နိုင်ငံတကာ

Latest
Most Viewed
Most Commented
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတဆင့် ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှု တရုတ် ထောက်ခံ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေတဆင့် ပြဿနာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံက ကြိုးပမ်းနေတာကို တရုတ်က ထောက်ခံကြောင်းနဲ့ တိုးတက်မှုအသစ်တွေကို မြင်ရဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က အလေးအနက် ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ DVB TV – 23.04.2015

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို သူတော်စင် အဖြစ်ကြေညာ

ဘဝတခုလုံးကို အဆင်းရဲဆုံးလူတွေကို ကူညီရာမှာ နှစ်မြှုပ်ထားခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ သူတော်စင် အဖြစ် ဗာတီကန် နန်းတော်က သောကြာနေ့က အသိ အမှတ်ပြု ကြေညာလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အမိန့်ကို အတည်ပြုခဲ့တာပါ။ မာသာထရီစာဟာ အသက် ၈၇နှစ်အရွယ် ၁၉၉၇ခုနှစ်က သေဆုံးခဲ့တာပါ။ ၂၀၀၃ခုနှစ်က ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က မာသာထရီဇာကို သူတော်သူမြတ်အဖြစ် ချီးကျူး ခဲ့ပါတယ်။ ဒါပေမယ့် သူတော်စင်အဖြစ် အသိအမှတ်ပြု ခံရဖို့ နောက်ဆုံးအဆင့်အနေနဲ့ အံ့သြဘနန်း ဖြစ်ရပ် တခု လိုနေတာပါ။ ဦးနှောက် အကြိတ် အတော်များများကြောင့် နာမကျန်းဖြစ်နေတဲ့ ဘရာဇီး အမျိုးသား တယောက်ကို ဆေးကုသ ပေးမှုကြောင့် သူတော်စင် …Read more »

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် အရင်တုန်းက ဗြိတိန်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့တဲ့ စင်္ကာပူဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ သီးခြားခွဲထွက်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ကမ္ဘာ့နိုင်ငံတွေက အတုယူလေးစားရတဲ့ စီးပွားရေး၊ လူမှုရေးစံနမူနာ နိုင်ငံတနိုင်ဖြစ်လာခဲ့တဲ့အထိ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်ယုရဲ့ ကြိုးပမ်းမှု သမိုင်းနဲ့ စင်္ကာပူ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး စီးပွားရေး လှုပ်ရှားမှု သမိုင်းတွေကိုလဲ လေ့လာကြည့်ကြရအောင်ပါရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှားကမ္ဘာ တစ်လွှားအစီအစဉ်

(ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ မေလ ၂၂ ရက်နေ့မှာ တနှစ်ပြည့်ပါတယ်၊ စစ်အုပ်ချုပ်ရေး တနှစ်တာ ကာလ ထိုင်းနိုင်ငံရေး ဘယ်ကို ဦးတည်နေသလဲ။ ဒီမိုကရေစီ စနစ် ဘယ်လို ပုံစံမျိုးနဲ့ ပြန်လည် အသက်ဝင်လာမလဲ။ အနာဂတ်မှာ ထိုင်း စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လို ရှိမလဲ ဆိုတာတွေကို ဒီတပတ် တင်ဆက်ပေးထားပါတယ်)) တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ရွှေ့ပြောင်း အလုပ်သမားအရေး အဓိကထား ကာကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေကို အကာအကွယ်ပေးဖို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်၊ ခွန်ဘသာ သတင်းပေးပို့ထားပါတယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

နေစွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာ

မန္တလေးကို ရောက်ရှိနေတဲ့ ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ တရုတ်နိုင်ငံကို မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက ဆက်လက် ထွက်ခွာသွားပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။

ဂရိ ကြွေးမြီ အကြပ်အတည်းကိုဖြေရှင်းဖို့ အကျိတ်အနယ်ဆွေးနွေး

ဂရိ ကြွေးမြီ အကြပ်အတည်းကိုဖြေရှင်းဖို့ ယူရိုဇုန် နိုင်ငံတွေ ဘရက်ဆဲလ်မှာ နာရီပေါင်းများစွာ အကျိတ်အနယ် ဆွေးနွေးပြီး သဘောတူညီချက် ရရှိသွားပါပြီ၊၊ ဂရိ နိုင်ငံအတွက် တတိယအသုတ် ထောက်ပံ့ငွေကို ထုတ်ပေးဖို့ ယူရိုဇုန် နိုင်ငံတွေက ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ နောက်ဆုံး အခြေအနေကို သိရအောင် နိုင်ငံတကာ သတင်းတွေ တင်ဆက်ပေးနေတဲ့ ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။ (၁) ယူရိုဇုန်က ဘယ်လို ပုံစံနဲ့ ဂရိကို ချေးငွေ ထုတ်ပေးမှာလဲ။ (၂) ၂ ပတ်ကြာ ပိတ်ထားတဲ့ ဂရိ ဘဏ်တွေ ဖွင့်နိုင်တော့မယ့် သဘောလား။။ (၃) လုပ်ငန်းစဉ်အရ နောက်တဆင့်က ဘာတွေ ဆက်ဖြစ်မလဲ၊၊

လယ်တောအိမ်စောင့်ကို ခွေးကြီးက ကြောက်မက်ဖွယ်ကိုက်သတ် (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ဟရားနားပြည်နယ်က ပန်နီပက်မြို့မှာ လယ်တောအိမ်စောင့်တဦးကို ရော့တ်ဝဲလာ ခွေးကြီးက ရက်ရက်စက်စက် ကိုက်သတ်လိုက်ပါတယ်။ လယ်တောအိမ်စောင့်ကို ကိုက်သတ်ပြီး အလောင်းပေါ်မှာ စောင့်ကြည့်နေတဲ့ ခွေးကြီးကို မြင်ပြီး ရဲတွေလည်း ထိတ်လန့်သွားတယ်လို့ သည်ဆန်းရဲ့ မေလ ၁၂ ရက်သတင်းမှာ ဖော်ပြထားပါတယ်။ လယ်တောအိမ်စောင့် မာနီရမ်က မနက် ၅ နာရီခွဲလောက် အလုပ်က ပြန်လာပြီး အိမ်စောင့်ခွေးကို ကြိုးဖြည်လွှတ်ပေးချိန်မှာ ခွေးက သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အားသန်ပြီး ရက်စက်လှတဲ့ ခွေးကြီးက အသက် ၅၂ နှစ်အရွယ် မာနီရမ်ရဲ့ လည်ပင်းကိုကိုက်ပြီး အသေသတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခွေးက ကိုက်သတ်ပြီးနောက် မရပ်ပဲ မာနီရမ်ရဲ့ မျက်နှာကို တိုက်ခိုက်၊ လက်တွေနဲ့ ရင်ဘတ်က …Read more »