ခေတ်သစ်လယ်ယာ

မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံနှစ်ပုံ ပါဝင်ပတ်သက်နေတဲ့ စိုက်ပျိုးမွေးမြူရေးလောကမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ အကျပ်အတည်းတွေရှိနေလဲ၊ ဘယ်လို အဖြေရှာသင့် ဘယ်လို ပြုပြင်ပြောင်းလဲသင့်မလဲ၊ ကိုယ်တွေ့ လက်တွေ့ အခြေအနေတွေကို ရှုစားရမယ့် ခေတ်သစ်လယ်ယာ စိုက်ပျိုးရေး အစီအစဉ်သစ် ဖြစ်ပါတယ်။

Latest
Most Viewed
Most Commented
သဘာဝဓါတ်မြေသြဇာ

သဘာဝဓါတ်မြေသြဇာ တွေအဖြစ် အသုံးပြုလို့ရနိုင်တဲ့ အသီးအချဉ်ဖောက်လုပ်နည်းနဲ့ အဏုဇီဝပိုးမွေးတဲ့လုပ်နည်း(တနည်းအားဖြင့် EM-1 ) ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 13.10.2017

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေး

မြန်မာ တိုင်းရင်းကြက် စနစ်တကျ မွေးမြူရေးအကြောင်းကို လက်ရှိ အခြေအနေလေးတွေနဲ့ ပေါင်းစပ်ပြီး ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။ DVB TV – 29.09.2017

အင်းလေးဒေသ အင်းသီး ခေါ် ကျွမ်းမျှော ခရမ်းချဉ် စိုက်ပျိုးရေး

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မှာတော့ အင်းသီး လို့ခေါ်တဲ့ ကျွမ်းမျှော ခရမ်းချဉ်ကို စိုက်ပျိုးကြပြီး အခုနောက်ပိုင်းမှာတော့ ဓာတုလျော့ချရေးနည်းစနစ်တွေနဲ့ တောင်သူအချို့လုပ်ဆောင်နေပါပြီ။ ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ အင်းလေးဒေသက ခရမ်းချဉ်သီးစိုက်တောင်သူတွေရဲ့ အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။ DVB TV – 23.06.2017

ပြင်ဦးလွင်မြို့ အနီးတဝိုက်က ပန်းစိုက်တောင်သူတို့ အခြေအနေ

DVB TV – ပြင်ဦးလွင်မြို့ အနီးတဝိုက်က ပန်းစိုက်တောင်သူတို့ အခြေအနေနှင့် တို့ခေတ်လယ်ယာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍတွေထဲမှာ ပန်းစိုက်ပျိုးမှုကလည်း အရေးပါလှပါတယ်။ ဘုရားပန်းကပ်တဲ့ဓလေ့ဟာလည်း မြန်မာလူမျိုးတို့ရဲ့ ရှေးကတည်းက ရှိခဲ့တဲ့ အစဉ်အလာတခုပါ။ မြန်မာနိုင်ငံမှာလည်း ပန်းအမျိုးအစားပေါင်းများစွာကို စိုက်ပျိုးကြပါတယ်။ အဲဒီ့ထဲကမှ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ထဲမှာရှိတဲ့ ပန်းစိုက် တောင်သူတွေရဲ့အကြောင်းကို ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 09.06.2017

နှစ်ရှည်ပင် စိုက်ပျိုးနေသူတို့အကြောင်း

DVB TV – နှစ်ရှည်ပင် စိုက်ပျိုးနေသူတို့အကြောင်း သစ်တောသစ်ပင်ဆိုတာ လူသားတို့အတွက် ရတနာတပါးပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော သစ်တောပြုန်းတီးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုသစ်တောသစ်ပင်တွေကို အနာဂတ်စီးပွားရေးအတွက်ရော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ရော နှစ်ရှည်ပင် တွေ စိုက်ပျိုးနေသူတွေအကြောင်း ဒီတပတ်တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

တခြားသီးနှံတွေကြားထဲမှာ ရောပြီးစိုက်ပျိုးရတဲ့ ပဲဇင်းငုံ တို့ခေတ်လယ်ယာ

တခြားသီးနှံတွေကြားထဲမှာ ရောပြီးစိုက်ပျိုးရတဲ့ ပဲဇင်းငုံ ……. မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာက ပဲဇင်းငုံစိုက်တောင်သူတွေ ဘယ်လို အခက်အခဲတွေကြုံတွေ့နေရလဲဆိုတာကို ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 12.05.2017

DVB TV – ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ငါးမွေးမြူရေး

DVB TV – မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး မွေးမြူ ကဏ္ဍအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ ခေတ်သစ်လယ်ယာအစီအစဉ်က ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ငါးမွေးမြူရေး အကြောင်း ကိုကြည့်ရှုရမှာပါ။

DVB TV – အင်းမကျေးရွာထဲက အသားတိုးကြက်တွေကို မွေးမြူထုတ်လုပ်နေသူတွေရဲ့အကြောင်း

DVB TV – ဈေးကွက်ထဲမှာတော့ စားသုံးသူတွေဟာ ကြက်သားတပိသာကို ၅ထောင် ၆ထောင်နဲ့ ပေးဝယ်စားနေရပါတယ်။ ဒီအသားတိုးကြက်တွေကို မွေးမြူထုတ်လုပ်နေသူတွေရဲ့ အခြေအနေတွေကို ဒီတပတ် ခေတ်သစ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

မြေပဲစိုက်တောင်သူတွေ အကြောင်း ခေတ်သစ်လယ်ယာ

မြန်မာလူမျိုးတို့ရဲ့ မုန့်ပဲသရေစာထဲမှာရော ဟင်းရံထဲမှာရော ပါဝင်တဲ့သီးနှံ၊ တိုင်းပြည်ရဲ့ ပြည်ပ၀င်ငွေကို အတိုင်းအတာတခုထိ ရှာဖွေပေးတဲ့ သီးနှံ၊ မြန်မာနိုင်ငံ အလယ်ပိုင်းက ဆီထွက်သီးနှံတခုဖြစ်တဲ့ မြေပဲစိုက်တောင်သူတွေ အကြောင်းကို ခေတ်သစ်လယ်ယာ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 13.01.2017