့် ဖြစ်တယ်လို့ ဒလမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ လင်းဆက်အောင် သတင်းပေးပို့ထားပါတယ်။ DVB TV – 09.02.2017

YBS မအောင်မြင်ရတဲ့ အကြောင်းတွေထဲမှာ နိုင်ငံရေးပယောဂတွေ ပါနေတယ်လို့ဆို

YBS မအောင်မြင် ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ နိုင်ငံရေးပယောဂတွေ ပါနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေး ပေးပို့ထားပါတယ်။ DVB TV – 27.04.2017

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်ပေးမှ ပပျောက်မယ်

စည်းကမ်းမဲ့ အမိုက်စွန့်ပစ်တာတွေ ပပျောက်ဖို့ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်ပေးမှ ပပျောက်မယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောဆိုလိုက်ပါတယ်။ ဦးအာကာ သတင်းပေးပို့ထားပါတယ်။ DVB TV – 20.09.2017

တတိယအကြိမ် ပြင်ဆင်ထားတဲ့ ရပ်ကျေးဥပဒေ အတည်ပြု

ဧည့်စာရင်းတိုင်ကြားမှုကို ပယ်ဖျက်ပြီး ပြင်ဆင်ချက် အသစ်ဖြည့်စွက်ချက်တချို့နဲ တတိယအကြိမ် ပြင်ဆင်ထားတဲ့ ရပ်ကျေးဥပဒေ ကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားပါတယ်။ DVB TV – 03.06.2016

မောင်တောဒေသတွင်း အကြမ်းဖက်မှု အမြစ်ပြတ်ချေမှုန်းပေးရန်အဆို တင်ခွင့်မရ

မောင်တောဒေသတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းသွားဖို့ အမြစ်ပြတ်ချေမှုန်းပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်အဆို လွှတ်တော်တင်ခွင့်မရခဲ့ပြန်ပါဘူး။ ဒီသတင်းကို ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။ DVB TV – 23.11.2016