လွှတ်တော်ရေးရာ

Latest
Most Viewed
Most Commented
အစိုးရ ကန်ထရိုက် တဆင့်ပြန်မပေးဖို့ လွှတ်တော်ပြော

အစိုးရ ဘဏ္ဍာငွေတွေကို စနစ်တကျသုံးဖို့နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရက ကန်ထရိုက်ပေးရာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ မဟုတ်ဘဲ နှစ်ဆင့် သုံးဆင့် ပေးနေတာတွေ မလုပ်ဖို့ကို ပြည်ထောင်စုလွတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့ပါတယ်။ ဦးမြတ်သူရ သတင်းပေးပို့ ထားပါတယ်။ DVB TV – 02.04.2015

အဂတိလိုက်စားတဲ့ စာရင်းစစ်တွေကို တိုင်ကြားနိုင်

အဂတိလိုက်စားတဲ့ စာရင်းစစ်တွေကို အမည်၊ ရာထူးနှင့် တကွ မသန့်ရှင်းတဲ့ လုပ်ဆောင်ချက်တွေကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်ထံ တိုင်ကြားနိုင်တယ်လို့ ဒီနေ့ ကျင်းပတဲ့ မန္တလေး တိုင်းလွှတ်တော်မှာ ပြောပါတယ်။ တာရာ သတင်းပေးပို့ထားတာပါ။ DVB TV – 01.04.2015

ဝန်ကြီင်္း ဌာန ၁၁ ခုက အသုံးစရိတ်တချို့ ဖြတ်တောက်ခံရ

သမ္မတရုံး၊ လွှတ်တော် ၃ရပ်နဲ့ဝန်ကြီးဌာန အားလုံးရဲ့ သာမန်သုံးငွေထဲက ၂ ရာနှုန်းစီအပြင် ဝန်ကြီင်္း ဌာန ၁၁ ခုရဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်းပေါင်း တစ်သိန်း ခုနှစ်သောင်း ကျော်ဖြတ်တောက်ပြီး ၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားတာပါ။ DVB TV – 31.03.2015

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ချင်တာလို့ ဒေါ်စုပြော

လာမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲချင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်ပါတယ်။ ဦးမြတ်သူရက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ထပ်ခန့်ဖို့ သမ္မတ သ၀ဏ်လွှာပို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ထပ်မံခန့်ထားပေးဖို့ သမ္မတက သ၀ဏ်လွှာပေး ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားတာပါ။