သတင်း

တပတ်လျှင် ၇ ရက် နံနက် ၈ နာရီမှ ည ၉ နာရီအထိ တစ်နာရီခြား တစ်ကြိမ် နောက်ဆုံးရ မြန်မာ့သတင်းနှင့် ကမ္ဘာ့သတင်းများကို တင်ဆက်ပေးနေပါသည်။ သတင်း တင်ဆက်မှုနှင့်အတူ နေ့စဉ် ရာသီဥတုသတင်း၊ နေ့စဉ် စီးပွားရေးသတင်း၊ နေ့စဉ် အားကစားသတင်းများကို တင်ဆက်ပေးနေပါသည်။

Latest
Most Viewed
Most Commented
DVB TV – ခြောက်လမ်းသွားလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်းအတွက် ကျူးကျော်တဲတွေကို ရှင်းလင်း

DVB TV – မန္တလေးမြို့ အမရပူရမြို့နယ် ဧရာဝတီမြစ်အနီး မြို့ပတ်လမ်းမှာ ခြောက်လမ်းသွားလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်းအတွက် ကျူးကျော်တဲတွေကို ရှင်းလင်းမူတွေ ပြုလုပ်နေပါတယ်။ ဒီသတင်းကို တာရာက ပေးပို့ထားပါတယ်။

DVB TV – ရွှေပိဿချိန် ၂၀၀ နီးပါးပေးသွင်းဖို့ ကျန်တာကြောင့် ထုတ်လုပ်ခွင့် ယာယီရပ်ဆိုင်း

DVB TV – ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီသုံးခုကို ရွှေပိဿချိန် ၂၀၀ နီးပါးပေးသွင်းဖို့ ကျန်တာကြောင့် ထုတ်လုပ်ခွင့် ယာယီရပ်ဆိုင်း ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ (ဒီသတင်းကို ဦးနေဖြိုးဝင်းက နေပြည်တော်ကနေ ပေးပို့ထား တာပါ) ရိုက်၊ တည်း၊ ဖြတ် – နေဖြိုးဝင်း

DVB TV – လယ်ယာမြေပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တပ်သိမ်းမြေတွေကြောင့် အခက်အခဲတွေရှိ

DVB TV – တပ်မတော်နှင့် ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ သိမ်းဆည်းခံလယ်ယာမြေပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တပ်သိမ်းမြေတွေကြောင့် အခက်အခဲတွေရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လယ်ပြန်စစ်အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို အောင်ကိုလတ်ကပေးပို့ထားပါတယ်။

DVB TV – ရန်ကုန်တိုင်းဒေသကြီးထဲက ၂၅မြို့နယ်မှာမှုခင်းကျဆင်းရေး စီမံချက်သြဂုတ်လ ၁ရက်နေ့စတင်

DVB TV – ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၂၅မြို့နယ်မှာ သြဂုတ်လ ၁ရက်နေ့ကစပြီး မှုခင်းကျဆင်းရေး စီမံချက်ကို စတင်အကောင်အထည်ဖော်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ဒီသတင်း ကိုဇေယျာချမ်းအေးပေးပို့ထားပါတယ်။

့ DVB TV – ၄ ကြိမ်မြောက် မန္တလေး BarCamp ပွဲကို ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်

DVB TV – မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် မန္တလေးတောင်မြောက်ဘက် နည်းပညာတက္ကသိုလ်မှာ နည်းပညာပြပွဲ နဲ့ ၄ ကြိမ်မြောက် မန္တလေး BarCamp ပွဲကို ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်သွားပါတယ်။ အိမ်ခိုင်မြဲက သတင်းပေးပို့ထားပါတယ် ။

YBS ထောက်ကြံ့မှ ဆူးလေထိ ယာဉ်လမ်းကြောင်းသစ် ပြေးဆွဲ

YBS (၃၆)ယာဉ်လိုင်း မှ ထောက်ကြံ့မှဆူးလေထိပြေးဆွဲတဲ့ ယာဉ်လမ်းကြောင်း အသစ်တစ်လိုင်းကို ဇူလိုင်လ(၂၆)ရက်နေ့က စပြီး ပြေးဆွဲပေးနေပါတယ်။ ဒီသတင်းကိုဆုဆုသွယ်ကပေးပို့ထားပါတယ်။ DVB TV – 27.07.2017

ကလေးတစ်ဦးမှာ H1N1 နဲ့ နောက်တစ်ဦးမှာ H3N2 တွေ့ရှိ

ရန်ကင်း ကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်နှစ်ဦးထဲက တစ်ဦးမှာ H1N1 နဲ့ နောက်တစ်ဦးမှာ H3N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒီသတင်းကို ဆုဆုသွယ်ကပေးပို့ထားပါတယ်။ DVB TV – 27.07.2017

H1N1 ရာသီတုပ်ကွေး ရောဂါကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်

H1N1 ရာသီတုပ်ကွေး ရောဂါကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ သူဇာလင်းသတင်းပေးပို့ထားပါတယ်။ DVB TV – 27.07.2017

အကျဉ်းသား လူငယ်တွေ ပညာသင်ယူခွင့် ရမရ သေချာစစ်ဆေးသင့်ဟုဆို

အကျဉ်းသား လူငယ်တွေရဲ့ ပညာသင်ယူခွင့် ရမရ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ သေချာစစ် ဆေးသင့်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ပြပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ကိုအောင်ဆန်းဦးက ပေးပို့ထားတာပါ။ DVB TV – 27.07.2017