နိုင်ငံတကာ

Latest
Most Viewed
Most Commented
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်ကို ရေအောက်မှာ စမ်းသပ်ပစ်လွှတ်နေတာ ကြည့်နေတဲ့ ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာက ဇွန် ၄ ရက်နေ့မှာ ထုတ်လွှင့်ပြသပါတယ်။ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်ရတဲ့ ပဲ့ထိန်းဒုံးကျည်ကို ရေအောက်မှာ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့တယ်လို့ မေလ ၉ ရက်နေ့ကလည်း ကြေညာခဲ့ပါသေးတယ်။ တကယ်လို့ မှန်ခဲ့ရင် လျှို့ဝှက်တဲ့ အထီးကျန် မြောက်ကိုရီးယားဟာ ဒုံးကျည်တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာမှာ တိုးတက်မှုရခဲ့တဲ့ ပြယုဂ်ဖြစ်လာမှာပါ။ ဒီစမ်းသပ်မှုကို ကင်ဂျုံအန်းက ကမ်းလွန်ပင်လယ်တနေရာကနေ ကြီးကြပ် ကွပ်ကဲနေခဲ့တယ်လို့ ဆိုဆိုပါတယ်။ ဒါပေမယ့် စမ်းသပ်ပစ်လွှတ်တဲ့ နေရာနဲ့ အချိန်ကိုတော့ အစိုးရမီဒီယာက အသေးစိတ် မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် နည်းပညာကို သုံးစွဲမှုရော တိုးတက်အောင် ထုတ်လုပ်မှုကိုပါ မလုပ်ဖို့ …Read more »

အာကာသကြည့် ကမ္ဘာ့အကြီးဆုံး မှန်ပြောင်း တည်ဆောက်ခွင့်ရပြီ (ရုပ်သံ)

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျမယ့် အာကာသကြည့် ကမ္ဘာ့အကြီးဆုံး မှန်ပြောင်းကြီးကို တည်ဆောက်ခွင့်ကျပြီလို့ မဂျယ်လန် အာကာသမှန်ပြောင်းကြီး တည်ဆောက်ရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ ဒီအာကာသကြည့်မှန် ပြောင်းကြီးကို တည်ဆောက်ဖို့ နိုင်ငံတကာအဖွဲ့အစည်း ၁၁ ဖွဲ့က ပါဝင်မှာ ဖြစ်ပြီး ချီလီနိုင်ငံမှာရှိတဲ့ တောင်ထိပ်တခုမှာ တည်ဆောက်မှာပါ။ မှန်ဘီလူးမှာ တပ်ဆင်မယ့် မှန် ၇ ချက်ဟာ ၂၅ မီတာ အကျယ်ရှိပြီး လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ မှန်ဘီလူးတွေထက် ၆ ဆ ပိုမြင်နိုင်မယ်လို့ ဆိုပါတယ်။ တည်ဆောက်ပြီးသွားရင်တော့ လက်ရှိ အာကာသမှာ လွှင့်တင်ထားတဲ့ အာကာသ မှန်ပြောင်းထက် ၁၀ ဆ ပုံရိပ်တွေကို ပြတ်ပြတ်သားသားမြင်ရမယ်လို့လည်း ဆိုပါတယ်။ အားလုံးတည်ဆောက်ပြီးသွားရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကုန်ကျလိမ့်မယ်လို့လည်း …Read more »

ယူကရိန်းစစ်တပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲ ပြင်းထန်

ယူကရိန်းခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါ့ညက်စ်မြို့အနောက်ပိုင်းမှာ ယူကရိန်းစစ်တပ်နဲ့ သူပုန်တပ်ဖွဲ့တွေ ဇွန် ၃ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားတယ်လို့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုပါတယ်။ ဒေါ့ညကစ်မြို့ပြင် အစိုးရစစ်တပ်တပ်စွဲထားတဲ့နေရာတွေကို သူပုန်တွေက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က စွပ်စွဲ ပါတယ်။ ဇွန် ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေက ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရ အန်ဒီလီဆင်ကိုက သတင်းထောက်တွေကို ပြောဆိုပါတယ်။ သူပုန်တွေရဲ့ ထိုးစစ်ကို လက်ရှိ အချိန်အထိတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေက တားဆီး နိုင်ထားတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း ပြောဆိုပါတယ်။ အတည်မပြုနိုင်တဲ့သတင်းအရ ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရပြီး …Read more »

