အထူးအစီအစဉ်များ

Latest
Most Viewed
Most Commented
မြိတ်မြို့က ရေလုပ်ငန်း

အလွန်အမင်း ငါးဖမ်းတာတွေနဲ့ ပင်လယ်ပြင်မှာ ဥပဒေစိုးမိုးမှုအားနည်းတာတွေကြောင့် မြန်မာ့ရေပိုင်နက်ထဲမှာ ရေသယံဇာတတွေ လျော့နည်းလာနေပါတယ်။ မြိတ်မြို့က ရေလုပ်ငန်း တွေအကြောင်းကို Close-up အစီအစဉ်မှာ အနီးကပ်တွေ့မြင်ကြရမှာပါ။ DVB TV – 20.10.2017

ဆယ်တန်းအောင်ရင် ဘယ်လမ်းရွေးမလဲ

ပညာရေးကို အလေးပေးလာနေတဲ့ ပညာခေတ်ကြီးထဲမှာ လူငယ်တွေ ဘယ်လို ရုန်းကန်နေကြရသလဲ၊ အဆင့်မြင့်ပညာရေးအတွက် ဘယ်လမ်းကြောင်းတွေကို ရွေးချယ်လျှောက်လှမ်းနေသလဲ၊ ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာတွေသိထားဖို့ လိုအပ်မလဲ စတဲ့ ပညာရေးဆိုင်ရာ သုံးသပ်တင်ပြချက်တွေကို ခုတပတ် လူငယ့်အသံ အစီအစဉ်မှာ ရှုစားသွားရမှာပါ။ ဆယ်တန်းအောင်ရင် ဘယ်လမ်းရွေးမလဲ ငယ်စဉ်ကတည်းက ပညာရေးရည်မှန်းချက် ကြီးမားပေမယ့် မပြေလည်တဲ့ ဘ၀အခြေအနေ၊ တပိုင်တနိုင်အိမ်တွင်းအကြော်စုံလုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုလေးဘ၀ကနေ ရုန်းကန်ကြိုးစားပြီး ထူးချွန်ခဲ့တဲ့ လူငယ်တွေကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာသာ တွေ့ဖူးမြင်ဖူးကြမှာပါ။ တကယ့်လက်တွေ့ဘ၀ထဲမှာတော့ အခြေခံအလွှာ မိသားစုထဲကနေ ရုန်းကန်ကြိုးစားရင်း (၁၀)တန်းမှာ (၄)ဘာသာဂုဏ်ထူးနဲ့ ထူးချွန်အောင်မြင်ပြီး ဆေးကျောင်းအမှတ်မှီနေတဲ့ နယ်မြို့လေးတခုက ကျောင်းသားလေးတယောက်ရဲ့ ဘ၀ပုံရိပ်ကိုလည်း တင်ဆက်ပေးထားပါတယ်။ လူငယ့်အသံ အစီအစဉ်ကို သောကြာနေ့တိုင်းမှာ အသစ်တင်ဆက်ပြီး စနေ၊ တနလာင်္နဲ့ ဗုဒဟူးနေ့တွေမှာလည်း ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ လူငယ့်အသံရဲ့ …Read more »

