နိုင်ငံတကာ

Latest
Most Viewed
Most Commented
ဆန်းတိုဒိုမင်ဂိုဆိပ်ကမ်းတွင် သင်္ဘောကြီးတစီး ဆိပ်ခံတံတားကို ဝင်တိုက် (ရုပ်သံ)

ဒိုမီနီကန်ရီပက်ဘလစ်နိုင်ငံ ဆန်းတိုဒိုမင်ဂိုမြို့တော်မှာ ဆိပ်ခံတံတားကို သင်္ဘောကြီးတစီးက ဝင်တိုက်မှုဖြစ်ခဲ့ပြီး ဆိပ်ကမ်းမှာ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မေ ၁၈ ရက်နေ့ မနက်က ဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ ကီဒန်လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးက ဆိပ်ခံတံတားကြီးနဲ့ ဒန်ဒီဂိုဂိတ်မှာ ရှိနေတဲ့ ကုန်သေတ္တာတော်တော်များများကို ဝင်တိုက်ခဲ့တာကို မြင်ရမှာပါ။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရဘူးလို့ သိရပါတယ်။ သတင်းထုတ်ပြန်မှုတွေအရ သင်္ဘောကြီးက ဆန်းတိုဒိုမင်ဂို ဆိပ်ကမ်းကို ရောက်ရောက်ခြင်း အရှိန်လျှော့ခုတ်မောင်းရတဲ့ နေရာမှာ ဆိပ်ကမ်းကပ်ချိန် ဒီလိုဆိပ်ကမ်းကို ဝင်ရောက်တိုက်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ရုပ်သံထဲမှာတော့ သဘောင်္ကြီးက ရှေ့ဆက်တိုးလာလို့ ဆိပ်ကမ်းဝန်ထမ်းတွေက လုံခြုံရာဆီ ကစဥ့်ကလျား ထွက်ပြေးနေတာကို မြင်ရပါတယ်။ ဖယ်ရီဒယ်ကရစ်ဘီ ကုမ္ပဏီက ခုတ်မောင်းနေတဲ့ ဒီသဘော်ကီးက ဆန်းဂျုဝမ် ပေါ်တူဂီနဲ့ ဆန်းတိုဒိုမင်ဂိုမြို့တွေကို ပြေးဆွဲ …Read more »

၂၀၁၅ဟာ အာဆီယံအတွက် သမိုင်းမှတ်တိုင် စိုက်ထူမယ့်နှစ်လို့ ပြော

ဒီနှစ်အကုန်မှာ အာဆီယံ အသိုင်းအ၀န်းတခု တစုတစည်းတည်း ပေါ်ပေါက်လာမှာ ဖြစ်လို့ ၂၀၁၅ ဟာ အာဆီယံအတွက် သမိုင်းမှတ်တိုင် စိုက်ထူတဲ့ နှစ်ဖြစ်လိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 27.04.2015

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ကို မတ်လ ၁၂ ရက်နေ့ က ဖွင့်လှစ်

တစ်နှစ်လျင်ခရီးသွား၆သန်းအထိ ၀န်ဆောင်မူ့ ပေး နိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ကို မတ်လ ၁၂ ရက်နေ့ က ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေးပေးပို့ထားပါတယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် ဒီလအတွင်း သီရိလင်္ကာ စင်္ကာပူ သြစတြေးလျနဲ့ ဂရိနိုင်ငံတွေက အာဏာအလွှဲအပြောင်း ဖြစ်စဉ်တွေ ရွေးကောက်ပွဲ အခြေအနေ အလား အလာတွေကို စုစည်းတင်ဆက်ပေးထားပါတယ် ရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ယူကရိန်းစစ်တပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲ ပြင်းထန်

ယူကရိန်းခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါ့ညက်စ်မြို့အနောက်ပိုင်းမှာ ယူကရိန်းစစ်တပ်နဲ့ သူပုန်တပ်ဖွဲ့တွေ ဇွန် ၃ ရက်နေ့က တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားတယ်လို့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုပါတယ်။ ဒေါ့ညကစ်မြို့ပြင် အစိုးရစစ်တပ်တပ်စွဲထားတဲ့နေရာတွေကို သူပုန်တွေက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က စွပ်စွဲ ပါတယ်။ ဇွန် ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေက ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရ အန်ဒီလီဆင်ကိုက သတင်းထောက်တွေကို ပြောဆိုပါတယ်။ သူပုန်တွေရဲ့ ထိုးစစ်ကို လက်ရှိ အချိန်အထိတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေက တားဆီး နိုင်ထားတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း ပြောဆိုပါတယ်။ အတည်မပြုနိုင်တဲ့သတင်းအရ ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရပြီး …Read more »

DVB TV – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်

DVB TV – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေရိကန်ခရီးစဉ်မှာ စစ်ရေးကိစ္စတချို့ ဆွေးနွေးမှုပြု လုပ်နိုင်တယ်လို့ နိုင်ငံရေးလေ့ လာသူတွေကခန့်မှန်းပါတယ်။ ဒီသတင်းကိုေ ဇယျာ ချမ်းအေးပေးပို့ထားပါတယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

မုန်တိုင်း Maysak အတွက် ဖိလစ်ပိုင်မှာ အရေးပေါ် ပြင်ဆင်

လာမယ့်စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို အင်အားပြင်းမုန်တိုင်းတလုံး ထပ်မံ ၀င်ရောက်ဖို့ရှိနေအတွက် ဖိလစ်ပိုင်နိုင်ငံမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပြင်ဆင်နေရ ပြန်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း Maysak ဟာ လက်ရှိတနာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံအရှေ့ဖက် မိုင် ၇၀၀ အကွာမှာတိုက်ခတ်နေပြီး အနောက်မြောက်ဖက်ကို ရွေ့လျားနေပါတယ်။

ဘရွန်ဒီ နိုင်ငံရေး ရွေးကောက်ပွဲ

အဓိက အတိုက်အခံတွေ သပိတ်မှောက်ထားတဲ့ သမတ ရွေးကောက်ပွဲကို အာဖရိက တိုက်ထဲက ဘရွန်ဒီ နိုင်ငံမှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲက အကြပ်အတည်းဆိုက်နေတဲ့ ဘူရွန်ဒီ နိုင်ငံရေးအတွက် အဖြေဖြစ်နိုင်မလား၊ ဒါမှမဟုတ် ပိုဆိုးသွားမလား၊ နိုငိငံတကာ သတင်းမီဒီယာတွေက ဘယ်လို သုံးသပ်နေကြသလဲဆိုတာကို သိရအောင် ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။