အထူးအစီအစဉ်များ

Latest
Most Viewed
Most Commented
သဘာဝဓါတ်မြေသြဇာ

သဘာဝဓါတ်မြေသြဇာ တွေအဖြစ် အသုံးပြုလို့ရနိုင်တဲ့ အသီးအချဉ်ဖောက်လုပ်နည်းနဲ့ အဏုဇီဝပိုးမွေးတဲ့လုပ်နည်း(တနည်းအားဖြင့် EM-1 ) ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 13.10.2017

မိကျောင်းမျက်ရည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြသနာတွေအများကြီးရှိနေပါတယ်။ မြေယာပြသနာတွေဟာ အစိုးရတိုင်းအတွက် ခေါင်းကိုက်စရာအကြောင်းတွေပါ။ အဲ့ဒီမြေယာပြသနာတွေထဲက အငြင်းပွားမှု တခုအကြောင်း ” မိကျောင်းမျက်ရည် ” စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင် Investigative Documentary တင်ဆက်ထားပါတယ်။ သန်းပေါင်းများစွာတန်းဖိုးရှိတဲ့ မြေယာပိုင်ဆိုင်ဖို့အတွက် ချမ်းသားကြွယ်ဝပြီး သြဇာကြီးမားတဲ့ လူနှစ်ဦး အငြင်းပွားနေကြတာပါ။ အဲ့ဒီအငြင်းပွားမှုကြားမှာ အစိုးရဝန်ထမ်းတွေကလည်း အဂတိလိုက်စားမှုတွေရှိနေပါတယ်။ ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ရုပ်သံ အစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားလိုင်းမှာ အောက်ပါအချိန်တွေမှာ ထုတ်လွှင့်ပါတယ်။ Thu _ 18 : 15 PM ( N ) Sat _ 14 : 15 PM ( R ) Mon _ 11: 30 AM …Read more »

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေး

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေးအကြောင်းကို လက်ရှိ အခြေအနေလေးတွေနဲ့ ပေါင်းစပ်ပြီး ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။ DVB TV – 29.09.2017

Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ?

DVB Biz Debate – Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ? “ကိုယ်ကထိပ်ဆုံးမှာနေပြီးတော့အောက်ကလူတွေကိုနင်းတက်တယ် ဆိုတာလက်မခံပါဘူး။ပြီးရင် ကိုယ့်အဖွဲ့ထဲက လူတစ်ဝက် ပဲအောင်မြင်အောင်လုပ်ပေး။ အဲ့ဒါကို လည်းလက်မခံပါဘူး။ ခုနက ပြောသလို ချပြရဲလားဆိုတော့ ချပြရဲပါတယ်။အဲ့တော့ ဒီပွဲပြီးရင် ဘယ်နေရာမှာပြရမလဲရှင့်” ပရိသတ်- ကျော့ကျော့လှိုင်(Sucessmore) “ဥပဒေထုတ်မယ်။ဥပဒေကိုလိုက်နာမှာလားဆိုတော့ ကျနော်ကတော့ လုံးဝမယုံဘူး။ဘာ လို့လဲဆို တော့ သူတို့ကုမ္ပဏီကထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုတောင် အစအဆုံးမဖတ်ထားတဲ့ အသင်းဝင်တွေ အများကြီးပဲ။ကျနော်မျက်နှာချင်းဆိုင်ပြီးမေးလို့ရတယ်။အဲ့တော့ အဲ့လိုလူတွေက ဥပဒေ ကိုဂရုစိုက်မှာ လားဆိုတော့ ရာခိုင်နှုန်းနည်းမယ် ။နောက်တချက်က ဥပဒေကို ဘာကြောင့် ပြတ်ပြတ် သားသား ထွက်စေချင်လဲဆိုတော့ ဒီလိုဥပဒေထုတ်ပြီးတော့စည်းကြပ်ထားရတယ် ဆိုတာကိုအများပြည် သူတွေကသတိထားမိဖို့လိုတယ်။ဒီနေရာမှာ ကျနော်တို့မျှော်လင့်တာက တစ်ခုဘဲ။ဒါက ဆေးလိပ် မကောင်းဘူးဆိုတာ လူတိုင်းသိတယ်။ဒါပေမယ့် ဆေးလိပ်ကုမ္ပဏီတွေကို …Read more »

မြင်းစီးကလပ်

ငယ်စဉ်ကတည်းက မြင်းတွေနဲ့ရင်းနှီးခဲ့ပြီး အင်းလေး ညောင်ရွှေမှာ ငယ်အိပ်မက်တွေကိုအကောင်အထည်ဖော်နေတဲ့ မခူးခူးတို့မိသားစုလေးအကြောင်း ဒီတပတ် ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေကို ဘယ်လို ကူညီနေကြသလဲ

ရခိုင်ပြည်နယ် မှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအတွက် ဘယ်လိုကူညီနေကြသလဲ ? သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဒေသအသီးသီးရဲ့ အခက်ခဲတွေကို Fix it တစ်ယောက်တစ်လက် အစီစဉ်ကနေ ရိုက်ကူးတင်ပြထားပါတယ်။ DVB TV – 13.09.2017

ပဲအကျပ်အတည်း ဘယ်လို ဖြေရှင်းမလဲ

ပဲအကျပ်အတည်း ဘယ်လို ဖြေရှင်းမလဲ အယ်ဒီတာ့စကားဝိုင်း တင်ဆက် – တိုးဇော်လတ်

သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ဖို့ လိုပြီလား

သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့အတွက် အခုဆိုရင် ၃ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ လက်ရှိအချိန်မှာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ပြဋ္ဌာန်းချက်တွေ၊ လက်တွေ့ အကောင်အထည်ဖော်ရာမှာ အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ ရှိနေတဲ့အတွက် ဒီဥပဒေ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအစီအစဉ်မှာ သတင်းမီဒီယာဥပဒေ ပြင်ဆင်ဖို့ လို၊မလို ဆိုတာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။ DVB TV – 03.09.2017

ဖွဲ့စည်းပုံထဲက ကာလုံ အခန်းကဏ္ဍ

DVB Debate – “ဖွဲ့စည်းပုံထဲက ကာလုံ အခန်းကဏ္ဍ” “ကာလုံရဲ့ အရေးကြီးတဲ့ တာဝန်က ၂ ခု။ ကာလုံအဆိုပြုချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်. နောက်တခုက အရေးပေါ်ကာလ တာဝန်ထမ်းဆောင်တဲ့ ကိစ္စတွေ. အဲဒီမှာ အဓိကအားဖြင့် ၂ ပိုင်း။ တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအလိုက် သမ္မတက ကာလုံနဲ့ တိုင်ပင်ပြီး အရေးပေါ် အခြေအနေ ကြေညာတာ။ တပြည်လုံးက ထိန်းမနိုင်သိမ်းမရဖြစ်နေလို့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်တာပေါ့။” ဦးရဲထွန်း(သီပေါ) – နိုင်ငံရေး လေ့လာသုံးသပ်သူ “တခမ်းတနားတွေ မလိုဘူး အချိန်မရွေး နေ့တိုင်းတွေ့လို့လည်း ရတာပဲ။ ကာကွယ်ရေးနဲ့ပတ်သက်တဲ့လူတွေ သာသနာရေးနဲ့ ပတ်သက်တာတွေ ခေါ်ပြီး ဆွေးနွေးလို့ရတယ်။ မခေါ်လည်း ဒါပဲ။ ကာလုံခေါ်မှ တိုင်းပြည်ကို …Read more »