MTV

Latest
Most Viewed
Most Commented
“အမြန်သာသာပြန်လာခဲ့” တေးဆို – ဇောင်း

“အဝေးရောက်နေတဲ့ ကောင်မလေးကို လွမ်းဆွတ်တမ်းတ စိုးရိမ်စိတ်တွေနဲ့ သူ့ဆီကို အမြန်ပြန်လာစေချင်ပါတယ်” ကဲ ကောင်လေးက ဘယ်လိုစိုးရိမ်စိတ်တွေ ဖြစ်နေလဲဆိုတာကို တေးရေး-ကိုမြအေး၊ တေးဆို-ဇောင်း သီဆိုထားတဲ့ “အမြန်သာသာပြန်လာခဲ့” သီချင်းလေးကို နားဆင်ရအောင် ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၃) နောက်ဆုံးပိုင်း

အရင်ကနားဆင်ဖို့ခက်ခဲခဲ့တဲ့ သီချင်းတချို့ကို လက်ဆင့်ကမ်းတီးဆိုပြတာကိုနားထောင်ပြီးတော့၊ အများအတွက် ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လည်သီဆိုခဲ့တဲ့ အကြောင်းတွေလည်းပြောပြခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ မိုးမိချင်လို့ ဆိုတဲ့ သီချင်းလေးကို DVB Entertainment အတွက် ကိုယ်တိုင်တီးခတ်သီဆိုပေးခဲ့ပါသေးတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၁)

တစ်ကယ်ခံစားခဲ့ရတဲ့ ခံစားချက်ကို သီချင်းအဖြစ်ပြောင်းလဲလိုက်တယ်။ ကိုယ်ကသူ့ကို လွမ်းနေတယ်ဆိုတာကိုသီချင်းလေးနဲ့ ဖော်ညွှန်းထားတယ်ဆိုပြီး ၊ ဒီဇင်ဘာည သီချင်းကို ဂစ်တာတီးပြီးဆိုပြခဲ့တဲ့ တေးသံရှင် လင်းနစ်။ သူနဲ့တွေ့ဆုံမေးမြန်းထားတဲ့ ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၁) ကို တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

ဘ၀မှာ Paln-B မထားခဲ့ဘူးဆိုတဲ့ လင်းနစ် (အပိုင်း-၂)

ငယ်စဉ်ကတည်း သီချင်းတွေနားထောင်တယ်၊ ဆိုတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်ရမယ်ဆိုတာတွေ မသိပေမယ့်၊ သိလာတဲ့အချိန်မှာ တစ်စိုက်မတ်မတ်နဲ့ Plan-B မထားပဲကြိုးစားခဲ့ရပြီး “ဘဝဆိုတာ ထင်ထားတာထက်ပိုပြီးတိုတယ် လူ့ဘဝကြီးမှာ ကိုယ်လုပ်ချင်တာတွေမလုပ်ရဘဲ ဖြတ်သန်းသွားရမှာထက်စာရင် လုပ်ချင်တာကို ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားရမယ်ဆိုတဲ့” လင်းနစ် (အပိုင်း-၂) ကို တင်ဆက်ပေးလိုက်ပါတယ်။ တင်ဆက် – သီတာ ရိုက်ကူး – ၀င်းကျော်သူ၊ နန်းသိင်္ဂီ တည်းဖြတ် – အိသူဇာ

လောကဓံကစားပွဲ

တေးရေး အနဒဗ ရေးစပ်သီကုံး ပြီး တေးဆို အနဒဗ ၊ အယ်လ်မိုး တို့သီဆိုထားတဲ့ လောကဓံကစားပွဲ တေးသီချင်းကိုတော့ ၃၀.၄.၂၀၁၅ မှာထုတ်လွင့်ပေးမှာပါ။ မွန်းမွန်းကြပ်ကြပ် နဲ့ အနိမ့် အမြင့် လူ့ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုများ ကိုရေးဖွဲ့ထားတဲ့်သီချင်းလေးတစ်ပုဒ်ပါ။

လွိုင်ကော်လေပြေ

တေးရေး ကိုမြအေး ရေးစပ်သီကုံး ပြီး တေးဆို ဒီမို ရဲ့ လွိုင်ကော်လေပြေ တေးသီချင်းကိုတော့ ၃၀.၄.၂၀၁၅ မှာထုတ်လွင့်ပေးမှာပါ။ လွိုင်ကော်မြို့ ရဲ့ ဒီဇင်ဘာနေ့လည်မှာ အမှတ်မထင်ပဲတိုက်တဲ့လေပြေ အကြောင်းကိုရေးဖွဲ့ထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ပါ။

အပြာရောင် သက္ကရာဇ်များ MTV (၅ နိုဝင်ဘာ ၂၀၁၃)

အပြာရောင် သက္ကရာဇ်များ MTV (၅ နိုဝင်ဘာ ၂၀၁၃) 88 မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမြအေး ရေးသားသီကုံးပြီး မကြာမီ ထွက်ရှိတော့မယ့် အပြာရောင်သက္ကရာဇ်များ MTV အတွက် တွေ့ ဆုံမေးမြန်းထားတာပါ။ ဒီ MTV မှာ ဒီမွန် (တေးသံရှင် ထူးအိမ်သင်၏ညီ) ၊ ဇောင်း ၊ နိုးဝေးတို့ သီဆိုထားပါတယ်။ အပြာရောင် တွေဝတ်ခဲ့ရတဲ့နေ့ တွေအတွက် အမှတ်တရ ပြန်ပြောင်းခံစားထားသလို ဖခင်မေတ္တာကို ဖော်ကျူးထားတဲ့ သီချင်းတွေ အပြင် အချစ် အလွမ်းသီချင်းတွေနဲ့  ရသ မျိုးစုံ ခံစားရမယ့် MTV တွေပါ။ ရိုက်ကူး – ညိုမာသက် ၊ ဇော်ရန်နိုင် တည်းဖြတ် – win …Read more »

“ဗိုလ်ချုပ်ဖခင်” ဂုဏ်ပြုအငြိမ့်သဘင် (၁၉ ဇူလိုင် ၂၀၁၃)

“ဗိုလ်ချုပ်ဖခင်” ဂုဏ်ပြုအငြိမ့်သဘင်

အလေးပြုပါတယ် – တေးဆို – မေလှမြိုင်

အလေးပြုပါတယ် (၁၉ ဇူလိုင် ၂၀၁၃) တေးရေး- ဂစ်တာတင်အုန်း တေးဆို- မေလှမြိုင်