လွှတ်တော်ရေးရာ

Latest
Most Viewed
Most Commented
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး ပထမပုံမှန်အစည်းအဝေး အဆို ၄ ခုတင်သွင်း

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး ပထမပုံမှန်အစည်းအဝေး ကို မေးခွန်းပေါင်း ၂၈ ခု နဲ့ အဆို ၄ ခုတင်သွင်းပြီး အဆုံးသတ်ခဲ့ပါတယ် ။ ဒီသတင်းကို စိုးရ က ပေးပို့ထားတာပါ ။

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အသုံးစားရိတ်လျှော့ သုံးဖို့ ဦးဝင်းမြင့်သတိပေး

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ရေလိုက်ငါးလိုက်မနေဖို့နဲ့ အသုံးစားရိတ်လျှော့ သုံးဖို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကသတိပေးပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုသော်ဇင်မျိုးက ပေးပို့ထားပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရက တိုက်နယ်ဆေးရုံပြောင်း လဲဆောက်လုပ်ဖို့ လွှတ်တော်အတည်ပြု

မကွေးတိုင်းဒေသကြီးအစိုးရက ပွင့်ဖြူမြို့နယ်၊ သရက်တောကျေးရွာမှာ တိုက်နယ်ဆေးရုံပြောင်း လဲဆောက်လုပ်ဖို့ လွှတ်တော်မှာအဆိုပြုတဲ့အခါမှာ မကွေးလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ ဦးဇော်ဖေသတင်းပေးပို့ထားပါတယ်။

လှိုင်သာယာ မြို့နယ်ထဲ ယာဉ်တိုက်မှုနှုန်း လျှော့ချနိုင်ဖို့ ဘတ်ဂျက် ပံ့ပိုးသွားမယ်

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်အတွင်း ယာဉ်တိုက်မှုနှုန်း မြင့်မားတာတွေကို လျော့ချနိုင်ဖို့ လိုအပ်နေတဲ့ ယာဉ်အန္တာရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲ ဘက်ဂျက်နဲ့ ပံ့ပိုးပေးသွားမယ်လို့ ဇွန်လ ၁၄ ရက်နေ့ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန်က ဖြေကြားခဲ့ပါတယ်။ ဒီသတင်းကို မေသင်္ကြန် ပေးပို့ထားပါတယ်။ DVB TV – 20.06.2016

Live – အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်ပိုင်ဖို့အဆို မဲခွဲ အတည်ပြု

ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေး နောက်ဆုံးနေ့အစည်းအဝေးကို ဒီနေ့ကျင်းပသွားခဲ့ပါတယ်။ ဒီနေ့မှာ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် တင်သွင်းတဲ့ အများပြည်သူပိုင် နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အဆိုကို တင်သွင်းရာမှာ ကိုယ်စားလှယ် ၁၄ ဦးထောက်ခံဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုးက အခုကိစ္စ တွဟာ စည်ပင် တခုထဲလုပ်ဆောင်နိုင်တာ မဟုတ်ဘဲ တရားရုံးတွေရဲ့ဆုံးဖြတ်ချက်တွေလည်း လိုအပ်တာကြောင့် အတည်မပြုဘဲ အဆိုကို မှတ်တမ်းအဖြစ်ဘဲ ထားရှိပေးဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုကို မဲခွဲရာမှာ ထောက်ခံတဲ့သူတွေ မတ်တပ်ရပ်ပါလို့ပြောတဲ့အခါ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် ကိုယ်စားလှယ်အားလုံးနီးပါး မတ်တပ်ရပ်ခဲ့ပြီး မထောက်ခံတဲ့ သူ မတ်တပ်ရပ်ပါဆိုတဲ့အခါမှာ မြို့တော်ဝန်တဦးထဲသာ မတ်တပ်ရပ်ခဲ့ပါတယ်။ ရန်ကုန် တိုင်းလွှတ်တော် ခဏရပ်နားပြီးချိန်မှာ အများပြည်သူပိုင် နေရာတွေကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုထောက်ခံမှုနဲ …Read more »

မန္တလေး မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အဆိုတင်သွင်း

၂၀၁၄ခုနှစ် မန္တလေး မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဇွန်လ ၁၃ ရက်နေ့မှာ ပြန်လည်ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အိမ်ခိုင်မြဲက သတင်းပေးပို့ထားပါတယ်။ DVB TV – 14.06.2016

ရန်ကုန်တိုင်းအတွင်း ဈေးတွေကို ဈေးအင်္ဂါရပ် နဲ့အညီ အဆင့်မြှင့်တင်ဖို့ မျှော်လင့်

လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း ဈေးတွေကို ဈေးအင်္ဂါရပ် နဲ့အညီ အဆင့်မြှင့်တင်ဖို့ကိစ္စကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ မျှော်လင့်နေကြပါတယ်။ ဒီသတင်းကို မေသင်္ကြန်ပေးပို့ထားပါတယ်။ DVB TV – 13.06.2016

မွန်ပြည်နယ် အစိုးရအဖွဲ့ မှ ပြည်နယ်လွှတ်တော်ကို လေးစားလိုက်နာဖို့ အတည်ပြုဆုံးဖြတ်

မွန်ပြည်နယ် အစိုးရအဖွဲ့ မှ ပြည်နယ်လွှတ်တော်ကို လေးစားလိုက်နာဖို့ လွှတ်တော်အထူးအစည်းအဝေးက အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ဦးကျော်စိုးပေးပို့ထားပါတယ်။

တတိယအကြိမ် ပြင်ဆင်ထားတဲ့ ရပ်ကျေးဥပဒေ အတည်ပြု

ဧည့်စာရင်းတိုင်ကြားမှုကို ပယ်ဖျက်ပြီး ပြင်ဆင်ချက် အသစ်ဖြည့်စွက်ချက်တချို့နဲ တတိယအကြိမ် ပြင်ဆင်ထားတဲ့ ရပ်ကျေးဥပဒေ ကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားပါတယ်။ DVB TV – 03.06.2016