အထူးအစီအစဉ်များ

Latest
Most Viewed
Most Commented
DVB TV – တနသာင်္ရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နဲ့ စီးပွားရေးမိတ်ဖက်စကား

DVB TV – တနင်္သာရီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံ အခြားဒေသ နဲ့ နှိုင်းဆရင် ပြည်တွင်း ပဋိပက္ခတွေနဲ့ သဘာဝ ဘေးအန္တရာယ် ကင်းဝေတဲ့ ဒေသဖြစ်ပါတယ် ။ ဒါ့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ ရင်းနှီးမြှပ်နှံမှု တွေက ထင်သလောက် မရသေးပါဘူး။ ယခု တစ်ပတ် Common Ground ( ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား ) အစီအစဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နဲ့ မိတ်ဖက်စကားပြောကြားမှာပဲ ဖြစ်ပါတယ်။

DVB TV – ကနီမြို့နယ်၊ တွင်းရွာ အလယ်တန်းကျောင်း စာသင်ဆောင်အခက်အခဲအပေါ်

DVB TV – ကနီမြို့နယ်၊ တွင်းရွာ အလယ်တန်းကျောင်း စာသင်ဆောင်အခက်အခဲအပေါ် ရိုက်ကူး၊ တည်းဖြတ် – ဌေးလိုင်

မိုင်းကိုး မူးယစ်ဆေးဖြတ်စခန်း အခက်အခဲများ ၀ိုင်းဝန်းကူညီဖြေရှင်း

တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ မိုင်းကိုး မူးယစ်ဆေးဖြတ်စခန်း ရဲ့ အခက်အခဲလေးတွေကို ဒေသခံပရဟိတအဖွဲ့တွေက ဘယ်လိုဝိုင်းဝန်းကူညီဖြေရှင်းပေးခဲ့ကြသလဲ ဆိုတာကို ဒီတပတ် Fix it တယောက်တလက် အစီအစဉ်မှာ တင်ဆက် ထားပါတယ်။ DVB TV – 26.07.2017

အကျင့်ပျက်ခြစားမှု ကို ဘယ်လိုတိုက်ဖျက်မလဲ?

DVB Biz Debate – အကျင့်ပျက်ခြစားမှု ကို ဘယ်လိုတိုက်ဖျက်မလဲ? “ကော်မရှင်ပြန်မဖွဲ့ဘူးဆိုတော့ နိုင်ငံရေးစဉ်းစားချက်တွေများ ရှိနေလို့လား ဆိုပြီးကျနော်စဉ်းစား ကြည့်တယ်။သူများနိုင်ငံတွေမှာ သမ္မတအသစ်တက်လာလို့ရှိရင် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက် ဖို့ကသူ့ရဲ့နံပါတ်တစ် Agenda ဆိုပြီးကြွေးကြော်တာ။အဲ့တာကြီး ကိုဦးစားပေးပြီးတော့လုပ်မယ်ဆိုရင် ကျန်တဲ့ reform မှာကျန်တဲ့ ဟာတွေများရှေ့မရောက်မှာစိုးရိမ်နေလို့လားဆိုတဲ့နိုင်ငံရေးထည့်သွင်း စဉ်းစားချက်ကြောင့်လားပေါ့နော်” – ဦးခိုင်ဝင်း(director, Sandhi Governance Institute) “ကျွန်တော်တို့နိုင်ငံမှာဘာဖြစ်နေလဲဆိုတော့အကျင့်ပျက်ခြစားမှုက အကောင်းဆုံးစီးပွားရေးလုပ်ငန်းဖြစ်နေတယ်။ဘာလို့လဲဆိုတော့အခွန် အတုပ်မပေးရဘူး။လာဘ်ပေးရတယ်ဆိုတဲ့ပိုက်ဆံက တကယ် တရားဝင် အစိုးရကိုပေးရတဲ့ပိုက်ဆံထက်အများကြီးသက်သာတယ်။အဲ့ဒီစီးပွားရေးကအကျိုးအမြတ်အဖြစ်ထွန်းဆုံးဖြစ်နေတယ်။အမှန်တော့အကျိုးအမြတ်မရှိဆုံးဖြစ်ရမယ့်ဟာက အကျိုးအမြတ်အရှိ ဆုံးဖြစ်နေတယ်” – ဦးသန်းမောင်(တရားလွှတ်တော်ရှေ့နေ) “အစိုးရသစ်သက်တမ်းနဲ့အညီလို့ပြောလို့ရှိရင်အခုရှိနေတဲ့ကော်မရှင်အဖွဲ့က ငါတို့ဟာတရားဝင်သေးရဲ့လား၊မဝင်သေးရဲ့လားဆိုတဲ့အနေ အထားဖြစ်နေတယ်။အဲ့လိုမျိုးဖြစ်နေမှတော့ သူတို့ဆီရောက်လာတဲ့ စာတွေကိုကိုင်တွယ်ဖို့အတွက်အရမ်းခက်ခဲမယ်။နောက်တချက်ကလဲသူ့မှာဘယ်လောက်အထိလုပ် ပိုင်ခွင့်အာဏာရှိသလဲဆိုတာကလည်း မေးစရာဖြစ်နေတယ်။ပြီးတော့ကျမတို့က ကိစ္စတော်တော်များ အတွက် third party ထားမယ်ဆိုရင် အဂတိလိုက်စားမှုကအတော်အတင့်ကျဆင်း သွားမယ်ဆိုတာ ကို ရန်ကုန်တိုင်းလွှတ်တော်မှာဆွေးနွေးထားပြီး အဆိုလည်းအောင်ထားတယ်။ဒါပေမယ့် …Read more »

