နိုင်ငံတကာ

Latest
Most Viewed
Most Commented
Live – နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့မှာ တိုးမြှင့်လိုက်တဲ့ နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထားဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားက ရန်သူလို သဘောထားပြီး လက်ဦးမှုယူ တိုက်ခိုက်မယ့် နိုင်ငံတွေထဲမှာ ဂျပန် အပြင် တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။ မြောက်ကိုရီးယားရဲ့ စစ်ရေးပြင်ဆင်မှု သတင်းတွေက နိုင်ငံတကာသတင်းတွေမှာ နေရာယူလာတာတွေ့ နေရပါတယ်။ အခုလို အခြေနေတွေ နဲ့ ပက်သက်ပြီး နိုင်ငံတကာသတင်းတွေ တင်ဆက်နေတဲ့ ဦးနေသွင်ကို တိုက်ရိုက်မေးမြန်းကြည့်ပါမယ်။ DVB TV Live – 04.03.2016

မော်လမြိုင် မြို့ကို ဖို့ထ်ဝိန်းမြို့နဲ့ ညီအမမြို့အဖြစ် အတည်ပြုလက်မှတ်ထိုး

မော်လမြိုင် မြို့ကို အမေရိကန်ပြည်ထောင်စုက ဖို့ထ်ဝိန်းမြို့နဲ့ ညီအမမြို့အဖြစ် သတ်မှတ်ဖို့ နှစ်ဖက်မြို့တော်ဝန်တွေ အတည်ပြုလက်မှတ်ထိုးလိုက်ပါပြီ။ ဦးကျော်စိုး သတင်းပေးပို့ထားပါတယ်။ DVB TV – 05.02.2016

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို သူတော်စင် အဖြစ်ကြေညာ

ဘဝတခုလုံးကို အဆင်းရဲဆုံးလူတွေကို ကူညီရာမှာ နှစ်မြှုပ်ထားခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ သူတော်စင် အဖြစ် ဗာတီကန် နန်းတော်က သောကြာနေ့က အသိ အမှတ်ပြု ကြေညာလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အမိန့်ကို အတည်ပြုခဲ့တာပါ။ မာသာထရီစာဟာ အသက် ၈၇နှစ်အရွယ် ၁၉၉၇ခုနှစ်က သေဆုံးခဲ့တာပါ။ ၂၀၀၃ခုနှစ်က ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က မာသာထရီဇာကို သူတော်သူမြတ်အဖြစ် ချီးကျူး ခဲ့ပါတယ်။ ဒါပေမယ့် သူတော်စင်အဖြစ် အသိအမှတ်ပြု ခံရဖို့ နောက်ဆုံးအဆင့်အနေနဲ့ အံ့သြဘနန်း ဖြစ်ရပ် တခု လိုနေတာပါ။ ဦးနှောက် အကြိတ် အတော်များများကြောင့် နာမကျန်းဖြစ်နေတဲ့ ဘရာဇီး အမျိုးသား တယောက်ကို ဆေးကုသ ပေးမှုကြောင့် သူတော်စင် …Read more »

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှေစီးရွှေ့ပြောင်းသူများအရေး ကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းဖို့လို

လှေစီးရွှေ့ပြောင်းသူများအရေး ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို ဦးမျိုးမင်းဦးက ပေးပို့ထားပါတယ်။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နဲ့နောင်ချိုမြို့ဂုတ်ထိပ်တံတားကိုလည်ပတ်သူရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နဲ့နောင်ချိုမြို့ကြားမှာတည်ရှိတဲ့ကမ္ဘာကျော်ဂုတ်ထိပ်တံတားကို လာရောက်လည်ပတ်သူတွေနေ့စဉ်ရှိနေပါတယ်။ ငြိမ်းမိုးနောင်သတင်းပေးပို့ထားပါတယ်။ ရိုက်ကူးငြိမ်းမိုးနောင်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်