နိုင်ငံတကာ

Latest
Most Viewed
Most Commented
ဂျပန် အစိုးရက ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည် လုံခြုံရေး အစီရင်ခံစာမှာ ဒေသတွင်းမှာ တရုတ်ရဲ့ ခြေလှမ်းတွေဟာ စိုးရိမ်

ဂျပန် အစိုးရက ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည် လုံခြုံရေး အစီရင်ခံစာမှာ ဒေသတွင်းမှာ တရုတ်ရဲ့ ခြေလှမ်းတွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ ဖိအားတွေ တိုးနေချိန်မှာ အခု အစီရင်ခံစာ ထွက်ပေါ်လာတာပါ၊၊ အကြောင်းစုံ သိရအောင် နိုင်ငံတကာသတင်းတွေ တင်ဆက်ပေးနေတဲ့ ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ခုံရုံးမှာ ဖြေရှင်းဖို့ ကြိုးစားတာထက် တရုတ်နဲ့ ဖိလစ်ပိုင်တို့ နှစ်နိုင်ငံကြားမှာပဲ ညှိနှိုင်းဖို့ တရုတ်က ဖိလစ်ပိုင်ကို တောင်းဆိုလိုက်ပါတယ်။တောင်တရုတ်ပင်လယ်ပြင် အားလုံးနီးပါးကို တရုတ်က အပိုင်လိုချင်နေတာဟာ တခြား နိုင်ငံတွေရဲ့ အခွင့်အရေးကိုနင်းခြေတာဆိုပြိး ဖိလစ်ပိုင်က နယ်သာလန် နိုင်ငံ သဟိတ်မှာ ရှိတဲ့ ကုလသမဂ္ဂခုံရုံးမှာ အမှုဖွင့်ထားပါတယ် ကြည့်ကြရအောင်ပါရှင်။

အီရန် နယူးကလီးယား အရေး ဆွေးနွေးနေတာ သဘောတူညီချက် ရရှိ

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြားမှာ အီရန် နယူးကလီးယား အရေး ဆွေးနွေးနေတာ သဘောတူညီချက် ရရှိသွားပါပြီ၊ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းလဲပေးနိုင်တဲ့ သဘောတူညီချက်ရရှိဖို့ ဆယ်စုနှစ်တခုကျော်ကြာ ညှိနှိုင်းခဲ့ရတာပါ၊၊ အဲ့ဒီ့အခြေအနေတွေ ပက်သက်ပီး နိုင်ငံတကာသတင်းတွေ တင်ဆက်နေတဲ့ ဦးနေသွင်ညိမ်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

ဂရိ ကြွေးမြီ အကြပ်အတည်းကိုဖြေရှင်းဖို့ အကျိတ်အနယ်ဆွေးနွေး

ဂရိ ကြွေးမြီ အကြပ်အတည်းကိုဖြေရှင်းဖို့ ယူရိုဇုန် နိုင်ငံတွေ ဘရက်ဆဲလ်မှာ နာရီပေါင်းများစွာ အကျိတ်အနယ် ဆွေးနွေးပြီး သဘောတူညီချက် ရရှိသွားပါပြီ၊၊ ဂရိ နိုင်ငံအတွက် တတိယအသုတ် ထောက်ပံ့ငွေကို ထုတ်ပေးဖို့ ယူရိုဇုန် နိုင်ငံတွေက ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ နောက်ဆုံး အခြေအနေကို သိရအောင် နိုင်ငံတကာ သတင်းတွေ တင်ဆက်ပေးနေတဲ့ ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။ (၁) ယူရိုဇုန်က ဘယ်လို ပုံစံနဲ့ ဂရိကို ချေးငွေ ထုတ်ပေးမှာလဲ။ (၂) ၂ ပတ်ကြာ ပိတ်ထားတဲ့ ဂရိ ဘဏ်တွေ ဖွင့်နိုင်တော့မယ့် သဘောလား။။ (၃) လုပ်ငန်းစဉ်အရ နောက်တဆင့်က ဘာတွေ ဆက်ဖြစ်မလဲ၊၊