ပြည်သူပြည်သား သတင်းသမား

DVB TV – ပြည်သူပြည်သား သတင်းသမား စားကျက်မြေပေါ်တွင် တရားမဝင်ကျုးကျော်နေထိုင်သူမျာ တစ်လအတွင်းဖယ်ရှားထွက်ခွာပေးရန် အမိန့်ထုတ်ပြန်သည့်အပေါ် ဒေသခံများစိုးရိမ်၊ လယ်မြေများ ပေါ်ဆောက်လုပ်ထားသော နေအိမ်မြေနေရာများကို တရားဝင် ဖြစ်ဖို့ရန်အတွက်တောင်ဆိုး ၊ ပဒဲ-အင်းကြီးကုန်း-အင်းလယ်လမ်း ဖေါက်လုပ်ရာမှာသတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဖေါက်လုပ်ခဲ့ခြင်းမရှိ အကြောင်း ၊ ထားဝယ်မြို့တွင် လျှပ်စစ်မီးခဏခဏပျက်လို့  ဒသခံပြည်သူများ ယောင်းတိုင်မီးများထွန်းပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်၊ မိုးခေါင်းတဲ့ အတွက် လယ်ယာလုပ်ကိုင်သူတွေ အခက်ခဲ နဲ့ ရင်ဆိုင်နေရ ၊ စပါးခွံလောင်စာ အသုံးပြုပြီး ဘွိုင်လာနဲ့ဆန်စက်သုံးလုံး လည်ပါတ်နေတဲ့ ဆန်စက်အနီး အနေသူတွေရဲ့ အခက်ခဲ ၊ စတဲ့သတင်းတွေ ကို ပြည်သူပြည်သား သတင်းသမား အစီစဉ်တွင် တင်ဆက်ထားပါတယ်။ တင်ဆက်- ဇော်မိုးဝေ ရိုက်ကူး – ပြည်သူပြည်သား သတင်း သမားများ

ရွှေ့ပြောင်း လုပ်သားတို့ အပြန်

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေသစ်နဲ့ အဖမ်းအဆီးတွေကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေ မြန်မာနိုင်ငံထဲကို ပြန်လာနေကြတဲ့အခြေအနေကို Close-up အစီအစဉ်မှာ အနီးကပ်တွေ့မြင်ရပါမယ်။ DVB TV – 07.07.2017

ပြည်သူပြည်သား သတင်းသမား

DVB TV – ပြည်သူပြည်သား သတင်းသမား တရားမဝင် အရက်ရောင်းချတာတွေကို ဆိုင်ရာရဲတပ်ဖွဲ့ စခန်းတွေကို အကြောင်းကြားပေမယ့် ဖမ်းဆီးအရေးမယူနိုင်၊ ဆိုင်ကယ်ခိုးမှုများ နေ့စဉ်လိုလို ဖြစ်ပေါ်နေပေမယ့် တရားခံကို မဖမ်းမိ ၊ မြေစရင်းဌာနများမှ လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်မှုမရှိပဲ လယ ၃၀/ခ အခြားသူတဦးအမည်နဲ့ ထုတ်ပေးခဲ့ခြင်း အပေါ် မကျေနပ်၊ နတ္ထောင့်အရှေ့ရွာ အခြေခံပညာမူလတန်းကျောင်း လိုပ်အပ်ချက်၊ သထုံမြို့ လူငယ်ကွန်ယက်အဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ အပတ်စဉ် သန့်ရှင်းရေးပြုလုပ်တဲ့ အကြာင်းစတဲ့ သတင်းတွေကို ပြည်သူပြည်သားသတင်းသမားအများအစီစဉ်မှာ တင်ဆက်ထားပါတယ်။ တင်ဆက် – ဇော်မိုးဝေ ရိုက်ကူး – ပြည်သူပြည်သားသတင်းသမားများ

UMFCCI ရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်း နဲ့ မိတ်ဖက်စကား

မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှုလုပ်ငန်း အသင်းချုပ် UMFCCI ဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ UMFCCI ဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပုဂ္ဂလိက ကဏ္ဍ နဲ့အစိုးရကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ နှင့် နိုင်ငံခြား တိုင်းပြည်တွေ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီတစ်ပတ် Common Ground ( ဖွံ့ဖြိုးစီးပွား ) မိတ်ဖက်စကား အစီအစဉ်မှာ UMFCCI ရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်း နဲ့ မိတ်ဖက်စကားပြောသွားမှာ ဖြစ်ပါတယ် ။

သတင်းထောက်များ မတရားဖမ်းဆီးခံနေရမှုအပေါ် အယ်ဒီတာ စကားဝိုင်း

DVB TV – သတင်းထောက်များ မတရားဖမ်းဆီးခံနေရမှုအပေါ် အယ်ဒီတာ စကားဝိုင်း တင်ဆက် – တိုးဇော်လတ်