မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း အပေါ် ရှုမြင်ချက်
750 July 3, 2017မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ၁၉၉၅ မှာ ပြဌာန်းခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ခေတ်ကာလနဲ့ မလျှော်ညီတဲ့ ပြဌာန်းချက်တွေ ရှိနေတာကြောင့် လက်ရှိ အစိုးရ လက်ထက်မှာ အသစ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ဒီနှစ် မတ်လထဲမှာ ” ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်း” ကို အများပြည်သူတွေ လေ့လာ အကြံပြုနိုင်အောင် နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ပြခဲ့ပါတယ်။ ဒီအစီအစဉ်မှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေကို ဆွေးနွေးထားပါတယ်။ DVB TV – 02.07.2017
ဘ၀ကို အတတ်ပညာ တခုနဲ့ ရပ်တည်နေထိုင်နိုင်အောင် ကြိုးစားနေသူတယောက်
1572 July 3, 2017ဘ၀မှာ သာမန်လူတွေလိုမဟုတ်ပဲ အားနည်းတချို့ရှိပေမယ့် ဘ၀ကို အတတ်ပညာ တခုနဲ့ ရပ်တည်နေထိုင်နိုင်အောင် ကြိုးစားနေသူတယောက် အကြောင်းကို ဒီတပတ် ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 02.07.2017
ငွေကြေးခဝါချမှု ဘယ်လိုတိုက်ဖျက်မလဲ
1579 June 23, 2017DVB Biz Debate – ငွေကြေးခဝါချမှု ဘယ်လိုတိုက်ဖျက်မလဲ “တာဝန်သိတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့ပါ။ဒီနေရာမှာအရောင်းအဝယ်တကယ် ကြီးကြီးမားမားမဖြစ်ဘဲနဲ့အမြတ်တွေအများကြီးပြပြီး အခွန်ဆောင်နေတဲ့လုပ်ငန်း ကိုစစ်ဆေးတဲ့စာရင်းစစ်တွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဆိုလိုတာ ကသူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်စီးပွားရေးလုပ်ငန်းတွေကလည်းတာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့လိုတဲ့အပြင်ပြည်သူလူထုကလည်း awareness ရှိဖို့လိုပါတယ်။နောက်ဆုံးအချက်က Rule of Law တရားဥပဒေစိုးမိုးမှုရှိပြီးတော့ Lawenforcementအရေးယူတာမျိုးတွေရှိဖို့လိုပါတယ်” – ဦးစံသိန်း (ဘဏ်လုပ်ငန်းပညာရှင်) “ဘယ်ကရတယ်ဆိုတာမျိုးပေါ့အဲ့တော့ဟိုးအစကိုကြည့်ဖို့လိုပါတယ် ။နိုင်ငံခြားကသားသမီးတွေ ကရတဲ့ ပိုက်ဆံ၁၅ရာခိုင်နှုန်းအခွန်ဆောင် လိုက်လို့ငွေဖြူဖြစ်သွားတယ်ဆိုပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရရှိတဲ့ပိုက်ဆံမျိုးနဲ့တော့ ခွဲခြားကြည့်ဖို့လိုပါတယ်။ဒါ့ကြောင့်အစကိုကြည့် ဖို့လိုပါတယ်” – ဒေါက်တာသောင်းဟန် (Advisor, AYA Financial Group) “ငွေမဲသမားအခွန်ဆောင်တာရှိပါတယ်။ဒီနေရာမှာငွေမဲဘယ်ကလာသလဲဆိုတာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာပြည်ပကိုရောက်နေတဲ့ရွေ့ပြောင်း လုပ်သားက ၅သန်းလောက်ရှိပါတယ်။နောက်သူတို့ဆီကပြန်ပို့တဲ့ ပိုက်ဆံက တစ်နှစ်ကိုအမေရိကန်ဒေါ်လာ၁၀ဘီလီယံလောက်ရှိတယ်။ ဒီငွေတွေဟာ သူများ နိုင်ငံတွေမှာကျွန်ခံပြီးတော့သွားလုပ်တဲ့ငွေလေ။ ဒီငွေတွေဟာ ညစ်ညမ်းတဲ့ငွေတွေမဟုတ်ဘူးလေ။ ဒါပေမယ့်ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအဆင့်ကနိမ့်ကျနေလို့ ဟွန်ဒီစနစ်နဲ့ပို့နေရတာ။ဒါမျိုးပေါ့” – …Read more »
