စာပေအနုပညာ

literature

Latest
Most Viewed
Most Commented
စာအုပ်တန်းမှာလမ်းလျှောက်ခြင်းအစီအစဉ်

တကယ်တော့ စာဖတ်ဖို့ဟာ တကယ်လိုအပ်တယ်။ စာဖတ်တဲ့အလေ့ ရှိဖို့လည်း လိုအပ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကလေးတွေကို ဦးတည်တယ်။ ကလေးတွေ စာဖတ်တဲ့အလေ့ကို ပျိုးထောင်တဲ့အနေနဲ့ mobile library လေးတွေကို ဖွင့်ဖြစ်တာပါ။ တစ်နိုင်ငံလုံးအနေနဲ့တော့ သိပ်မအောင်မြင်သေးဘူးလို့ ပြောရမယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ကိုယ့်ဟာကိုလုပ်တဲ့ အနေအထား တစ်ခုတော့ အားရတယ်ပေါ့။ ပညာရေးစနစ်က စာကြည့်တိုက်အသုံးပြု ပညာရေးစနစ် မဟုတ်သေးသမျှတော့ စာကြည့်တိုက်က အောင်မြင်ဖို့ မဟုတ်ဘူးဆိုတော့ ဒီပညာရေးစနစ်ကို ပြောင်းဖို့လိုတယ်။ ကျောင်းစာကြည့်တိုက်တွေရှိဖို့ လိုတယ်။ အဲ့ဒါဆိုရင်တော့ ကျွန်တော်ထင်ပါတယ် ဒီ ၂ နှစ် ၃ နှစ်အတွင်းမှာပဲ လျင်လျင်မြန်မြန် တိုးတက်လာမယ်လို့ ထင်ပါတယ်။ကိုမောင်မောင်စိုး (ဗဂျီအိမ်ရွေ့လျားစာကြည့်တိုက်) တင်ဆက် – နေရီရီ ရိုက်ကူး – မင်းမင်း၊ မိုးပြည့် …Read more »

အွန်လိုင်းစာပေလောကတစ်ခုပေါ်ပေါက်လာပေမဲ့ရသစာပေ၊စာအုပ်တွေ ပျောက်ကွယ်သွားမှာမဟုတ်

အွန်လိုင်းစာပေလောကတစ်ခုပေါ်ပေါက်လာပေမဲ့ရသစာပေ၊စာအုပ်တွေကတော့မျိုးတုန်းပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ စာပေအသိုင်းအဝိုင်း ကပြောပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။

စာရေးဆရာ ကျော်ရင်မြင့်၏ စာပေဟောပြောဆွေးနွေးခြင်းအပိုင်း(၂)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စာရေးဆရာ ကျော်ရင်မြင့်၏ စာပေဟောပြောဆွေးနွေးခြင်းအပိုင်း(၂)

စာအုပ်တန်းမှာလမ်းလျှောက်ခြင်းအစီအစဉ်

စာအုပ်တန်းမှာလမ်းလျှောက်ခြင်းအစီအစဉ် မြန်မာဘာသာပြန်စာအုပ်တွေ ထပ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ စာရေးဆရာတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူဘာပြန်လို့ ပြန်နေမှန်းမသိတာလည်း ပါလိမ့်မယ်။ မသိလို့တိုက်ဆိုင်သွားတာမျိုးပေါ့။ ဟိုအရင်ကလည်း ကြုံဖူးပါတယ် ဒါပေမယ့် အခုတော့ ပိုများလာတာပေါ့။ တစ်ချို့ကလည်း ဈေးကွက်အလိုအရပေါ့ လူစိတ်ဝင်စားမယ့် အကြောင်းမျိုးတွေကို မြန်မြန် ထွက်ချင်တဲ့အခါကျတော့ တစ်ချို့ထုတ်ဝေသူတွေက ကိုယ်နဲ့နီးစပ်တဲ့ ဘာသာပြန်ဆရာတွေကို အပ်ကြတယ်ပေါ့။ အပ်ကြတဲ့အခါမှာ စောစောက ပြောသလို မလိုလားအပ်တဲ့ ထပ်ကုန်တာတွေ ဖြစ်ကုန်တယ်ပေါ့။ ဒီနိုဗို (စာရေးဆရာ) အခုကျတော့ လူငယ်တွေကလည်း ခေတ်ပြိုင် နိုင်ငံတကာစာပေတွေကို ဖတ်ချင်လာတဲ့စိတ်က ပြင်းပြလာတယ်။ အဲ့အချိန်ကျတော့ ဈေးကွက်မှာလည်း ဒါက လိုအပ်ချက်ကြီး တစ်ခုဖြစ်လာပြီ။ အဲ့တော့ ကျွန်တော့်အနေနဲ့ဆိုလည်း ဘာသာပြန်ရတာ အားရလာတယ်ပေါ့။ ကိုယ်ရေးတဲ့စာကို ဖတ်တဲ့သူရှိလာတော့။ အဲ့လိုမျိုးလေးတွေတော့ စိတ်ကျေနပ်မှုရှိတယ်။ အရင်တုန်းကဆိုရင်တော့ ဒီလိုစာအုပ်တွေကို …Read more »

