နိုင်ငံတကာ

Latest
Most Viewed
Most Commented
လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှားအစီအစဉ်

အခုတခေါက် စင်ကာပူရဲ့ ရွေးကောက်ပွဲဟာ ထူးခြားပါတယ်။ အာဏာရပါတီဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မဲဆန္ဒနယ် အားလုံးမှာ အတိုက်အခံတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် ဒီတခေါက် ရွေးကောက်ပွဲဟာ စင်ကာပူအတွက် အချိုးအကွေ အပြောင်းအလဲ တခု ဖြစ်ပြီး တပါတီ လွှမ်းမိုးတဲ့ စနစ်ကနေ ပိုပြီး ဒီမိုကရေစီ ကျတဲ့ နိုင်ငံရေးစနစ် ဖြစ်အောင် တွန်းပို့နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ကြည့်ကြရအောင်ပါရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် ၂၀၁၅ ခုနှစ်ဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးတာ နှစ် ၇၀ ပြည့်တဲ့ နှစ်ပတ်လည် နှစ်လဲ ဖြစ်ပါတယ်။ အင်အားကြီး နိုင်ငံတွေ ခေတ်မီလက်နက်တွေ သုံးပြီး တိုက်ခိုက်ခဲ့ကြတဲ့ စစ်ကြီးဟာ လူသားသမိုင်းမှာ အသေအပျောက်အများဆုံး စစ်ပွဲကြီး ဖြစ်ခဲ့သလို၊ ခေတ်သစ် ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းကိုလည်း ဖန်တီး မွေးဖွားပေးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ထဲက ထူးခြားတဲ့ အဖြစ်အပျက်တွေကို တင်ဆက်ပေးထားပါတယ်ရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

သမ္မတ ဦးသိန်းစိန် ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြားက နိုင်ငံရေး အဖုအထစ်တွေကို ဖြေလျော့ဖို့ ဦးတည်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ် ။ ဒီသတင်းကို စိုးရက ပေးပို့ထားပါတယ်။ DVB TV – 02.09.2015

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် အရင်တုန်းက ဗြိတိန်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့တဲ့ စင်္ကာပူဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ သီးခြားခွဲထွက်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ကမ္ဘာ့နိုင်ငံတွေက အတုယူလေးစားရတဲ့ စီးပွားရေး၊ လူမှုရေးစံနမူနာ နိုင်ငံတနိုင်ဖြစ်လာခဲ့တဲ့အထိ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်ယုရဲ့ ကြိုးပမ်းမှု သမိုင်းနဲ့ စင်္ကာပူ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး စီးပွားရေး လှုပ်ရှားမှု သမိုင်းတွေကိုလဲ လေ့လာကြည့်ကြရအောင်ပါရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော် မနှစ်တုန်းက မစ်ဇူရီ ပြည်နယ်ထဲမှာ ရှိတဲ့ ဖာဂူဆန်မြို့မှာ လက်နက်မပါတဲ့ လူမည်း ဆယ်ကျော်သက်ကို လူဖြူရဲအရာရှိက သေနတ်နဲ့ပစ်ခဲ့တာကို အကြောင်းပြုလို့ အမေရိကန် ပြည်ထောင်စု တ၀ှမ်းမှာ ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒပြပွဲတွေ၊ မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပါတယ်၊ တနှစ်ကြာသွားတဲ့ အခုအချိန်အထိလည်း ရဲတွေနဲ့ လူမည်းတွေကြားထဲမှာ ဆက်ဆံရေး ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ တောင်းဆိုမှုတွေကတော့ ကျယ်ကျယ်လောင်လောင် ဆက်ရှိနေဆဲပါ။ ကြည့်ကြရအောင်ပါရှင်။

လူပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လူပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လူပ်လူပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လူပ်လူပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် ဒီတပတ်တော့ လူသားသဘာဝ တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ စိတ်ကူးဉာဏ်တွေနဲ့ ဆန်းသစ် တီထွင် ဖန်တီးထားတဲ့ ထုတ်လုပ်မှု အသစ်တွေကို တင်ဆက်ပေးထားပါတယ်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ထိုင်း မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ရမည်

လာမယ့် သြဂုတ်လကုန်ပိုင်းလောက်မှာ ထိုင်း-မြန်မာနှစ်နိုင်ငံ ဗီဇာ မလိုဘဲ ၁၄ရက် သွားလာခွင့် စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ ခွန်ဘသာ တင်ဆက်။

ဘရွန်ဒီ နိုင်ငံရေး ရွေးကောက်ပွဲ

အဓိက အတိုက်အခံတွေ သပိတ်မှောက်ထားတဲ့ သမတ ရွေးကောက်ပွဲကို အာဖရိက တိုက်ထဲက ဘရွန်ဒီ နိုင်ငံမှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲက အကြပ်အတည်းဆိုက်နေတဲ့ ဘူရွန်ဒီ နိုင်ငံရေးအတွက် အဖြေဖြစ်နိုင်မလား၊ ဒါမှမဟုတ် ပိုဆိုးသွားမလား၊ နိုငိငံတကာ သတင်းမီဒီယာတွေက ဘယ်လို သုံးသပ်နေကြသလဲဆိုတာကို သိရအောင် ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။