အင်းလေးဒေသ အင်းသီး ခေါ် ကျွမ်းမျှော ခရမ်းချဉ် စိုက်ပျိုးရေး
1102 June 23, 2017ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မှာတော့ အင်းသီး လို့ခေါ်တဲ့ ကျွမ်းမျှော ခရမ်းချဉ်ကို စိုက်ပျိုးကြပြီး အခုနောက်ပိုင်းမှာတော့ ဓာတုလျော့ချရေးနည်းစနစ်တွေနဲ့ တောင်သူအချို့လုပ်ဆောင်နေပါပြီ။ ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ အင်းလေးဒေသက ခရမ်းချဉ်သီးစိုက်တောင်သူတွေရဲ့ အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။ DVB TV – 23.06.2017
မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျုးကျော် ပြသနာ အယ်ဒီတာ စကားဝိုင်း
861 June 21, 2017မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျုးကျော် ပြသနာ အယ်ဒီတာ စကားဝိုင်း
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံ ဒေသခံတွေ အခက်အခဲကို ရွာနှစ်ရွာ ပူးပေါင်းဖြေရှင်း
1508 June 21, 2017ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဒေသ ရွာငံ ဒေသတ၀ိုက်က ဒေသခံတွေရဲ့ အခက်အခဲတခုကို ကျေးရွာနှစ်ရွာပေါင်းပြီး ကြိုးစားရုန်းကန်ခဲ့တဲ့အပိုင်း (၂)ကို ဒီတပတ် Fix it တယောက်တလက် အစီအစဉ်မှာ ရှုစားရမှာ ဖြစ်ပါတယ်။ DVB TV – 21.06.2017
နေရပ်စွန့်ခွာ (၆)နှစ်ကြာ
1624 June 21, 2017တကျော့ပြန် ကချင်စစ်ပွဲကြောင့် (၆)နှစ်ကြာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ဘဝတွေကို အနီးကပ်တွေ့မြင်ရပါမယ်။ DVB TV – 21.06.2017
Yum Yum ခေါက်ဆွဲထုတ်တဲ့ Cho Cho industry ဦးဝေဖြိုးနဲ့ မိတ်ဖက်စကား
1054 June 21, 2017နိုင်ငံခြားကို Export လုပ်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ Local SME တစ်ခု ဖြစ်တဲ့ Cho Cho Industry Ltd ဟာ အသင့်စား စားသောက်ကုန်ဖြစ်တဲ့ Yum Yum ခေါက်ဆွဲ ၊ Shin Shin ကြာဇံ တို့ကို ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချပေးနေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ဒီတစ်ပတ် Common Ground ( ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား ) အစီအစဉ်မှာ Cho Cho Industry Ltd ရဲ့ Managing Director ဦးဝေဖြိုးနဲ့ မိတ်ဖက်စကားပြောကြားမှာပဲ ဖြစ်ပါတယ်။ DVB TV – 17.06.2017
အခြေခံပညာရေး ဥပဒေ မူကြမ်းအပေါ် ရှုမြင်ချက်
966 June 18, 2017အခြေခံပညာရေး ဥပဒေ မူကြမ်းအပေါ် ရှုမြင်ချက် မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ် ။ ဒါပေ မဲ့ အခြေခံပညာရေးနဲ့ ပတ်သက်တဲ့ဥပဒေ မူကြမ်းကို ပညာရေးဝန်ကြီးဋ္ဌာန ၀က်ဆိုက်ထဲမှာ ဖော်ပြထားပေမယ့် လည်း အခုချိန်ထိ လွှတ်တော်ထဲမှာ မဆွေးနွေးနိုင်သေးပါဘူး ။ လက်ရှိ အခြေခံပညာရေးစနစ်ထဲမှာ လိုအပ် ချက်တွေ ၊ စိန်ခေါ်မှုတွေ အများအပြား ကြုံနေရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အခြေခံပညာရေးဥပဒေ(မူကြမ်း) နဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားပါတယ်။ DVB TV – 18.06.2017