နိုင်ငံတကာ

Latest
Most Viewed
Most Commented
ရေဘုရင်မိကျောင်းကို ရေထဲမှာ ပြန်လည်တိုက်ခိုက်သည့် ခြင်္သေ့ (ရုပ်သံ)

ခြင်္သေ့တကောင်ဟာ မိကျောင်းတကောင်ရဲ့အနံ့ကို ရပေမယ့် မြစ်ချောင်းကို မကူးမဖြစ် ကူးဖြတ်ရမယ့်အတွက် ရေထဲကဖြတ်ပြီး ဆင်းကူးခဲ့ပါတယ်။ ရေထဲက သားကောင်ချောင်းနေတဲ့ မိကျောင်းကလည်း ခြင်္သေ့ရေထဲ ဆင်းဆင်းချင်း နောက်ကနေ လိုက်ပါတော့တယ်။ မိကျောင်းကြီးက ခြင်္သေ့ရဲ့ လည်ကုတ်ကို လှမ်းဟပ်လိုက်ချိန်မှာ ၂ ကောင်လုံး ရေထဲနှစ်မြှုပ်သွားပြီး မိချောင်းစာဖြစ်သွားပြီလို့ ထင်ရတဲ့ ခြင်္သေ့က မိကျောင်းပါးစပ်ကလွတ် ရေပေါ်ချက်ခြင်းပေါ်ကာ အမြန်ကူးခတ်ပြီး လွတ်မြောက်သွားတာကို မတ် ၂၅ ရက်နေ့ကတင်ထားတဲ့ ရုပ်သံထဲမှာ မြင်ရပါတယ်။ နောက်ထပ်ရုပ်သံမြင်ကွင်း တခုထဲမှာတော့ ရေထဲကူးဖြတ်လာတဲ့ ခြင်္သေ ၂ ကောင် နောက်ကို မိကျောင်းက လိုက်လံတိုက်ခိုက်ခဲ့ပြီး ခြင်္သေတကောင် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ချိန်မှာ အခြားတကောင်ကတော့ နောက်က လိုက်လာတဲ့ မိကျောင်းနဲ့ လွတ်မြောက်ရေးအတွက် အသေအကြေ တိုက်ခိုက်ခဲ့ရတာပါ။ နောက်ဆုံးမှာ မိကျောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ …Read more »

အာဆီယံထိပ်သီးညီလာခံမှာ မြန်မာဒုက္ခသည်အရေး ထည့်သွင်းဆွေးနွေး

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ ဒုက္ခသည်အရေးတွေလည်း ထည့်သွင်းဆွေးနွေးတဲ့ သတင်းကို ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 27.04.2015

Live – နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့မှာ တိုးမြှင့်လိုက်တဲ့ နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထားဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားက ရန်သူလို သဘောထားပြီး လက်ဦးမှုယူ တိုက်ခိုက်မယ့် နိုင်ငံတွေထဲမှာ ဂျပန် အပြင် တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။ မြောက်ကိုရီးယားရဲ့ စစ်ရေးပြင်ဆင်မှု သတင်းတွေက နိုင်ငံတကာသတင်းတွေမှာ နေရာယူလာတာတွေ့ နေရပါတယ်။ အခုလို အခြေနေတွေ နဲ့ ပက်သက်ပြီး နိုင်ငံတကာသတင်းတွေ တင်ဆက်နေတဲ့ ဦးနေသွင်ကို တိုက်ရိုက်မေးမြန်းကြည့်ပါမယ်။ DVB TV Live – 04.03.2016

လှုပ်လှုပ်ရှားရှား ကမ္ဘာတစ်လွှားအစီအစဉ်

အခုတခေါက် စင်ကာပူရဲ့ ရွေးကောက်ပွဲဟာ ထူးခြားပါတယ်။ အာဏာရပါတီဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မဲဆန္ဒနယ် အားလုံးမှာ အတိုက်အခံတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် ဒီတခေါက် ရွေးကောက်ပွဲဟာ စင်ကာပူအတွက် အချိုးအကွေ အပြောင်းအလဲ တခု ဖြစ်ပြီး တပါတီ လွှမ်းမိုးတဲ့ စနစ်ကနေ ပိုပြီး ဒီမိုကရေစီ ကျတဲ့ နိုင်ငံရေးစနစ် ဖြစ်အောင် တွန်းပို့နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ကြည့်ကြရအောင်ပါရှင်။ တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

