MTV

Latest
Most Viewed
Most Commented
လောကဓံကစားပွဲ

တေးရေး အနဒဗ ရေးစပ်သီကုံး ပြီး တေးဆို အနဒဗ ၊ အယ်လ်မိုး တို့သီဆိုထားတဲ့ လောကဓံကစားပွဲ တေးသီချင်းကိုတော့ ၃၀.၄.၂၀၁၅ မှာထုတ်လွင့်ပေးမှာပါ။ မွန်းမွန်းကြပ်ကြပ် နဲ့ အနိမ့် အမြင့် လူ့ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုများ ကိုရေးဖွဲ့ထားတဲ့်သီချင်းလေးတစ်ပုဒ်ပါ။

တစ်ခုခုတော့ပြောပါ (တေးဂီတအစီအစဉ်)

MTV တေးဂီတအစီအစဉ် : တစ်ခုခုတော့ပြောပါ တေးရေး – ဘန်နီဖြိုး တေးဆို – ကာကာ၊ ထိန်ဝင်း သီဆိုထားတဲ့ “တစ်ခုခုတော့ပြောပါ” ဒီသီချင်းမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Music မြူးမြူးလေးနဲ့ နားဆင်ကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။ ထုတ်လွှင့်မှုတာဝန်ခံ – သီတာ (DVB)

တေးဂီတ – ၀လည်းချစ်ပါတယ်

တေးရေး – မန္တလေးသားသူရ တေးဆို – အောင် သီဆိုထားတဲ့ “၀လည်းချစ်ပါတယ်” ဒီသီချင်းလေးကတော့ “ကိုယ့်ကိုယ်ကို ၀တယ်ထင်ပြီး ပိန်ဆေးတွေ မသောက်စေချင်၊ အစားကိုလျှော့မစားစေချင် လှတယ်ဆိုတာ စားလို့မရသလို ၀တယ်ဆိုရင် ဖတ်ထားလို့ရတယ်” ဆိုပြီး ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လောက်ပဲ ၀၀ လှနေပြီး အမြဲချစ်နေမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီသီချင်းလေးကို DVB Entertainment မှာ အပတ်စဉ် တင်ဆက်ပေးနေတဲ့ “တေးဂီတ”အစီအစဉ်မှာ ခံစားကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၂)

ငယ်စဉ်ကတည်း သီချင်းတွေနားထောင်တယ်၊ ဆိုတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်ရမယ်ဆိုတာတွေ မသိပေမယ့်၊ သိလာတဲ့အချိန်မှာ တစ်စိုက်မတ်မတ်နဲ့ Plan-B မထားပဲကြိုးစားခဲ့ရပြီး “ဘဝဆိုတာ ထင်ထားတာထက်ပိုပြီးတိုတယ် လူ့ဘဝကြီးမှာ ကိုယ်လုပ်ချင်တာတွေမလုပ်ရဘဲ ဖြတ်သန်းသွားရမှာထက်စာရင် လုပ်ချင်တာကို ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားရမယ်ဆိုတဲ့” လင်းနစ် (အပိုင်း-၂) ကို တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

တေးဂီတ : မြေမြှုပ်မိုင်း

တေးရေး – စောဖိုးခွား တေးဆို – စောဖိုးခွား ကိုယ်တိုင်ရေးစပ် သီဆိုထားတဲ့ “မြေမြှုပ်မိုင်း” ဒီသီချင်းကတော့ မြေမြှုပ်မိုင်းဒဏ်ကြောင့်ခံစားရတဲ့ ဒုက္ခခံစားရတဲ့ ပြည်သူတွေ နစ်နာသူတွေအကြောင်းကို ရေးစပ်သီဆိုထားတဲ့ဒီသီချင်းကို ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၁)

တစ်ကယ်ခံစားခဲ့ရတဲ့ ခံစားချက်ကို သီချင်းအဖြစ်ပြောင်းလဲလိုက်တယ်။ ကိုယ်ကသူ့ကို လွမ်းနေတယ်ဆိုတာကိုသီချင်းလေးနဲ့ ဖော်ညွှန်းထားတယ်ဆိုပြီး ၊ ဒီဇင်ဘာည သီချင်းကို ဂစ်တာတီးပြီးဆိုပြခဲ့တဲ့ တေးသံရှင် လင်းနစ်။ သူနဲ့တွေ့ဆုံမေးမြန်းထားတဲ့ ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၁) ကို တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

တေးဂီတ : အတူတူ

တေးရေး – ညီအောင် တေးဆို – ညီအောင် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “အတူတူ” “တစ်ဦးနဲ့တစ်ဦး နေရောင်ကြည့်ခြင်း တို့အတူ အမှောင်တွေဖယ်ရှားပြီး အလင်းရောင်တွေထွန်းညှိပြီး ကမ္ဘာမြေငြိမ်းချမ်းရေး ပန်းတိုင်ခရီးအတွက် အတူတူ လက်တွဲလိုက်ကြမယ်” တေးရေး/တေးဆို-ညီအောင် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “အတူတူ” ဆိုတဲ့သီချင်းကို ခံစားကြည့်ရူနိုင်ဖို့ ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၃) နောက်ဆုံးပိုင်း

အရင်ကနားဆင်ဖို့ခက်ခဲခဲ့တဲ့ သီချင်းတချို့ကို လက်ဆင့်ကမ်းတီးဆိုပြတာကိုနားထောင်ပြီးတော့၊ အများအတွက် ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လည်သီဆိုခဲ့တဲ့ အကြောင်းတွေလည်းပြောပြခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ မိုးမိချင်လို့ ဆိုတဲ့ သီချင်းလေးကို DVB Entertainment အတွက် ကိုယ်တိုင်တီးခတ်သီဆိုပေးခဲ့ပါသေးတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

တေးဂီတ : မီးလောင်တောင်ယာ

တေးရေး – ရီမို တေးဆို – အိမ့်ချစ် သီဆိုထားတဲ့ “မီးလောင်တောင်ယာ” မြေမြှုပ်မိုင်းဒဏ်ကြောင့် အပြစ်မဲ့ပြည်သူတွေ ဘ၀တွေဆုံးရှုံူးပြီး မိုးသားတွေရှင်းသန့်တဲ့ ကမ္ဘာမြေဟာ မီးတွေတောက်လောင်ပြီး အစိမ်းရောင်တွေမှိုင်းရင့်ကုန်ပြီး ဘ၀တွေကိုယ်စီ ပင်ပန်းနွမ်းနွယ်ရတဲ့အကြောင်းကို ရေးစပ်သီဆိုထားတဲ့သီချင်းကို ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။