အီကွေဒေါရှိ ၀ုဖ်မီးတောင် ပေါက်ကွဲ

အီကွေဒေါနိုင်ငံ ဂါလာပါဂိုကျွန်းစုတွေပေါ်က ဝုဖ်မီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ချော်ရည်တွေ ထွက်လာပုံမှတ်တမ်းတွေကို တွေ့ရတာပါ။ မီးတောင်ဟာ ဇွန် ၁ ရက်နေ့ကတည်းက စပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဒေသတွင်းက ပန်းရောင်ပုတ်သင်ညိုတွေကို ခြိမ်းခြောက်မယ့် အလားအလာ ရှိတယ်လို့ အမျိုးသားဥယျာဉ်က ပြောပါတယ်။ မီးတောင်ကနေ စီးကျလာတဲ့ ချော်ရည်တွေက ပင်လယ်ထဲ ကျနေပြီး ဒီမီးတောင် မလှုပ်ရှားခဲ့တာ ၃၃ နှစ် ရှိပြီးလို့ ဥယျာဉ်က ပြောပါတယ်။ အစ်စာဘေလာကျွန်းပေါ်က ၁.၁မိုင်မြင့်တဲ့ ဝုဖ်မီးတောင်ဆီကို ၁၈၃၅ ခုနှစ်က ချားလ်စ် ဒါဝင် လာရောက် လည်ပတ်အပြီး အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်မှု သီအိုရီကို ထုတ်နိုင်ဖို့ အကူအညီ ဖြစ်ခဲ့ပါတယ်။ ပန်းမန်း သားရိုင်းတိရစ္ဆာန် ပေါင်းစုံ အမျိုးကွဲတွေ ကြွယ်ဝတဲ့ နေရာလဲ ဖြစ်ပါတယ်။ …Read more »

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှား အစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှား အစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှားကမ္ဘာ တစ်လွှားအစီအစဉ်

(ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ မေလ ၂၂ ရက်နေ့မှာ တနှစ်ပြည့်ပါတယ်၊ စစ်အုပ်ချုပ်ရေး တနှစ်တာ ကာလ ထိုင်းနိုင်ငံရေး ဘယ်ကို ဦးတည်နေသလဲ။ ဒီမိုကရေစီ စနစ် ဘယ်လို ပုံစံမျိုးနဲ့ ပြန်လည် အသက်ဝင်လာမလဲ။ အနာဂတ်မှာ ထိုင်း စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လို ရှိမလဲ ဆိုတာတွေကို ဒီတပတ် တင်ဆက်ပေးထားပါတယ်)) တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှား အစီအစဉ်

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှား အစီအစဉ် ((ဒီနေ့ ကမ္ဘာမှာ လူဦးရေ သန်း ၅၀ လောက်ဟာ ပြည်တွင်း၊ ပြည်ပမှာ ဒုက္ခသည်တွေ ဘ၀ရောက်နေကြပါတယ်၊ ဒုတိယ ကမ္ဘာ့ စစ်ပြိးကတည်း အခုလောက် ဒုက္ခသည် အရေအတွက် တခါမှ အများခဲ့ပါဘူး။ ပြည်တွင်းစစ်ကြောင့်၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့်၊၊ ခွဲခြားဖိနှိပ်ခံရမှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေထဲ ထွက်ပြေးကြရသူတွေပါ။ ဒါပေမယ့် အဲဒီ အိမ်ချင်းနိုင်ငံတွေမှာလည်း ဒုက္ခသည်တွေကို လက်ခံဖို့ အကန့်အသတ်တွေ ရှိပါတယ်။ ဒီတပတ်မှာတော့ ရေကြည်ရာ မျက်နုရာ ရှာဖွေကြတဲ့ ဒုက္ခသည်တွေ အကြောင်းကို တင်ဆက်ပေးသွားပါမယ်။။ )) တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှေစီးဒုက္ခသည်များအရေး နိုင်ငံတကာနဲ့ထပ်တူ မြန်မာစိုးရိမ်

လတ်တလော နိုင်ငံတကာသတင်းတွေမှာ ဆက်တိုက် ဖော်ပြနေတဲ့ လှေစီးဒုက္ခသည်များအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ထပ်တူ စိုးရိမ်မှုရှိတယ်လို့ နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ သာနိုးဝေက တင်ဆက်ထားပါတယ်။ DVB TV – 20.05.2015

လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာက ၄၃ ယောက်ပါကြောင် အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားကိုရောက်ရှိနေတဲ့ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လာတဲ့သူ ၄၃ ယောက်ပါတယ်လို့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိက ပြောပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 19.05.2015