အီကွေဒေါရှိ ၀ုဖ်မီးတောင် ပေါက်ကွဲ

အီကွေဒေါနိုင်ငံ ဂါလာပါဂိုကျွန်းစုတွေပေါ်က ဝုဖ်မီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ချော်ရည်တွေ ထွက်လာပုံမှတ်တမ်းတွေကို တွေ့ရတာပါ။ မီးတောင်ဟာ ဇွန် ၁ ရက်နေ့ကတည်းက စပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဒေသတွင်းက ပန်းရောင်ပုတ်သင်ညိုတွေကို ခြိမ်းခြောက်မယ့် အလားအလာ ရှိတယ်လို့ အမျိုးသားဥယျာဉ်က ပြောပါတယ်။ မီးတောင်ကနေ စီးကျလာတဲ့ ချော်ရည်တွေက ပင်လယ်ထဲ ကျနေပြီး ဒီမီးတောင် မလှုပ်ရှားခဲ့တာ ၃၃ နှစ် ရှိပြီးလို့ ဥယျာဉ်က ပြောပါတယ်။ အစ်စာဘေလာကျွန်းပေါ်က ၁.၁မိုင်မြင့်တဲ့ ဝုဖ်မီးတောင်ဆီကို ၁၈၃၅ ခုနှစ်က ချားလ်စ် ဒါဝင် လာရောက် လည်ပတ်အပြီး အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်မှု သီအိုရီကို ထုတ်နိုင်ဖို့ အကူအညီ ဖြစ်ခဲ့ပါတယ်။ ပန်းမန်း သားရိုင်းတိရစ္ဆာန် ပေါင်းစုံ အမျိုးကွဲတွေ ကြွယ်ဝတဲ့ နေရာလဲ ဖြစ်ပါတယ်။ …Read more »

နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပြည်သူ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ နည်းလမ်း

နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပြည်သူ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ မှန်ကန်တဲ့ နည်းလမ်းအတိုင်း သွားစေလိုတယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်ကပြောပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် တူရကီ ရှေ့နေသေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ တူရကီလက်ဝဲစွန်းအုပ်စုက ဖမ်းဆီးထားတဲ့ အစိုးရရှေ့နေတဦးဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့တွေက မတ် ၃၁ ရက်က အစွန်းရောက်တွေ စီးနင်းထားတဲ့ ရုံးခန်းကို ၀င်ရောက် စီးနင်းရာမှာ ရရှိထားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သလို ဖမ်းဆီးသူ ၂ ဦး သေဆုံးတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ တော်လှန်သော လူထုလွတ်မြောက်ပါတီ (DHKP-C) က ရှေ့နေရဲ့ ဦးခေါင်းကို သေနတ်နဲ့ ချိန်ထားပြီး တောင်းဆိုချက်တွေ မလိုက်လျောရင် ပစ်သတ်မယ်ဆိုတဲ့ ဓာတ်ပုံကို ထုတ်ဝေခဲ့ပါတယ်။ တူရကီသမ္မတ တာရစ်အာဒိုဂန်ကတော့ ဖမ်းဆီးခံရှေ့နေ မယ်မက် ဆလင်းကီရာဇ်က ဦးခေါင်းမှာ ၃ ကြိမ် အပစ်ခံရသလို ခန္ဓာကိုယ်မှာ ၂ ကြိမ် အပစ်ခံထားရတယ်လို့ ပြောပါတယ်။ အရေးပေါ်ခွဲစိတ်ဖို့ ဆေးရုံကို …Read more »

ဂျပန် အစိုးရက ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည် လုံခြုံရေး အစီရင်ခံစာမှာ ဒေသတွင်းမှာ တရုတ်ရဲ့ ခြေလှမ်းတွေဟာ စိုးရိမ်

ဂျပန် အစိုးရက ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည် လုံခြုံရေး အစီရင်ခံစာမှာ ဒေသတွင်းမှာ တရုတ်ရဲ့ ခြေလှမ်းတွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ ဖိအားတွေ တိုးနေချိန်မှာ အခု အစီရင်ခံစာ ထွက်ပေါ်လာတာပါ၊၊ အကြောင်းစုံ သိရအောင် နိုင်ငံတကာသတင်းတွေ တင်ဆက်ပေးနေတဲ့ ကိုနေသွင်ညိဏ်းကို မေးကြည့်ပါမယ်။