သတင်း

တပတ်လျှင် ၇ ရက် နံနက် ၈ နာရီမှ ည ၉ နာရီအထိ တစ်နာရီခြား တစ်ကြိမ် နောက်ဆုံးရ မြန်မာ့သတင်းနှင့် ကမ္ဘာ့သတင်းများကို တင်ဆက်ပေးနေပါသည်။ သတင်း တင်ဆက်မှုနှင့်အတူ နေ့စဉ် ရာသီဥတုသတင်း၊ နေ့စဉ် စီးပွားရေးသတင်း၊ နေ့စဉ် အားကစားသတင်းများကို တင်ဆက်ပေးနေပါသည်။

Latest
Most Viewed
Most Commented
နောက်ကြောင်းပြန်ဝေဖန်ရေးမလုပ်ဖို့ မီဒီယာကို ဦးခင်ညွန့် သတိပေး

“စနစ်ပေါ်မှာလဲ မူတည်တယ်ကွ၊ ငါတို့ကလဲ အရင်က စစ်အစိုးရလေ၊ စစ်အစိုးရဆိုတော့ စစ်အစိုးရ ပုံစံအတိုင်း လုပ်ရတာ၊ အခုက ဒီမိုကရေစီ စနစ်လေကွ၊ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီ စနစ်အတိုင်း သွားတယ်၊ သို့သော်ငြားလည်း တို့ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်…ဒါဘဲ” ဇွန်လ၂၂ ရက် အ.ထ.က (၁) မရမ်းကုန်း ကျောင်းမှာပြုလုပ်သွားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအကြို လှုပ်ရှားမှု အခမ်းအနားမှာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ဒီဗွီဘီကို ဖြေကြားသွားတာ ဖြစ်ပါတယ်။ ရိုက်ကူး – လေးလေးမွန် DVB TV – 22.06.2015

ပြည်ခရိုင်တွင်း အခြေခံမဲစာရင်းမှာ ရဲတပ်ဖွဲ့ဝင်နဲ့ အိမ်ရာမဲ့များ မပါဝင်သေး

ပဲခူးတိုင်း ပြည်ခရိုင် တခုလုံးမှာ အခြေခံမဲစာရင်းတွေကို ဇွန်လ(၂၂)ရက်နေ့ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီစာရင်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လမ်းဘေးနေ အိမ်ရာမဲ့များ စာရင်းမပါဝင်သေးပါဘူး၊။ ဒီသတင်းကို ကိုမင်းညိုက ပေးပို့ထားပါတယ်။ DVB TV – 19.06.2015

ရန်ကုန်မြို့သစ်စီမံကိန်းအဆို အတည်ပြုပြီးနောက်ပိုင်း မြေဈေးလှုပ်ခတ်

ရန်ုကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးအဆို ရန်ကုန်တိုင်းဒေသကြီးလွတ်တော်မှာ အတည်ပြူပြီးနောက်ပိုင်း စီမံကန်းဧရိယာအတွင်း ပါဝင်နေတဲ့ မြေဈေးတွေ အနည်းငယ်လှုပ်ခတ်လာပါတယ်။ သာနိုးဝေကတင်ဆက်ထားပါတယ်။ DVB TV – 18.06.2015

ပရိသတ်တွေအရမ်းကြားချင်နေတဲ့ သီချင်းတပုဒ်နဲ့ ဖျော်ဖြေချင်သူ

ပရိသတ်တွေ အရမ်းကြားချင်နေတယ်လို့ထင်တဲ့ သီချင်းတပုဒ် ဆိုပြချင်ပါတယ်လို့ ဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းအနီး ပိုလိုမဏ္ဍပ်မှာ ဧပြီ ၁၅ရက် ဖျော်ဖြေမှုမြင်ကွင်းကို တင်ဆက်ပေးထားပါတယ်။ ရိုက်ကူး – လင်းဆက်အောင် DVB TV – 15.04.2015

လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ထိုင်းဒုဗိုလ်ချုပ်ကြီး လာအဖမ်းခံ

လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ ထိုင်းဒုဗိုလ်ချုပ်ကြီးတယောက် အင်္ဂါနေ့က လာရောက် အဖမ်းခံခဲ့ပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။

ဧရာဝတီ သပိတ်ကျောင်းသားတွေ မြန်အောင် ဟင်္သာတမှာ သံချပ်ဖျော်ဖြေ

ဧရာဝတီပညာရေးသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက်(ဧရာဝတီ) သံချပ်အဖွဲ့ဟာ မြန်အောင်နဲ့ ဟင်္သာတမြို့တွေကို ရောက်ရှိဖျော်ဖြေခဲတဲ့သတင်းကို ဒေါ်ခင်မင်းဇော်ပေးပို့ထားပါတယ်။ ရိုက်ကူး ကိုကိုကြည်၊ ပြည့်ဖြိုး ဟင်္သာတ

ယူ ၂၃ မြန်မာဘောလုံးသူရဲကောင်းတွေရဲ့ ဆီးဂိမ်းသွင်းဂိုးများ( ရုပ်သံ)

စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ အကောင်းဆုံးခြေစွမ်းပြပြီး အုပ်စုတွင်း ပြိုင်ဘက် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကဗ္ဘောဒီးယားအသင်းတွေကို စုစုပေါင်း သွင်းဂိုး ၁၄ တိတိ ဂိုးသွင်းယူပေးထားပါတယ်။ အုပ်စုဗိုလ်အဖြစ်ရှုံးပွဲမရှိ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာအသင်းရဲ့ ဆီးဂိမ်းသွင်းဂိုးတွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာ ၂ – ၁ စင်္ကာပူ Goal Highlights

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်မှာ မြန်မာ ယူ-၂၃ အသင်းက စင်္ကာပူအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ၂၄ မိနစ်မှာတော့ စင်္ကာပူ ဂိုးဧရိယာ ဘယ်ခြမ်းမှာ မြန်မာအသင်းက ပြဒဏ်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက သွင်းယူခဲ့ပါတယ်။ ၃၄ မိနစ်မှာတော့ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်သွားလို့ စင်္ကာပူကို ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စင်ကာပူရှေ့တန်းလူ ကျောနံပါတ် ၁၀ က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။ ပွဲစဉ် ၆၁ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကို မြန်မာအသင်းရဲ့ အလယ်တန်းကစားသမား ကျောနံပါတ် ၂၁ ရဲကိုဦးက မြေထောင့်သွင်းယူပြီး ၂-၁ …Read more »

ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်ရဲ့ မျှတမှုအပေါ် မူတည်လို့ NLD ပြော

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မျှတမှုအပေါ် မူတည်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံးဖြတ်မယ်လို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မေသင်္ကြန် သတင်းပေးပို့ထားပါတယ်။ DVB TV – 27.04.2015