MTV

Latest
Most Viewed
Most Commented
တေးဂီတ – ၀လည်းချစ်ပါတယ်

တေးရေး – မန္တလေးသားသူရ တေးဆို – အောင် သီဆိုထားတဲ့ “၀လည်းချစ်ပါတယ်” ဒီသီချင်းလေးကတော့ “ကိုယ့်ကိုယ်ကို ၀တယ်ထင်ပြီး ပိန်ဆေးတွေ မသောက်စေချင်၊ အစားကိုလျှော့မစားစေချင် လှတယ်ဆိုတာ စားလို့မရသလို ၀တယ်ဆိုရင် ဖတ်ထားလို့ရတယ်” ဆိုပြီး ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လောက်ပဲ ၀၀ လှနေပြီး အမြဲချစ်နေမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီသီချင်းလေးကို DVB Entertainment မှာ အပတ်စဉ် တင်ဆက်ပေးနေတဲ့ “တေးဂီတ”အစီအစဉ်မှာ ခံစားကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်

တေးဂီတ : မီးလောင်တောင်ယာ

တေးရေး – ရီမို တေးဆို – အိမ့်ချစ် သီဆိုထားတဲ့ “မီးလောင်တောင်ယာ” မြေမြှုပ်မိုင်းဒဏ်ကြောင့် အပြစ်မဲ့ပြည်သူတွေ ဘ၀တွေဆုံးရှုံူးပြီး မိုးသားတွေရှင်းသန့်တဲ့ ကမ္ဘာမြေဟာ မီးတွေတောက်လောင်ပြီး အစိမ်းရောင်တွေမှိုင်းရင့်ကုန်ပြီး ဘ၀တွေကိုယ်စီ ပင်ပန်းနွမ်းနွယ်ရတဲ့အကြောင်းကို ရေးစပ်သီဆိုထားတဲ့သီချင်းကို ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။

တစ်ခုခုတော့ပြောပါ (တေးဂီတအစီအစဉ်)

MTV တေးဂီတအစီအစဉ် : တစ်ခုခုတော့ပြောပါ တေးရေး – ဘန်နီဖြိုး တေးဆို – ကာကာ၊ ထိန်ဝင်း သီဆိုထားတဲ့ “တစ်ခုခုတော့ပြောပါ” ဒီသီချင်းမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Music မြူးမြူးလေးနဲ့ နားဆင်ကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။ ထုတ်လွှင့်မှုတာဝန်ခံ – သီတာ (DVB)

တေးဂီတ : Freedom From Fear

တေးရေး – Hal St John တေးဆို – Cherrie Anderson, Hal St John တို့သီဆိုထားတဲ့ “Freedom From Fear” ဒီသီချင်းကတော့ လန်ဒန်အခြေဆိုက် Ooberfuse Band အဖွဲ့ရဲ့သီချင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်တည်နေတဲ့ အခြေအနေတွေ ကြောက်ရွံ့မှုတွေကနေ လွတ်မြောက်နိုင်ကြစေဖို့ ဆုတောင်းနေတဲ့အကြောင်း စတာတွေကို music မြူးမြူးလေးနဲ့ သီဆိုထားပုံကို ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။

တေးဂီတ – နှလုံးသားများကိုယ်စား

တေးရေး – အောင်နိုင်ဆန်း တေးဆို – ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ အမွန်း တို့သီဆိုထားတဲ့ “နှလုံးသားများကိုယ်စား” ဒီသီချင်းကတော့ ရေဘေးသင့်ဒဏ်ကြောင့် ခံစားရတဲ့ ဆုံးရှုံးမှုတွေ၊ လိုအပ်နေသူတွေကို စာနာကူညီဖေးမကြဖို့ ကိုယ်စီကိုယ်စွမ်းရှိသလောက် ၀ိုင်းဝန်းလုပ်ဆောင်နိုင်ကြဖို့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ လိုအပ်သူများကို ကူညီနိုင်ကြစေရန်အတွက် ရေးစပ်သီဆိုထားတဲ့ ဒီသီချင်းလေးကို DVB Entertainment မှ အပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိတဲ့ “တေးဂီတ”အစီအစဉ်မှာ ခံစားနားဆင်ကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။

လူငယ်စံ (တေးဂီတအစီအစဉ်)

MTV တေးဂီတအစီအစဉ် : လူငယ်စံ တေးရေး – မန္တလေးသားသူရ တေးဆို – အိချော သီဆိုထားတဲ့ “လူငယ်စံ” ဒီသီချင်းကတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အနာဂတ်လူငယ်များအတွက် ဘယ်လိုမျိုးစံထားသင့်တဲ့သူမျိုးလဲဆိုတာကို ဒီသီချင်းမှာ နားဆင်ရင် ခံစားကြည့်ရှုနိုင်ရန် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။ ထုတ်လွှင့်မှုတာဝန်ခံ – သီတာ (DVB)

လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ် (တေးဂီတအစီအစဉ်)

MTV တေးဂီတအစီအစဉ် : လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ် တေးဆို – လင်းလင်း သီဆိုထားတဲ့ “လူတိုင်း လူ့အခွင့်အရေး ရှိသင့်တယ်” “မတရားမှန်းသိပါလျက်နဲ့” “ပြောခွင့်မရတဲ့ ဘ၀တွေ” “လူဖြစ်ရှုံးနေတဲ့…” သီချင်းကို ကိုယ်တိုင်ခံစားနားဆင်ကြည့်ရှုနိုင်ရန်အတွက် အပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ တေးဂီတအစီအစဉ်မှာ ခံစားကြည့်ရှုနိုင်ပါပြီ။ ထုတ်လွှင့်မှုတာဝန်ခံ – သီတာ (DVB)

“အမြန်သာသာပြန်လာခဲ့” တေးဆို – ဇောင်း

“အဝေးရောက်နေတဲ့ ကောင်မလေးကို လွမ်းဆွတ်တမ်းတ စိုးရိမ်စိတ်တွေနဲ့ သူ့ဆီကို အမြန်ပြန်လာစေချင်ပါတယ်” ကဲ ကောင်လေးက ဘယ်လိုစိုးရိမ်စိတ်တွေ ဖြစ်နေလဲဆိုတာကို တေးရေး-ကိုမြအေး၊ တေးဆို-ဇောင်း သီဆိုထားတဲ့ “အမြန်သာသာပြန်လာခဲ့” သီချင်းလေးကို နားဆင်ရအောင် ထုတ်လွှင့်ပေးလိုက်ပါတယ်။

အဆုံးသတ်တစ်ခုရဲ့ နိဒါန်း (တေးဂီတအစီအစဉ်)

MTV တေးဂီတအစီအစဉ် : အဆုံးသတ်တစ်ခုရဲ့ နိဒါန်း တေးရေး – ကိုမြအေး တေးဆို – နိုးဝေ သီဆိုထားတဲ့ “အဆုံးသတ် တစ်ခုရဲ့နိဒါန်း” ဘယ်လိုသီချင်းစာသားလေးတွေနဲ့ ဖန်တီးပုံဖော် သီဆိုထားလဲဆိုတာကို ခံစားနားဆင်ကြည့်ရှုနိုင်ရန်အတွက် အပတ်စဉ်ထုတ်လွှင့်ပေးနေတဲ့ တေးဂီတအစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။ ထုတ်လွှင့်မှုတာဝန်ခံ – သီတာ (DVB)