ကွမ်းယဉ်ကျေးမှု တိုက်ဖျက်နိုင်ပါ့မလား

DVB TV – ကွမ်းယဉ်ကျေးမှု တိုက်ဖျက်နိုင်ပါ့မလား ( စီးပွားရေး ဒီဘိတ် ) “ဥပဒေနဲ့တိုက်ဖျက်မယ်ဆိုရင်တော့အောင်မြင်နိုင်ပါတယ်။ယူအေအီး နိုင်ငံမှာကွမ်းစားရင်ထောင်ဒဏ် အထိရှိတယ်။ကျနော်တို့ဆီမှာလည်း ဟိုးရှေးတုန်းက ရခိုင်ဘုရင်မင်းထီးလက်ထက်မှာပေါ့နော်၊အား လုံးက ကွမ်းစားကြတယ်ထင်တယ်။ဘာလို့လည်းဆိုတော့ကွမ်းစားပြီးရင် တိုင်တွေမှာလျှောက်သုတ် ကြတယ်။ဒီတော့တိုင်တွေညစ်ပတ်ကုန်လို့ ထုံးမသုတ်ရဘူးဆိုပြီးကန့်သတ်လိုက်တယ်။နောက်ဆုံး သူကိုယ်တိုင်ထုံးသုတ်မိလို့ သူ့လက်ချောင်းသူဖြတ်ပြစ်လိုက် တယ်။အဲ့လိုမျိုးသံမဏိအမိန့်ထုတ် နိုင်မလား” – ဒေါက်တာအောင်ထွဋ်ပိုင် “ဒီမိုကရေစီနည်းအရကြည့်မယ်ဆိုရင်တော့ ကျနော့်အမြင်အရပြောရရင် ဒါကလူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့မြင်တယ်။ဒါကြောင့် စားချင်တဲ့သူတွေစားကြပါစေ။စီးပွားရေးနဲ့ပတ်သတ်လို့ ကျနော် ကွမ်းသီးရောင်းဝယ် ရေးလုပ်တာပြီးခဲ့တဲ့၂၀၀၀ခုနှစ်ကတည်းက စခဲ့တာပါ။တစ်နေ့ကို ကွမ်းသီးပိဿချိန်၁၅၀ဝန်းကျင် အရောင်း အဝယ်ဖြစ်တယ်။” – ကိုမျိုးနိုင် (ကွမ်းသီးရောင်းဝယ်ရေး) “ကွမ်းယာကိုမစားပဲမနေနိုင်တဲ့သူတွေရှိသလို မနက်အိပ်ရာထတာနဲ့ ကွမ်းယာနဲ့ မျက်နှာသစ်တဲ့သူတွေ လည်းရှိပါတယ်။ဘာလို့လဲဆိုတော့ ကျနော် ကွမ်းယာရောင်းတဲ့သက်တမ်းတစ်လျှောက်မှာမနက်မိုးလင်းတာ နဲ့ကွမ်းယာကိုမှာထားတဲ့သူရှိသလို အမြဲတမ်း အစဉ်တစိုက်ကွမ်းယာ မှာထားတဲ့သူတွေရှိပါတယ်။ အဲ့လိုရှိတဲ့အတွက်ကွမ်းယာကိုပိတ်ပင် မယ်၊တား မြစ်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့က …Read more »

ကူညီပါရစေ ( ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်သံ )

UNAIDS စာရင်းအရ မြန်မာနိုင်ငံမှာ LGBT နှစ်သိန်းလေးသောင်းကျော်ရှိပါတယ်။ လိင်တူချစ်သူတွေဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပေမယ့်လည်း လူအများစုကတော့ နားလည်းလက်ခံပေးဖို့ ခက်နေဆဲပါ။ လိင်တူချစ်သူတွေဟာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေ နောက်ဆုံး အဓမ္မပြုကျင့်ခံရတာတွေကိုပါ ရင်ဆိုင်နေရပါတယ်၊ ဒီတပတ် ရေဆုံးမြေဆုံးအစီစဉ်မှာ LGBTတွေအပေါ် ရဲတွေရဲ့ အနိုင်ကျင့်မှုတွေကို ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်သံမှာ တင်ဆက်ထားပါတယ်။

သဘာဝဓါတ်မြေသြဇာ

သဘာဝဓါတ်မြေသြဇာ တွေအဖြစ် အသုံးပြုလို့ရနိုင်တဲ့ အသီးအချဉ်ဖောက်လုပ်နည်းနဲ့ အဏုဇီဝပိုးမွေးတဲ့လုပ်နည်း(တနည်းအားဖြင့် EM-1 ) ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 13.10.2017