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘတစ်လွှားအစီအစဉ် ယူနက်စကို အသိအမှတ်ပြု ကမ္ဘာအမွေအနှစ် နယ်မြေ ၁၀၀၀ ကျော်ဟာ နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ရှိပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ဒေသပေါင်းစုံက နယ်မြေပေါင်း ၂ ဒါဇင်လောက်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်လိုက်ပါတယ်။ အာရှဒေသထဲမှာဆိုရင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့က ယဉ်ကျေးမှုဆိုင်ရာ နယ်မြေတွေ ပါဝင်ပါတယ်၊ ဘယ်လို နယ်မြေတွေလဲ ဆိုတာကို ကြည့်ရအောင်ပါရှင်၊ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ထိုင်းမြန်မာ ဗီဇာ ကင်းလွတ်ခွင့် နောက်ဆုံးအဆင့်လက်မှတ်ထိုးရန် စီစဉ်

ထိုင်း-မြန်မာ နှစ်နိုင်ငံကို ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ သွားနိုင်ဖို့ နောက်ဆုံးအဆင့်လက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။ ခင်နှင်းဖြူစိုးက ပေးပို့ထားတာပါ။ DVB TV – 28.06.2015

ဒေသတွင်းစီးပွားရေး ကွာဟမှု လျော့ကျရေး ၄နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပ

ဒေသအတွင်းစီးပွားရေး ကွာဟမှု လျော့ကျရေးအတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးကျင်းပခဲ့ပါတယ်။ ခွန်သဘာ တင်ဆက်ထားပါတယ်။ DVB TV – 23.06.2015

အမေရိကန် စက်ရုပ်ပြိုင်ပွဲတွင် တောင်ကိုရီးယားစက်ရုပ် ပထမဆုဆွတ်ခူး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နည်းပညာအဆင့်မြင့် စက်ရုပ်စွမ်းဆောင်ရည်ပြိုင်ပွဲတခုကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပခဲ့ပြီး အခုနှစ်အတွက် ပထမဆုကို တောင်ကိုရီးယားစက်ရုပ်က ဆွတ်ခူးသွားပါတယ်။ အခုနှစ်ပြိုင်ပွဲကို ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားစက်ရုံပေါက်ကွဲမှုပုံစံမျိုး၊ အခက်ခဲဆုံး အခြေအနေမှာ အတားအဆီးတွေကို ကျော်လွှားပြီး ညွန်ကြားချက်တွေကို လုပ်ဆောင်ရတဲ့ ပြိုင်ပွဲပါ။ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ဒီအာရ်စီ ဟူဘို (DRC HuBo) ဆိုတဲ့ စက်ရုပ်က တခြားပြိုင်ပွဲဝင်စက်ရုပ် ၂၂ ရုပ်ကို အနိုင်ယူပြီး အမေရိကန်ဒေါ်လာ ၂ သန်းတန် ပထမဆု ဆွတ်ခူးရရှိသွားတာပါ။ စက်ရုပ်တွေဟာ လူသားတွေရဲ့ ထိန်းချုပ်မှုကို လျော့ပြီး ကားမောင်းတာနဲ့ လှေကားထစ်လို မြေပြင်မညီမညာတွေမှာ ဖြတ်သန်းစေပြီး အချိန် …Read more »

တရုတ်နဲ့မြန်မာဆက်ဆံရေးပိုမိုအားကောင်းဖို့ ဒေါ် အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးသွား

တရုတ်နဲ့မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာဘို့အတွက် ဒေါ် အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားရောက်ရခြင်းဖြစ်တယ်လို့ NLD ရဲ့ပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက် ပါတယ်။ဒီ သတင်းကိုမေသင်္ကြန်ပေးပို့ထားပါတယ်။