စောမြရာဇာလင်းရဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် စောမြရာဇာလင်းရဲ့ ကလောင်နာမည် ခိုင်ဉာဏ်လင်း (မယူကမ်းအောင်ဆိပ်) အနေနဲ့ရေးသားထားတဲ့ ကဗျာတွေကို စုစည်းထုတ်ဝေတဲ့ မြိုင်ညိုနန်းမှလွမ်းခြင်းများ ကဗျာစာအုပ် မိတ်ဆက်ပွဲကို စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုအောင်ပေးပို့ထားပါတယ်။

ရေးဆရာ ကျော်ရင်မြင့်၏ စာပေဟောပြောဆွေးနွေခြင်း အပိုင်း(၁)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စာရေးဆရာ ကျော်ရင်မြင့်၏ စာပေဟောပြောဆွေးနွေခြင်း အပိုင်း(၁)

သင့်နော်၏ စာပေဟောပြောဆွေးနွေးခြင်း အပိုင်း(၂)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စာရေးဆရာ သင့်နော်၏ စာပေဟောပြောဆွေးနွေးခြင်း အပိုင်း(၂)

စာအုပ်တန်းမှာလမ်းလျှောက်ခြင်းအစီအစဉ်

စာအုပ်တန်းမှာလမ်းလျှောက်ခြင်းအစီအစဉ် ကျဆင်းတယ် တိုးတက်တယ်ဆိုတာကို ပြောရတာထက် ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် အရင်တုန်းက ကျွန်တော်တို့ရဲ့ ရသဘာသာပြန်စာအုပ်တွေကို ထုတ်ဝေချင်တဲ့သူတွေ မရှိခဲ့ဘူး။ အခုတော့ ထုတ်ဝေချင်တဲ့သူတွေ ပေါ်လာပြီ။ ဆိုလိုချင်တာကတော့ စာဖတ်တဲ့သူလည်း ရှိလာပြီ။ ဒါက အကောင်းဘက်က ပြန်တွေးတာပေါ့။ မိုးသက်ဟန် (ဘာသာပြန်စာရေးဆရာ) ရသဘာသာပြန်စာပကေို ကျဆင်းတယ်လို့တော့ မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရသစာပေဆိုတာ တခြားစာပေနဲ့ ယှဉ်ရင် ကမ္ဘာမှာလည်း လူနည်းစုပဲ ဖတ်တဲ့ အမျိုးအစားပေါ့။ အရင်ကနဲ့ နှိုင်းယှဉ်ရင် ဆရာမြသန်းတင့်တို့ ဆရာမောင်ထွန်းသူတို့ ဆရာထင်လင်းတို့လို ဘာသာပြန်ဆရာကြီးတွေ မရှိတော့တဲ့နောက်ပိုင်း မျိုးဆက်ပြတ်သွားသလို ကျွန်တော်တို့လည်း ဖတ်စရာမရှိတော့ဘူး ဖြစ်သွားတယ်။ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့လည်း ဖတ်တဲ့သူပါပဲ။ ဒါပေမယ့် ဖတ်စရာ တဖြည်းဖြည်း ရှားလာတော့ စမ်းပြန်ရင်း ပြန်ရင်းနဲ့ပဲ ပြန်ဖြစ်သွားတဲ့ သဘောပါ။ …Read more »

စာရေးဆရာ သင့်နော်၏ စာပေဟောပြောဆွေးနွေးခြင်း အပိုင်း(၁)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စာရေးဆရာ သင့်နော်၏ စာပေဟောပြောဆွေးနွေးခြင်း အပိုင်း(၁)