လွှတ်တော်ရေးရာ

Latest
Most Viewed
Most Commented
DVB TV – အစိုးရ သစ်လက်ထက်ပထမဆုံးရေးဆွဲတဲ့ ဧရာဝတီတိုင်းဒေသကြီး ရဲ့ဘတ်ဂျက်

DVB TV – အစိုးရ သစ်လက်ထက်ပထမဆုံးရေးဆွဲတဲ့ ဧရာဝတီတိုင်းဒေသကြီး ရဲ့ဘတ်ဂျက်မှာ မရှိမဖြစ်လိုအပ်ချက်မဟုတ်တဲ့အသုံးစရိတ်တွေ ပါဝင်နေတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီသတင်းကိုသော်ဇင်မျိုးက ပေးပို့ထားပါတယ်။

DVB TV – ခွင့်ပြုအသုံးစရိတ်တွေကို အချိန်မီမသုံးနိုင်တဲ့အတွက် ပြန်လည်အပ်နှံဖို့ တင်ပြမယ်

DVB TV – ခွင့်ပြုအသုံးစရိတ်တွေကို အချိန်မီမသုံးနိုင်တဲ့အတွက် ပိုလျှံငွေတွေပြန်လည်အပ်နှံဖို့ အစိုးရအဖွဲ့ကို တင်ပြ ဆောင်ရွက်သွားမယ်လို့ စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

DVB TV – ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေလျှာထားချက်နဲ့ပက်သတ်ပြီး ၀န်ကြီးပြန်လည်ဆွေးနွေး

DVB TV – ယခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေလျှာထားချက်နဲ့ပက်သတ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တွေ့ရှိချက်တွေနဲ့အကြံပြုချက်တွေအပေါ်မှာ တိုင်းဒေသကြီးအဖွဲ့ဝင်ဝန်ကြီးတွေက ပြန်လည်ဆွေးနွေးတင်ပြခဲ့ ကြပါတယ်။ ဟိန်းကိုသတင်းပေးပို့ထားတာပါ။

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုခဲ့

ဝန်ကြီးဌာနတွေရဲ့ ဖြည့်စွက်တောင်းခံငွေ ကျပ်ဘီလျံ ၁၃၀၀ ကျော်ထဲက ဘီလျံ ၆၀ ကျော်ဖြတ်တောက် ပြီး နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားပါတယ်။ DVB TV – 14.12.2016

DVB TV – မန္တလေးတိုင်း အရေးပေါ်အစည်းအဝေးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခန့်မှန်းလျာထား စာရင်းပယ်ဖျက်

DVB TV – မန္တလေးတိုင်း အရေးပေါ်အစည်းဝေးမှာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ မတိုင်ပင်ဘဲ ရေးဆွဲထားတဲ့ စွန်ရဲအင်း စီမံကိန်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခန့်မှန်းလျာထား စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။ တာ၇ာ သတင်းပေးပို့ထားပါတယ်။

DVB TV – စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လယ်ယာမြေ ချေးငွေတိုးပေးရန်အစီအစဉ်ရှိမရှိ

DVB TV – စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ လယ်မြေနှင့် ယာမြေ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကွာဟနေတာကြောင့် ယာမြေချေးငွေများတိုးပေးရန်အစီအစဉ်ရှိမရှိ မေးခွန်းမေးမြန်းရာမှာ အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒီသတင်းကို အောင်ကိုလတ်ကပေးပို့ထားပါတယ်။

Multi-Level Marketing စနစ် ကုမ္ဗဏီတွေကို စိစစ်ဆောင်ရွက်နေ

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း Multi-Level Marketing စနစ် အသုံးပြုရောင်းချခဲ့တဲ့ ကုမ္ဗဏီတွေကို စိစစ်ဆောင်ရွက်နေပြီး တည်ဆဲဥပဒေနဲ့ မညီပါက အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုလိုက်ပါတယ်။ ဦးကျော်ဇေယျာဝင်း သတင်းပေးပို့ထားပါတယ်။ DVB TV – 08.12.2016

နေ့စဉ် လက်ဖက်ရည်တခွက် လျှော့သောက်ကြရန် ပြည်ထောင်စုဝန်ကြီး ပြော

နိုင်ငံတော်ကရတဲ့ ဘတ်ဂျက်ဟာလုံလောက်မှုမရှိတဲ့အတွက် ဘတ်ဂျက်မချပေးနိုင်တဲ့နေရာတွေကို ကူညီနိုင်ဖို့ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်တခွက် လျှော့သောက်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဒီဇင်ဘာ (၁)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။ တနေ့ လက်ဖက်ရည်တခွက် လျှော့သောက်ပြီး ထည့်ဝင်ခြင်းဖြင့် မျှဝေလုပ်ဆောင်မှာဖြစ်တဲ့အတွက် မျှဝေခြင်းအစီအစဉ်လို့ အမည်ပေးထားပြီး မကြာမီကာလအတွင်း သူရဲ့ဝန်ကြီးဌာနကနေစတင်အကောင်အထည်ဖော်မယ်လို့ပြောပါတယ်။ ရှမ်းပြည်နယ်၊ မောက်မယ် မဲဆန္ဒနယ်က ဦးစိုင်းငေါင်းဆိုင်ဟိန်းမေးမြန်းတဲ့ စဥ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ကူညီဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်တဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာပါ။ ဒေါက်တာအောင်သူဟာ သချာင်္ပါမောက္ခ တယောက်ဖြစ်ပြီး ၂၀၁၄ခုနှစ်ကနေ ၂၀၁၅အထိ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းးဖြစ်ပါတယ်။ ဒေါက်တာအောင်သူဟာ ပြီး ၂၁၀၅အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆)မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသူလည်းဖြစ်ပါတယ်။ သတင်း …Read more »

DVB TV – ဖုန်ကန်ရာဇီ ရေခဲတောင်စပ်အထိ ကားလမ်းဖောက်လုပ်ပေးဖို့ အဆိုကိုတည်ပြု

DVB TV – ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်စပ်အထိ ကားလမ်းဖောက်လုပ်ပေးဖို့ အဆိုကိုကချင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒေါ်သင်းသင်းနွယ်က ပေးပို့ထားပါတယ်။