မိကျောင်းမျက်ရည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြသနာတွေအများကြီးရှိနေပါတယ်။ မြေယာပြသနာတွေဟာ အစိုးရတိုင်းအတွက် ခေါင်းကိုက်စရာအကြောင်းတွေပါ။ အဲ့ဒီမြေယာပြသနာတွေထဲက အငြင်းပွားမှု တခုအကြောင်း ” မိကျောင်းမျက်ရည် ” စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင် Investigative Documentary တင်ဆက်ထားပါတယ်။ သန်းပေါင်းများစွာတန်းဖိုးရှိတဲ့ မြေယာပိုင်ဆိုင်ဖို့အတွက် ချမ်းသားကြွယ်ဝပြီး သြဇာကြီးမားတဲ့ လူနှစ်ဦး အငြင်းပွားနေကြတာပါ။ အဲ့ဒီအငြင်းပွားမှုကြားမှာ အစိုးရဝန်ထမ်းတွေကလည်း အဂတိလိုက်စားမှုတွေရှိနေပါတယ်။ ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ရုပ်သံ အစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားလိုင်းမှာ အောက်ပါအချိန်တွေမှာ ထုတ်လွှင့်ပါတယ်။ Thu _ 18 : 15 PM ( N ) Sat _ 14 : 15 PM ( R ) Mon _ 11: 30 AM …Read more »

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေး

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေးအကြောင်းကို လက်ရှိ အခြေအနေလေးတွေနဲ့ ပေါင်းစပ်ပြီး ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။ DVB TV – 29.09.2017

Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ?

DVB Biz Debate – Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ? “ကိုယ်ကထိပ်ဆုံးမှာနေပြီးတော့အောက်ကလူတွေကိုနင်းတက်တယ် ဆိုတာလက်မခံပါဘူး။ပြီးရင် ကိုယ့်အဖွဲ့ထဲက လူတစ်ဝက် ပဲအောင်မြင်အောင်လုပ်ပေး။ အဲ့ဒါကို လည်းလက်မခံပါဘူး။ ခုနက ပြောသလို ချပြရဲလားဆိုတော့ ချပြရဲပါတယ်။အဲ့တော့ ဒီပွဲပြီးရင် ဘယ်နေရာမှာပြရမလဲရှင့်” ပရိသတ်- ကျော့ကျော့လှိုင်(Sucessmore) “ဥပဒေထုတ်မယ်။ဥပဒေကိုလိုက်နာမှာလားဆိုတော့ ကျနော်ကတော့ လုံးဝမယုံဘူး။ဘာ လို့လဲဆို တော့ သူတို့ကုမ္ပဏီကထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုတောင် အစအဆုံးမဖတ်ထားတဲ့ အသင်းဝင်တွေ အများကြီးပဲ။ကျနော်မျက်နှာချင်းဆိုင်ပြီးမေးလို့ရတယ်။အဲ့တော့ အဲ့လိုလူတွေက ဥပဒေ ကိုဂရုစိုက်မှာ လားဆိုတော့ ရာခိုင်နှုန်းနည်းမယ် ။နောက်တချက်က ဥပဒေကို ဘာကြောင့် ပြတ်ပြတ် သားသား ထွက်စေချင်လဲဆိုတော့ ဒီလိုဥပဒေထုတ်ပြီးတော့စည်းကြပ်ထားရတယ် ဆိုတာကိုအများပြည် သူတွေကသတိထားမိဖို့လိုတယ်။ဒီနေရာမှာ ကျနော်တို့မျှော်လင့်တာက တစ်ခုဘဲ။ဒါက ဆေးလိပ် မကောင်းဘူးဆိုတာ လူတိုင်းသိတယ်။ဒါပေမယ့် ဆေးလိပ်ကုမ္ပဏီတွေကို …Read more »

မြင်းစီးကလပ်

ငယ်စဉ်ကတည်းက မြင်းတွေနဲ့ရင်းနှီးခဲ့ပြီး အင်းလေး ညောင်ရွှေမှာ ငယ်အိပ်မက်တွေကိုအကောင်အထည်ဖော်နေတဲ့ မခူးခူးတို့မိသားစုလေးအကြောင်း ဒီတပတ် ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။